နယူးယောက်၊ ဇန်နဝါရီ ၁၂။
အသက်အန္တရာယ်ထိခိုက်သည့် အခြေအနေများကြောင့် မြန်မာနိုင်ငံ
အနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ လှေများဖြင့် ထွက် ပြေးကြသောလူ အရေအတွက်သည် နှစ်ထောင်ကျော် ရှိနေပြီ
ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက
ပြောကြားလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ၌ ပြုလုပ်ခဲ့သော ယူအန်အိတ်ခ်ျစီအာရ်၏ သတင်းထုတ်ပြန်ပွဲတွင် ယင်းကုလအဖွဲ့ ၏ ပြောခွင့်ရပုဂ္ဂိုလ် အက်ဒရီယန် အက်ဒ၀ပ်က ထိုသို့ လှေဖြင့် ထွက်ပြေးကြသောသူများ၏ နောက်ဆုံး ပန်းတိုင်မှာ မသေချာသော်လည်း အရှေ့တောင်အာရှ နိုင်ငံများသို့သာ ၎င်းတို့ ဦးတည်ထွက်ခွာကြဖွယ် ရှိကြောင်း ဆိုသည်။
“လူဘယ်လောက်များများက သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကို ဘယ်မှာ
ထားပြီး သွားကြလဲဆိုတာ မသိကြပါဘူး”ဟု နိုင်ငံတချို့၏ ဥပဒေအရ ၎င်းတို့ကို ပြန်ပို့ဖွယ်ရှိသည့် အနေအထားများကိုလည်း အက်ဒရီယန် အက်ဒ၀ပ်က ထောက်ပြပြောဆိုသည်။
၎င်းက ယူအန်အိတ်ခ်ျစီအာရ်အဖွဲ့ သည် နိုင်ငံများသို့ လှေဖြင့် ရောက်ရှိ
လာပြီး ထိန်းသိမ်းခံနေရသော လူများကို ဆက်လက်ရှာဖွေသွားမည်
ဖြစ်ကြောင်း ပြောကြားသည်။ ကုလအဖွဲ့ သည် မြန်မာမှ ထိုင်းနှင့် မလေးရသို့ ရောက်ရှိလာသော ထွက်ပြေးလာသူများကို မေးမြန်း စုံစမ်းထား ကြောင်း ဆက်လက်ပြောကြားသည်။
UNHCR အဖွဲ့ သည် ဒေသတွင်းနိုင်ငံများအား မြန်မာ သို့မဟုတ် အခြားနေရာများမှ ပြောင်းရွေ့ခိုးဝင်လာသူများ
စာနာသော ဆက်ဆံမှုများ ပြုကြရန်၊ ၎င်းတို့၏ နယ်စပ်တံခါးများ ဖွင့်ထားပေးရန် တောင်းဆိုထားကြောင်း သိရသည်။
Ref; UN.org
The Myanma Age
No comments:
Post a Comment