Friday, 11 January 2013

မာဃဒေ၀ လင်္ကာ



လောကတံထွာ၊ လူတို့ထံတွင်၊
အမှန်သဘော ၊မရှိသောရှင့်၊
လောကီအစုတ်၊ လူတို့နုပ်ကား၊
မဟုတ်လည်းပြော၊ ဟုတ်လည်းပြော၏ ..
(မာဃဒေ၀ လင်္ကာ)

ကြားနာဓမ္မ ၊ သုတဖွေစစ် ကျိုးပြစ်အရေး ၊
လျှောက်မေးတက်စွာ သူတကာမူ ၊
ပညာကြွယ်နက် ဥာဏ်ထက်မြက်၏..

(မာဃဒေ၀ လင်္ကာ)
“သူ့ကို ဂုဏ်နှိမ့် ကိုယ့်ဂုဏ် နိမ့်၏ “
သူ့ကို ချီးမြှောက် ၊ ကိုယ့်ဂုဏ်မြောက်၏ ၊
ယွင်းဖောက်အလို ၀န်မတိုနှင့်၊
သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ် နိမ့်၏ ၊
စည်းစိမ်အရာ ၊ သူ့ချမ်းသာ၌ ၊
ဣဿာ မပြု ၀မ်းမြောက် ရှုလော့ ၊
သူ့ကို စောင့်မှ ၊ သူက ကိုယ့်ကို ၊
ကြည်ညို မေတ္တာ ၊ စောင့်နိုင်ရာ၏ ..
( မာဃဒေ၀ - ၁၈၅ )

မမစုဆောင်းရေးသားတင်ဆက်ပါတယ်။

No comments:

Post a Comment