
ဟိုတစ်လောက RFA မြန်မာဌာနက၊ ကြော်မကောင်း ကြားမကောင်း၊ လင်ငယ်
မယားငယ်လုတဲ့ကိစ္စသတင်း ထွက်လာခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။
အဲဒိမြန်မာဌာနမှာ..လူလည်လုပ်ပြီး သူများသားမယားကျူး လွန်နေတဲ့ ခင်မောင်ဆိုးဟာ ဘယ်သူဘယ်ဝါလဲဆိုတာ ပရိတ်သတ် သိအောင် တစ်စေ့တစ်စောင်းပြောပြခြင်ပါတယ်။
ပြောရတာလဲကောင်းသတင်းမဟုတ်တော့မပြောခြင်ပါဘူး၊ ဒါပေမယ့်..ဟိတ် ကြီးဟန်ကြီးလုပ်ပြီး မြန်မာပြည်သူတွေကို နေ့စဉ်အသံလွင့်နေတဲ့ သူဟာ၊ တရားမရှိသူ၊ နောက်ကြောင်းမရှင်းသူ လိမ်ညာဟန်ဆောင်ထားသူတစ်ဦးဖြစ်
တဲ့အတွက် လက်မခံနိုင်ပါဘူး၊ အများပြည်သူအနေနဲ့ သိသင့်သိထိုက် တာတွေ
ကိုသိထားမှ၊ အလိမ်အညာ မခံရမှာမဟုတ်ပါလား။ ဒါကြောင့် “ဆိုရေးရှိကဆိုအပ်လှ၏”
ဆိုတဲ့အတိုင်း ပြောစရာ ရှိတာလေးတွေ ကိုတော့ ပြောမှဖြစ်ပါတော့မယ်။
ခင်မောင်စိုး ဆိုတာ၊ ရန်ကုန် မှော်ဘီတိုက်ကြီးက…ဗလီဆရာ..အစ္စလမ် ဘာသာရေး အကြီးအကဲတစ်ဦးရဲ့သားဖြစ်ပါတယ်။
သူ့ရဲ့ဖခင် ဗလီဆရာဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကွယ်လွန်သွားပါပြီး။
မယုံရင်...ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက သူ့ဆရာတွေ မြတ်ခိုင်တို့
ဦးမျိုးမြင့်ငြိမ်း တို့လို လူတွေကိုမေးကြည့်နိုင်ပါတယ်။
ခင်မောင်ဆိုးမှာရှိတဲ့ အကျင့်ဆိုးတစ်ခုက..(သူ့အတွက်တော့
အရည်အခြင်း တစ်ခုပေါ့လေ) ..လူတစ်ဦးတစ်ယောက်ကို အစောပိုင်းမှာ
မိတ်ဆွေဖွဲ့ ပြီး၊ နေရာလေးတစ်နေရာ ရအောင်လုပ်တတ်ပါတယ်၊ အဲ.. နေရာရလာပြီ
ဆိုရင် ကျေးဇူးရှင်ကိုကျေးစွတ်တဲ့အကျင့်
ရှိပါတယ်။ ကျေးဇူးရှင်ကို အပြတ် ရှင်းပြီး၊ အပွကြံပါတော့တယ်။
ဒီနည်းလမ်းနဲ့ဘဲ ဆိုက်ကားသမား ဘ၀ ကနေ၊ ဒီကနေ့ RFA မြန်မာဌာနမှာ
အယ်ဒီတာဆိုတာမျိုး အထိဖြစ်အောင် လုပ်ခဲ့တာပါ၊
ဥပမာအနေနဲ့ပြောရရင်... ၁၉၇၀ ကျော်...၈၀ လောက်ကတုန်းကပေါ့…သူ့ အဖေက
ဗလီဆရာဆိုတော့ ရန်ကုန်ဗန္ဓုလပန်းခြံမှာ ဓာတ်ပုံရိုက်စားတဲ့
မွတ်ဆလင်ကုလားတစ်ချို့က သူ့ကိုလက်တို့လက်တောင်း အလုပ်လေးပေး ထားခဲ့တယ်၊
ဓာတ်ပုံရိုက်မဲ့သူ ဆွယ်ပေးတာတို့၊ လိုတဲ့ပစ္စည်းလေး ယူပေး တာတို့လုပ်ရပါတယ်။
ဒီလိုနဲ့ အဲဒီသူတွေထံကနေ ဓာတ်ပုံရိုက်နည်းလေး နည်းနည်းတတ်လာပါတော့တယ်၊
အဲဒိ ဓာတ်ပုံရိုက်တတ် လာတာဟာ လည်း၊ နောင်တစ်ချိန် မြန်မာစာနယ်ဇင်းလောကမှာ
အကျင့်မကောင်းတဲ့ သူတစ်ယောက် စတင်မွေးဖွား လာတာလို့လဲ ဆိုနိုင်ပါတယ်။
အဲဒိလိုနဲ့ ဓာတ်ပုံ ရိုက်နည်းလေး နည်းနည်းတတ်လာရော၊ သူများဆီကနေ ကင်မရာ
ငှားပြီး၊ သူလည်းဓာတ်ပုံဆရာလုပ်ပါတော့တယ်၊
အဲဒိအချိန်မှာ သူ့ကို တစ်ချိန်က သင်ပြပေးခဲ့တဲ့ ကျေးဇူးရှင်မွတ်ဆလင်
ဓာတ်ပုံဆရာတွေကို ရန်လုပ်ပါတော့တယ်။ နောက်ဆုံး လူကြီးသူမတွေနဲ့
နည်းနည်းပေါက်တဲ့ သူတစ်ယောက်ကို ဗန္ဓုလပန်းခြံရဲ့
ဓာတ်ပုံရိုက်ခွင့်လိုင်စင်ကို
ကန်ထရိုက် ဆွဲခိုင်းပါတော့တယ်၊ ဟိုလူကမလုပ်ခြင်ပေမယ့်၊ နာမည်ဘဲခံပေး
သူကိုယ်တိုင် လုပ်ပေးပါမယ်ဆိုလို့၊ နောက်ဆုံး အဲဒိလူက ပန်းခြံက ဓာတ်ပုံ
လိုင်စင်ကိုလူကြီးတွေနဲ့ကပ်ပြီးရအောင်ယူလိုက်တယ်၊
အဲ…ဒီမှာဘဲ ခင်မောင်ဆိုး ဇာတိပြပါတော့တယ်။ တစ်ချိန်က သူ့ရဲ့ကျေးဇူးရှင်
မွတ်ဆလင် ဓာတ်ပုံဆရာတွေကို ဗန္ဓုလပန်းခြံကနေ မောင်းထုတ်လိုက် ပါတော့တယ်။
ကျွေးတဲ့လက်ကို ကိုက်တယ် ဆိုတာဒါမျိုးပေါ့။ ခင်မောင်ဆိုးဟာ
သူသက်တမ်းတစ်လျောက်ဒီ လိုနည်းတွေကိုဘဲ အသုံးပြုခဲ့တာဖြစ်တယ်ဆိုတာ။ သူနဲ့ ပတ်သက်ဘူးသူတိုင်း သိပါတယ်။
ဒါနဲ့နောက်တစ်ခုပြောရဦးမယ်
သူ့ကိုယ်သူ ၇၄ ကျောင်းသားအရေးတော်ပုံ မှာပါခဲ့တဲ့ ကျောင်းသားသူရဲကောင်း
ယောင်ဆောင်ပြီး တစ်ပတ် ရိုက်နေ တဲ့ကိစ္စလည်းရှိသေးတယ်၊ သူဟာ ၁၉၇၄ ခုနှစ်
ဦးသန့်အရေးအခင်း ဖြစ်နေချိန်လူဖမ်းပွဲလုပ်တော့
အင်းစိန်ထောင်ထဲ ရောက်သွား ခဲ့ဘူးတာတော့ ဟုတ်ပါတယ်၊ အဲဒါကို
ကျောင်းသားအရေးအခင်းမှာ ပါခဲ့လို့ထောင်ကျတယ် လို့ဆိုနေပါတယ်။ ဒါပေမယ့်
အခုသက်ရှိထင်ရှား ရှိနေကြတဲ့ ၇၄ ကျောင်း သားဟောင်းတွေကတော့ အတည်ပြုချက်
မပေးနိုင်ကြပါဘူး၊ အဲဒိတုန်းက ၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှားမှု့ကြောင့်
တက္ကသိုလ်ကျောင်းသားတွေ အင်းစိန်ထောင်မှာ ဖမ်းဆီးထောင်ချခံ
ထားရတဲ့အချိန်ဖြစ်ပါတယ်။ ခင်မောင်စိုးက သူ့ကိုယ်သူ၊ ရန်ကုန်တက္ကသိုလ်
ကျောင်းသားလို့လဲပြော ပါတယ်။ တစ်ခါ စာပေးစာယူကျောင်းသား၊ အီကို
ကျောင်းသားလို့လဲ တယောက်တွေ့ရင် တမျိုး ပြောပါတယ်။ ဒါပေမယ့် အဲဒိ ၇၄
ကျောင်းသား အရေးအခင်းမှာထောင်ကျခဲ့သူတွေကတော့ သူက တကယ် တက္ကသိုလ်ကျောင်းသား အစစ်လား အတည်ပြုချက် မပေးနိုင်ကြပါဘူး။
သူ့အကြောင်း သိသူတစ်ချိုကတော့ ၁၉၇၄ ခုနှစ်က ခင်မောင်စိုး ထောင်ကျ တာဟာ၊
အစိုးရပစ္စည်းခိုးမှု ၆/၁၊ ဒါ့အပြင် မိန်းမမှုနဲ့ လို့ပြောပါတယ်။
အဲဒိအချိန်က ခင်မောင်စိုးဟာ ကုန်သွယ်ရေး မန်နေဂျာတစ်ဦးထံမှာ
လက်တို့လက်တောင်း အလုပ်သမားဖြစ်ပါတယ်။ အဲဒိမှာ အရေးခင်းဖြစ်နေ ချိန်
အရှုပ်အရှက်တွေကြား ကုန်သွယ်ရေးဂိုထောင်က ဂုန်နီအိတ်တွေပျောက် တဲ့အမှုနဲ့
ထောင်ကျတာလို့သိရပါတယ်။ နောက်ပြီး အဲဒိတုန်းက အင်းစိန်မှာ အမှုစစ်တော့၊
မိန်းမ မှုတစ်ခုအတွက်လည်း သူ့မှာအပစ်ရှိကြောင်း ၀န်ခံ ထွက်ဆိုရပြီး
အာဏာပိုင်တွေထံမှာ လက်မှတ်ထိုးခဲ့ ရတယ်လို့လဲအတွင်း သိတွေကပြောပါတယ်။
အဲဒိ ၁၉၇၄ ခုနှစ် သူထောင်ထဲ ရှိနေတုန်းကလည်း၊ ထောင်ဝါဒတွေကို
မျက်နှာချိုသွေး ဖား၊ ဟိုလူ့အောက်ကျို့ဖား ဒီလူ့ဖားနဲ့ သတင်းပေး လိုလို
ဖြစ်ခဲ့လို့ အတော်များများက သူ့ကိုမယုံကြည်ကြပါဘူး၊ ဒီအကြောင်းတွေေ
သသေခြာခြာ သိခြင်ရင်တော့ မေးကြည့်လို့ရမယ့်သူတွေရှိပါတယ်။ အဲဒိတုန်းက သူနဲ့ အင်းစိန်ထောင်မှာ အတူနေခဲ့ရဘူးတဲ့သူတွေထဲမှာ မှတ်မိသလောက်၊ အခု ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ALD ဥက္ကဌ ဦးအေးသာအောင်၊ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော် နောက်
ကာလီဖိုးနီးယားက ကိုမော်ကြီး ခေါ် ဦးခင်မော်၊ ဦးဘိုဘိုကျော်ငြိမ်းတို့ညီ
အကို တို့ကိုမေးကြည့်ရင် ရနိုင်ပါတယ်။ အဲဒိကိုမော်ကြီးခေါ် ဦးခင်မော် နဲ့
အင်းစိန်ထောင်ထဲမှာ တွေ့ခဲ့တာဟာလည်း ဒီကနေ့ အမေရိကားရောက် လာဖို့
စခဲ့တာပါဘဲ၊
ငွေးကြေးတတ်နိုင်လို့ ထောင်ထဲမှာထောင်ဝင်စာကောင်းကောင်းရှိတဲ့ ကိုမော်ကြီးကို ခင်မောင်ဆိုးက (ထောင်စကားနဲ့ပြောရရင် ကျွန်ခံပါတယ်) လက်တို့လက်တောင်းလုပ်ပေးတယ်၊ နှိပ်ပေးတယ်၊ ဖားတယ်၊ ဒီလိုနဲ့ ကိုမော်ကြီးရဲ့ထောင်ဝင်စာတွေကို ကပ်စားခဲ့တယ်၊ ၀ါဒါတွေကိုလည်း ဆရာခေါ်ပြီးဖားလို့ အဲဒိတုန်းက ပါးရိုက်ခြင်သူတွေရှိပါတယ်။ အရှက်မရှိ ၀ါဒါဆီက သောက်လက်စဆေးလိပ်တိုတောင်းသောက်တယ်၊ ၀ါဒါလွင့် ပစ်တဲ့ဆေးလိပ်တောင် ကောက်သောက်တဲ့ကောင်မျိုးပါ။
သူက ထောင်ကျတာ မဟုတ်ဘူး၊ ထောင်ဒဏ်ချမှတ်ခံရသူလည်း မဟုတ် ဘူး။
ထောက်လှမ်းရေးက စစ်ဆေးပြီး ၆ လလောက်အကြာမှာပြန်လွတ် လာသူပါ၊ ၇၄
ကျောင်းသားတွေကြား ထဲရောက်နေလို့ သူ့ကိုယ်သူ၊ ၇၄ ကျောင်းသား
လှုပ်ရှားမှုကြောင့် ထောင်ကျခဲ့သလိုလိုဘာလိုလို နဲ့ဒေါင်းယောင်းဆာင်နေတဲ့
ကျီးဘဲဖြစ်ပါတယ်။ တကယ်တော့ ဂုံနီအိပ် ခိုးမှုရယ် အရာရှိမယားတဦးကို
ကြာကူလီရိုက် နဲ့ အဖမ်းခံရတာပါ။
သူနဲ့ပတ်သက်လို့ ၇၄ ကျောင်းသားဟောင်းတွေဖြစ်တဲ့
ကိုစိုးဝင်း ( ၇၄ တုန်းက လက်မှာသေနတ်မှန်ပြီး၊ ထောင်ကျခဲ့သူ) ကဗျာဆရာ
ကိုလွမ်းဏီ (ခ) ကိုကျော်ကျော်၊ ကိုအောင်စောဦး- သွားဆရာဝန်လောင်း၊
ကိုထွန်းအောင်ကျော် ABSDFဥက္ကဌဟောင်း၊ ကိုအောင်သန်းမြင့်၊ ကိုဌေးအောင်၊
ကိုဂါမဏိ- ဆေးကျောင်းသား၊ NLDအမတ် ကိုမြ၀င်း - ဆေးကျောင်းသား၊ ကိုမော်ကြီး၊
ဦးဆန်းမြင့် တို့ကိုမေးကြည့်ပါ ... ခင်မောင် ဆိုးကို ထောင် ထဲရောက်
မှတွေ့ဖူးကြတာ၊ ကျောင်းသား လှုပ်ရှားမှုမှာ ပါခဲ့
လား..မပါခဲ့ဘူးလား..ဘယ်သူမှ
မသိကြပါဘူး။ ဘွဲ့မရလို့ ဘွဲ့လက်မှတ် မပြနိုင်လို့ ဗွီအိုအေမှာ
သူ့ကိုအယ်ဒီတာ မခန့်ခဲ့ဘူး၊ (ခင်မောင်စိုး ဘွဲ့မရတာ သူ့ခေတ်ပြိုင်
လူတော်တော်များများ သိပါတယ်) RFAမှာ ဒေါ်ငြိမ်းရွှေနဲ့ ညိနေလို့သာ အယ်ဒီတာ
ဖြစ်လာတာပါ။
အဲဒါနဲ့ ခင်မောင်စိုး ၆ လောက်ကြာတော့ အင်းစိန်ထောင်ကလွတ်ပါတယ်။ အဲဒိမှာ ခင်မောင်ဆိုးဆိုက်ကားနင်းပါတယ်၊ ဆိုက်ကားနင်းတယ်ဆိုလို့ ရိုးရိုး သားသားဆိုက်ကားနင်းစားသူတွေကိုနှိပ်ခြင်လို့မဟုတ်ပါဘူး၊
သူဆိုက်ကား နင်းပြီး ဘာမဟုတ်တာတွေ လုပ်ခဲ့တယ်ဆိုတာကို၊ ပြောပြခြင်လို့ပါ၊
တကယ်တော့ သူဆိုက်ကားနင်းခဲ့တယ်ဆိုတာ ပြည်တန်စာ သယ်ယူ ပို့ဆောင်ရေး
လုပ်တာပါ။ (ဟိုအရင် လုပ်သားကောလိပ်နဲ့ မဟာဗန္ဓုလ ပန်းခြံတွေမှာ ဂိတ်ထိုးတယ်၊
မျက်မြင်သက်သေတွေလည်းရှိပါတယ်။ ညဖက် မှာ ပြည့်တန်ဆာတွေ လိုက်ရှာပေးတဲ့ ဆိုက်ကားသမားလို့ နာမည်ရသူပေါ့ )
ဒါပေမယ့် ခင်မောင်ဆိုး ဆိုသူက..သူဆိုက်ကားနင်းခဲ့တာကိုဘဲ
ဇာတ်နာအောင် လုပ်ပြီး..ဆိုက်ကားသမား ဘ၀နေ ဒီကနေ့ RFAသတင်းဌာန က
အယ်ဒီတာကြီးဖြစ်အောင် ကျိုးစားခဲ့ရတာပါလို့ မြန်မာ့ဒီမိုကရေ စီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အထိ တက်လိမ်ထားလို့၊ သူဘယ်လို ဆိုက်ကား
သမားလည်းဆိုတာသိအောင်တော့ ပြောပြ ရတာပါ၊ … ခင်မောင်ဆိုး ဆိုက်ကားကို
ညဘက်မှာဘဲနင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့…ရိုင်းရိုင်းပြောရရင် ကြက်သယ်တာပေါ့…ပြည့်တန်စာ..သယ်ပို့တဲ့
အလုပ်က ငွေပိုရလို့လေ၊ နောက်ပြီး သူကိုယ်တိုင်ကလည်း မိန်းမကြိုက်တဲ့
တဏှာရူးဆိုတော့၊ သူကိုယ်တိုင်လည်း ပျော်ရပါးရတယ်လေ၊ ညဘက် လုပ်စားရတဲ့
ပြည်တန်စာအမျိုးသမီးလေးတွေကို
ဆိုက်ကားနဲ့ တင်ပြီး ဖေါက် သယ်တွေစီပို့၊ ညဘက်အစာရှာတဲ့ က္ကိုထိယ
မုဆိုးတွေကိုတင်ပြီး ပြည့် တန်စာမလေးတွေစီပို့ ၊ ဒါမျိုးက သာမန် ခရီးသည်တွေ
လိုက်ပို့တာထက်ငွေ ပို ရတယ်လေ၊ အလုပ်လုပ်ပြီးပြန်လာတဲ့
ပြည့်တန်စာတွေကိုလည်း ခင်မောင်ဆိုးက တစ်ချီတစ်မောင်း ဟဲလိုက်ရသေးတယ်ဆိုတော့
အတော်လေးဟန် ကျတယ်ပေါ့လေ။ ဒါကိုများ..ရိုးသားကျိုးစားတဲ့ ကာယ လုပ်သားလေးတစ်ဦးလိုလို ဘာလိုလို ...အယောင်ဆောင်လိုက်သေးတယ်။ တကယ်တော့..ဖာခေါင်းစိတ်အပြည့်နဲ့ နင်းခဲ့တာ..ဆိုက်ကားကို။
ဆင်းရဲတာက အပြစ်မဟုတ် သလို၊ ဆင်းရဲတဲ့ ဘ၀ကနေလွတ်မြောက်ပြီး
ကြီးပွားခြမ်းသာအောင်၊ အောင်မြင်အောင်လုပ်တာကလည်း အပြစ် မဟုတ်ပါဘူး၊
ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့်…ဘယ်ဟာက အပြစ်ဖြစ်သလဲ ဆိုတော့။ မရိုးသားတဲ့နည်း၊
မတရားတဲ့နည်း၊ မမှန်ကန်နဲ့နည်းနဲ့လုပ်တာက အပြစ်ဖြစ်ပါတယ်။
ခင်မောင်ဆိုးက ထောင်ကလွတ်ပြီး ဆိုက်ကားနင်းတယ်၊ ဆိုက်ကားနင်း ပြီးတော့၊
လမ်းဘေးဈေးသယ်၊ သူကိုယ်တိုင် ပလက်ဖေါင်းပေါ်မှာ ရန်ဖြစ်၊
အော်ဟစ်ဆဲဆိုနေတာတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရဘူး သူတွေလဲ ရှိတယ်၊
နောက်တော့ ဗန္ဓုလ ပန်းခြံကဓာတ်ပုံဆရာဖြစ်လာတာပါ၊
အဲဒါ ကိုက မြန်မာ့စာနယ်ဇင်းလောက ကံဆိုးတာပါဘဲ၊ ဓာတ်ပုံလေး ဘာလေး
ရိုက်တတ်လာတော့၊ မြတ်ခိုင်တို့လို အ၀ါရောင်သတင်းသမား Yellow journalist
ထံမှာတပြည့်ခံပြီး၊ ဓာတ်ပုံလေးဘာလေးရိုက်ရင်းက ပေဖူးလွှာ မဟေသီတို့လို
မဂ္ဂဇင်းတွေက သူ့ရိုက်ထားတဲ့ မိန်းကလေး ဓါတ်ပုံတွေကို ဝယ်သုံးပါတယ်။
စာပေဝေဖန်ရေးဆရာကြီး မောင်စွမ်းရည်ကဆိုရင် ဒီလူ မြန်မာပြည်မှာတုန်းက
ဂျာနယ်လစ်လို့တောင် ပြောလို့ မရပါဘူး၊ ဓါတ်ပုံရိုက်သမား သက်သက်ပါပဲ၊ ဘယ်လို
သတင်းထူး သတင်းဦးများ ရေးခဲ့ တာရှိလို့လဲ မေးခွန်းထုတ်ဖူးပါတယ်။ ဆရာ
မောင်စွမ်းရည် မသေသေးပါ၊ နယူးယောက်မှာနေပါတယ် ဆက်သွယ်မေးကြည့်လို့ရပါတယ်။
ခင်မောင်ဆိုးက မိန်းမ အလှဓာတ်ပုံရိုက်သမားပါ။ ဒါကိုများ သူ့ကိုယ်သူ
တစ်ချိန်က မြန်မာ့စာနယ်ဇင်းလောက က စာနယ်ဇင်းသမား အရင့် အမာ ကြီးလိုလို
အယောင်ဆောင်နေသေးတယ်။ ဓာတ်ပုံသမား ဖြစ်တော့ရော ကောင်းကောင်းမွန်မွန်လုပ်တယ်ထင်လို့လား၊
အောက်တန်းကျတဲ့ တဏှာရူး ဇာတိကပြတယ်လေ။ ရုပ်ရှင် နဲ့ ဂီတလောကက
အမျိုးသမီးတွေ၊ မော်ဒယ်တွေ၊ အောက်စလွတ်ရင်၊ ဂျိုင်းပေါ်၊ ပေါင်ပေါ်ရင် အမိအရ
ရိုက်၊ အဲဒိဓာတ်ပုံတွေစုထား၊ အဲဒိတုန်းက နည်မည်ကြီး အရှိန်ရ လာနေတဲ့
ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ခိုင်ခင်ဦး စင်တင်ဖျော်ဖြေပွဲတစ်ခု အပြီးမှာ၊
ဖျော်ဖြေခွင့် ၅ နှစ်ပိတ်ခံလိုက်ရတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ ခိုင်ခင်ဦး
အင်္ကျီ လက်တစ်ဘက် ရှောကျတာ၊ ဗိုက်သားပေါ်တာ၊ ပေါင်ပေါ် တာကို
ဇတ်စင်ရှေ့အောက်ကနေ၊ ..အမိအရရိုက်ခဲ့တဲ့ ဓာတ်ပုံသမားကြီး ကတော့
ခင်မောင်ဆိုးဘဲဖြစ်ပါတယ် ခင်ဗျာ။ …..အဲဒိအချိန် ကတည်းကစပြီး ခိုင်ခင်ဦး
ခင်ဗျာလဲ စုတ်စမြုတ်စ မြုတ်သွားလိုက်တာ..ဒီကနေ့အထိပါဘဲ..။
အဲလိုသောက်ကျင့်ရှိသူပါ။ သူ့ဆရာအရင်းက မြတ်ခိုင်ပါ။ မြတ်ခိုင်တို့မှာလဲ
ဒီလိုသောက်ကျင့်တွေ၊ ဒီကနေ့အထိ ရှိနေသေးလို့ မြန်မာပြည်က မင်းသမီးတွေ၊
အဆိုတော်နဲ့၊ မော်ဒယ်တွေရဲ့ “ပေါ်” နေတဲ့ပုံတွေ အင်တာနက်မှာ
တက်ခဲ့ရတဲ့အထိဖြစ်နေတုန်းပါ..အဲလိုလူစားတွေပါ။
ဒါနဲ့ဆက်ပြောရမယ်ဆိုရင်…အဲလို အကျင့်မကောင်းတဲ့သူတစ်ယောက်
အမေရိကားကို ဘယ်လိုရောက် လာတာပါလဲ… စိတ်ဝင်စား ဖို့တော့ကောင်း တယ်နော်၊
တရားခံကတော့.. အင်းစိန်ထောင်ထဲမှာ ခင်မောင်ဆိုး ခြေဆုပ် လက်နယ်၊
နှိပ်နယ်ပြုစုပေးခဲ့တာကို သနားမိ ခဲ့တဲ့…ကိုမော်ကြီးပါဘဲ… အခု
ကာလီဖိုးနီးယားမှာနေပါတယ်၊
ဒီကနေ့ RFAထဲ ခင်မောင်စိုးမွှေနေတာတွေ..သူများတကာတွေကို
ဒုက္ခ ပေးနေတွေကို ကြားနေ၊ မြင်နေရတဲ့ ကိုမော်ကြီးခမျာလဲ ... အဆိပ်
ပင်ရေလောင်း မိခဲ့တဲ့အတွက် …မကောင်းဆိုးဝါးကို..တက်လမ်းရှာပေး ခဲ့မိသလိုဖြစ်ခဲ့တဲ့ အတွက်..နောင်တကြီးစွာ ရနေလောက်ပြီထင်ပါတယ်။
အမေရိကားကိုရောက်ရောက်ခြင်းဘဲ..ကျွေးတဲ့လက်ကိုကိုက်ပြီး ဘနဖူး သိုက်တူးတဲ့ ခင်မောင်စိုးရဲ့ အကြံကိုလည်းပြောရပါဦးမယ်..ခင်မောင်စိုးက အမေရိကားကို ရောက်လာတော့..ကိုမော်ကြီး တို့ရှိရာ..ကာလီဖိုးနီးယား ကိုရောက်ပါတယ်။ …စကားမစပ်ပြောရဦးမယ်..ခင်မောင်ဆိုးသူ့မိန်းမ မစန္ဒာ မရောက်လာခင်…ကာလီဖိုးနီးယားမှာရှိတဲ့ အသက် ၄၀ လောက်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ခင်မောင်ဆိုးက..ဟို..အဟွာ......သိတဲ့
အတိုင်း ဘဲ.. ကြွက်ပြင်းဇာတ်ထုတ် ခင်းထားပါတယ်။ မစန္ဒာရောက်တော့..မစန္ဒာကို
သူ့ညီမပါဆိုပြီး အခြားအသိတစ်ယောက် အခန်းမှာသွားထား တယ်၊ ဟို အမျိုးသမီး
ကြီးကိုတော့…ဆက်ပြီး အဟွာပြုနေသေးတယ်။ ဒါနဲ့ သိုက်တူးတဲ့
ကိစ္စဆက်ရမယ်ဆိုရင်…သူမိန်းမ မစန္ဒာကို ကိုမော်ကြီးက သူ့ရဲ့မိတ်ဆွေ ထိုင်း စားသောက်ဆိုင် ပိုင်ရှင်စီမှာ အလုပ်သွင်းပေးပါတယ်။..အဲဒါကို..
ခင်မောင်စိုးက သူ့ရဲ့မတောက်တစ်ခေါက် ဗဟုသုတနဲ့ သူမိန်းမကို မတရား
ခိုင်းပါတယ်ဆိုပြီး ဆိုင်ရှင်ကိုတရားစွဲမယ် လုပ်ပါတော့တယ်။ သူ့အကြံက
ဒီလိုပါ..ဆိုင်ရှင်ကို တရားစွဲလို့နိုင်ရင်…အမေရိကားမှာ ရင်းနှီးစားသောက် စရာ ငွေလေးဘာလေးများရမလားပေါ့လေ၊ မြှောက်ပေးတဲ့သူတွေကလဲ မြှောက်ပေး ကြပါတယ်။ ဒါပေမယ့် ကိုမော်ကြီးကတော့ ဆိုင်ရှင်ကလည်း သူ့ မိတ်ဆွေဖြစ်နေတာကတစ်ကြောင်း၊ မလုပ်သင့်မလုပ်ထိုင်တာ ကလည်း ဖြစ်နေတာကတစ်ကြောင်းကြောင့်၊
မလုပ်ဖို့ တားပါတယ်၊ အနည်းဆုံး သူမျက်နှာထောက်ပြီး၊ မလုပ်ဖို့တားပါတယ်၊
ဒါပေမယ့်..ဘယ်ရမလဲ ဇာတိသွေး ဇာတိမန်ဆိုတာ ဖုန်းထားလို့မှ မရတာ၊
ခင်မောင်ဆိုးက ဆိုင် ရှင်ကို တရားစွဲပါတော့တယ်။ ကံကောင်းတော့ ရူံးပါတယ်။
မှတ်ကရော။ ကိုမော်ကြီးမျက်နှာလဲ မထောက်၊ အလုပ်ပေးထားတဲ့ ဆိုင်ရှင်မျက်နှာလဲ
မထောက်၊ သိုက်တူးလိုက်တာ နောက်ဆုံးတော့ ခင်မောင်ဆိုး တစ်ယောက်၊
မြေပြင်ကိုရေထင် ကူးခဲ့ရတာဘဲအဖတ်တင်တယ်။ ကိုမော်ကြီး မျက်နှာလဲ
အိုးမဲသုတ်၊ ကိုမော်ကြီးကိုရန်လုပ်ပြီးတော့။ ကာလီ ဖိုးနီးယားကနေ နယူးယောက်ကို ပြောင်းသွားပါတယ်။ ကိုမော်ကြီးအကို ကိုဇော်ကြီး အိမ်မှာသွားကပ်နေပြန်ပါရော၊ မကြာပါဘူး..ကိုဇော်ကြီးမိန်းမကို ရန်လုပ်ပြီးဆင်းသွာပြန်ရော.. ခင်မောင်ဆိုးက ကျွေးတဲ့လက်ဆို ကိုက်ပြီး စော်ကားတတ်တဲ့ ဇာတ်ထုပ်ကတော့ ပြောလို့ကုန်မယ်မထင်ပါဘူး။
ဒါနဲ့ ကိုဇော်ကြီးအိမ်ကဆင်းသွားတဲ့
မွတ်ဆလင်တစ်ဝက်၊ ဗုဒ္ဓဘာသာ တစ်ဝက် လုပ်ထားတဲ့ ဇာတ်ပျက်ခင်မောင်ဆိုးက၊
နယူးယောက် ဘရွတ် ကလင်း ဘာကင် ( New Yourk, Brooklyn)ဘုန်းကြီးကျောင်းမှာ ကပ်နေ ပါတယ်။..ဘုန်းကြီးကျွေးတာကိုစား၊ ဘုန်းကြီးပေးတာကိုယူ၊ အိမ်လခ မကုန်ဘဲ ဘုန်းကြီးကျောင်းမှာအလကားနေ၊
ဟော..နေလို့လဲဝရော၊ ဘုန်းကြိးကို ရန်လုပ်ပါတော့တယ်၊ ဘုန်းကြီးကို
ရန်လုပ်ရုံတင်မဘူး။ ဘုန်းကြီးတွေ ညစာခိုးစားတယ်၊ အပြာကားကြည့်တယ်ဆိုပြီး
အရပ်ထဲ လှည့်ပြီး..သွားပုတ်လေလွင့်၊
မဟုတ်တမ်း တယားတွေ ရှောက်ပြောပြီး ... ပြောရုံတင်မကဘူး
ဘုန်းကြီးကျောင်းက ဖက်စ် ကိုသုံးပြီး၊ ဘုန်းကြီးကျောင်း ဒကာ
အလှုရှင်တွေထံကို မဟုတ်တဲ့ သတင်းတွေ ဖက်စ်နဲ့ ပို့တယ်၊ ဘုန်းကြီးတွေကို
စော်ကားတယ်၊ ဒါနဲ့ ဘုန်းကြီးကျောင်းက ဆင်းရ ပြန်တယ်…အဲဒိတုန်းကလည်း
အမေရိကန် ဂျူးတစ်ယောက်နဲ့ လက်ထပ် ထားတဲ့ မြန်မာအမျိုးသမီးတစ်ဦးက
သူ့ကိုသနားလို့ အလုပ်လေး ဘာလေးပေးထားပါသေးတယ်၊ အဲဒါကိုလည်း မတရားခိုင်းတယ်
ဘာနဲညာနဲ့ ရန်လုပ်တယ်၊ နောက်ဆုံး အဲဒိအလုပ်ကနေလဲ ပြုတ်ပြန်ပါတယ်။ ဒီလိုနဲ့
နယူးယောက်မှာ ကလေ၊ ကချေဖြစ်နေတုန်း၊ ဘီဘီစီ အသံလွင့်ဌာက မျက်စီ လည်ပြီး၊
နယူးယောက် ဌာနေသတင်းထောက်၊ လုပ်ခွင့်ပေးလိုက်ပါတယ် အပုဒ်ရေနဲ့စားပေါ့။
အဲဒိမှာဘဲ…ပြည်ပအသံလွှင့်လောက ဒုက္ခရောက်ဖို့၊ အစလို့ဘဲဆိုရတော့မှာပါဘဲ။ အပုဒ်ရေစား သတင်းထောက်ဘ၀ကလာတဲ့ ခင်မောင်ဆိုး ...ဒီကနေ့…မယားငယ်တွေထားနိုင်တဲ့
အယ်ဒီတာကြီးလဲ ဖြစ်ရော.. အနယ်နယ်အရပ်အရပ်မှာ ရှိနေတဲ့ RFA
သတင်းထောက်တွေကို ဘယ်လိုနှိပ်စက်နေ တယ်ဆိုတာ... ကြုံရင် အဲဒီသတင်းထောက်တွေ
မေး သာ ကြည့်ကြပါတော့၊ ဘီဘီစီ သတင်းထောက်လုပ်တုန်းက အခု
ဘီဘီစီဌာနမှူးဖြစ်နေတဲ့ ဒေါ်တင်ထားဆွေကို ဖုန်းထဲကနေငိုပြလို့ ဒေါ်တင် ထားဆွေက
သူ့ကို သနားပီးငွေပို့ပေးပါတယ်။ ဒီလို ကျေးဇူးရှိသူ ကိုတောင် ဒေါ်တင်ထားဆွေ
ဝါရှင်တန်ဒီစီ RFAမှာ အလုပ်လုပ်နေတုန်းက ၀ိုင်းအတူသောက်မယ်ချိန်းပြီး
မရိုးမသားကြံဖို့ ကြိုးစားခဲ့တာလဲ သတင်းကြီး သွားပါတယ်။ ဒေါ်တင်ထားဆွေက
သူ့အကြံကို ရိပ်မိပြီး ရှောင်ထွက် သွားနိုင်ခဲ့ပါတယ်။ ဒီလို
သောက်ကျင့်နဲ့ကောင်မျိုးပါ။
အကြံသမား ခင်မောင်စိုးက…နယူးယောက်မှာ
ဘီဘီစီ သတင်းထောက် လုပ်ရာကနေ ..၁၉၉၆-၉၇ ခုနှစ်လောက်ရောက်တော့၊ RFA
အသံလွှင့်ဌာန စတင်ထူထောင်တဲ့အခါ၊ RFA မှာအလုပ်ရသွားပါတော့တာပါဘဲ …. အဲဒိ
အချိန်က ပြည်ပသတင်းဌာနတွေမှာ လုပ်မယ့်သူမရှိလို့ မနဲလိုက်ရှာနေ ရတဲ့ကာလ၊
ဆိုင်ကော်လို့ခြုံပေါ်ရောက်သွားတာ တစ်ခါထဲ၊ သရဲကနေ သဘက်ဖြစ်သွားပါလေရော၊ အာအက်အေ ရောက်ပြီး အချိန်ကလေး အတော်ရလာတယ်ဆိုရင်ဘဲ..ဇာတိကပြပါတော့တယ်၊
သူ့ကိုအလုပ်ပေးခဲ့တဲ ဌာနမှုးဦးစိုးသင်း ရဲ့လက်ကို ကိုက်ပါတော့တယ်၊
ဦးစိုးသင်း အလုပ်ပြုတ်အောင် တိုင်တောတာတွေ လုပ်ပါတယ်။ မယုံရင် ဖလော်ရေဒါ
မှာရှိတဲ့ ဦးစိုးသင်းကိုမေးကြည့်နိုင်ပါတယ်။ ဒီလိုအကြမ်း အရမ်းတင် မဟုတ်သေးပါဘူး..မင်းသမီးနဲတွဲတဲ့အခန်းလဲပါ..ပါသေးတယ်..အဲဒိအချိန်က
အသက် ၅၀ နီးပါးလောက်ရှိပြီး သန်တုန်းမြန်တုန်း ရှိနေသေးတဲ့ ခလေး ၃
ယောက်အမေ၊ ဒီကနေ့ RFA.ဌာနမှုး ဒေါ်ငြိမ်းရွှေကို…သိတဲ့အတိုင်း ပါဘဲ…အဟွာပြုတော့တာပါဘဲ...သူ့ရဲ့
ကြွက်ပြင်း ဇာတ်ထုတ်ကို ခင်းတော့ တာပါဘဲ..ဒီနည်းနဲ့လည်းသူက
တက်လမ်းရှာတတ်တယ်လေ၊ အဲဒိအမှုမှာ ..သူမိန်းမ မစန္ဓာကိုယ်တိုင်..ဒေါ်ငြိမ်းရွှေ နဲ့ ခင်မောင်ဆိုး ဖြစ်နေပါတယ်ဆိုပြီး ငိုယိုပြီးပြောတာတွေကို နားထောင်ခဲ့ရတဲ့..နှစ်သိမ့်ပေးခဲ့ရတဲ့ မြန်မာတွေ ဗာဂျီးနီးယား နဲ့ ၀ါရှင်တန်ဒီစီ တစ်ဝိုက်မှာ အများကြီးရှိပါတယ်။ မယုံရင် လိုက်မေးပါ။
ဒီလိုနဲ့………( တတိယပိုင်း မကြာမီထွက်လာတော့ မည်၊မျှော်...)
ဒီစီ တိမ်ကြား မင်းခေါင်
No comments:
Post a Comment