Saturday, 12 January 2013

ဘုရားလောင်း (၃)မျိုး



ဘုရား (၃) မျိုးမကွဲပြားပါ။ ပါရမီဖြည့်ကျင့်ပုံချင်း မတူသောကြောင့် ဘုရားလောင်း(၃)မျိုး ကွဲပြားရသည်။ ဗျာဒိတ်ရရန် အင်္ဂါ(၈)ပါး မပြည့်စုံမီ အချိန်ကာလကို အသင်္ချေ (&)x(&) နဲ့တောင် ရေတွက်လို့ မရနိုင် သည့်အတွက် ဘုရားဟောကျမ်းစာမှာ လုံးဝမပါချေ။ သို့သော် ဗျာဒိတ်ရခြင်းအင်္ဂါ(၈)ပါး ပြည့်စုံပြီးချိန်မှာ ဘုရားတစ်ဆူက ယင်းဘုရားလောင်း၏ ဥာဏ်ရည်( ယခုခေတ်အခေါ် I.Q= Intelligence Quotient) ကိုကြည့်ပြီး...

(၁) ပညာဥာဏ်ကို အဓိကထားမည့် ဘုရားလောင်းအား( ပညာဓိက ဘုရားလောင်း) ဟုဗျာဒိတ်ပေးပြီး (၄)သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။

(၂) ယုံကြည်ခြင်း သဒ္ဒါလွန်ကဲနေသည့် ဘုရားလောင်းအား( သဒ္ဒါဓိက ဘုရားလောင်း )ဟုဗျာဒိတ်ပေးပြီး
(၈) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။

(၃) ၀ီရိယကိုသာ အားကိုးအားထားပြုနေသည့် ဘုရားလောင်းအား( ၀ီရိယဓိက ဘုရားလောင်း ) ဟုဗျာဒိတ်ပေးပြီး (၁၆) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။

နောင်ပွင့်လတ္တံ့သော အရိမေတ္တယျမြတ်စွာဘုရားသည် ဘုရားလောင်းဘ၀က(၁၆) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည့် ၀ီရိယဓိကဘုရားလောင်း ဖြစ်သည်။

ဂေါတမမြတ်စွာဘုရား လက်ထက်မှာ " အဇိတ " ဟူ၍ မထင်မရှား ရဟန်း ဖြစ်ခဲ့သည်။ ထိုအဇိတရဟန်း သည် ဗိမ္မိသာရမင်း၏ မြေးဖြစ်ပြီး အဇာတသတ်မင်း၏ သားတော်ဖြစ်သည်။

No comments:

Post a Comment