Saturday, 16 March 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း




သီတဂူဆရာတော်

လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ
ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့
စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး
နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ
အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)
ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။


http://www.sitagustar2020.net/2013/03/blog-post_16.html

Friday, 15 March 2013

ကျမ အောင်ဆန်းစုကြည် ဒီပြသာနာကို တာဝန်ယူထားတယ်

ကျမ အောင်ဆန်းစုကြည် ဒီပြသာနာကို တာဝန်ယူထားတယ်
ဒါကြောင့်ရအောင် ရှင်းမယ်....
ကျမပိုင်တဲ့ အရာ အားလုံးကို စတေးထားတာ အခုမှ မဟုတ်ဘူး..
လွန်ခဲ့ တဲ့ နှစ်(၃)ဆယ်လောက်ထဲက.. ဒါကြောင့် ကျမမှာပိုင်တာဘာမှ မရှိဘူး
ဒါပေမယ့် .. ကျမမသေခင် ပြည်သူတွေ.. ချစ်ချစ်ခင်ခင်နဲ့ ...
အရာအားလုံးကို.. ကျော်ဖြတ်သွားနိုင်တာကို
ပြုံးပြုံးလေးကြည့် ရင်းနဲ့ သေသွားချင်တယ်...
ဒါကြောင့်  ဖြစ်နိုင်ရင် ဝိုင်းဝန်းကြိုးစားပေးကြပါ "

-ဒေါ်အောင်ဆန်းစုကြည်

graphic design: ko myoe
photo: irrawaddy

အဆိုတော်လင်းလင်းမှ ရင်ဖွင့်သံလေး


မနေ့က အင်မတန်စိတ်မကောင်းလဲဖြစ် ဒေါသလဲဖြစ်ရတယ်။သေသွားတော့မှ အာဇာနည်အဖြစ် သတ်မှတ်ပြီး လွမ်းစာတွေ ဖွဲ့တာ လက်မခံဘူး။ သူ ၆၇ နှစ်ရှိပါပြီ။ အချိန်မရှိပါဘူး။ သူလုပ်နိုင်တုန်းလေးမှာ လက်တွဲနိုင်တာ တွဲပါ။ မတွဲနိုင်ရင် ယဉ်ယဉ်ကျေးကျေး သဘောကွဲပါ။ဝေဖန်ပါ။ ဆွေးနွေးပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ပိုင်ခွင့်ရှိတယ်။ဒါပေမဲ့ နိုင်ငံရေး ညစ်လုံးတွေ သတ်လုံးတွေနဲ့တော့ ခါးအောက်ပိုင်း မထိုးနဲ့။ လူကြီးလူကောင်းလို ယှဉ်ပါ။ သူလုပ်တာကို လက်မခံရင် ခင်ဗျားတို့ တခြားရွေးချယ်စရာပေးပါ။ အကုန်လိုက်ဖျက်မယ် ဆန့်ကျင်မယ်ဆိုရင် ဒီမြန်မာလူထုအတွက် ဘာအကျိုးရှိမှာလဲ။

စစ်အုပ်စုရဲ့ လူထုလို့ နာမည်တပ်သူတွေက က ဒီစစ်ကိုင်းတိုင်းထဲက ဒီပဲရင်းမှာဘဲ ၂၀၀၃က ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ခုတခါ ဒါမျိုးအဖြစ်မခံနိုင်ပါဘူး။ နောက်ကွယ်က မြှောက်ပေးသူတွေရော မနေ့က ရန်ကုန်ကလာတဲ့ သပိတ်သမားတွေရောသိထားသင့်တာက လူထု လူထု ဆိုပြီး လူတအုပ်နဲ့တော့ မခြိန်းခြောက်နဲ့။ ရန်ပြူဖို့ မကြိုးစားနဲ့။ ၁၉၉၀ မှာရော ၂၀၁၂ မှာရော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြို နိုင်ခဲ့တာ ဒီမြန်မာပြည်သူလူထုကြောင့်ပါ။

နေသန်မောင် မနေ့ကကိုးကားတဲ့ ဗိုလ်ချုပ်အောင်ဆန်းစကားလေး ပြန်မျှချင်တယ်။
"ဘာလူထုလဲ။ ခင်ဗျားတို့တစ်ယောက်နှစ်ယောက် ထင်တာလုပ်နေတာ လူထုလား။ ကျုပ်သိတယ်။ ဘာလူထုလဲ။ လူထုစကားပြောပြီး မုန်လာဥလာလုပ်လို့မရဘူး"

Lynnlynn Artist

ကိုမောင်မောင်ဝမ်းရဲ့ ရင်တွင်းစကား

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာပြီး နောက်ပိုင်းမှာ ကြိုက်သူတွေရှိတယ်..မကြိုက်သူတွေရှိတယ်..။ မကြိုက်တဲ့ နေရာမှာလဲ…သဘောရိုးနဲ့ ဝေဖန်ထောက်ပြသူတွေရှိသလို…အခွင့်သာခိုက် ချနင်းလိုက်မယ်ဆိုတဲ့သူတွေလည်း ရှိနေတာကိုတွေ့ရတယ်….။ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒအပြခံရလို့…၀မ်းနည်းနေကြတဲ့ လူထုတွေရှိသလို ၀မ်းသာနေကြတဲ့သူတွေလည်း ရှိတယ်...။ တကယ်တော့ ဒီကိစ္စဟာ...တခါက ဆရာ နန္ဒာသိန်းဇံရေးဘူးတဲ့ စာအုပ်ထဲက…မြတ်စွာဘုရားဇာတ်ကြောင်းတခုလိုပါပဲ…။ အလွန်ချစ်တဲ့သား စစ်မြေပြင်မှာ တိုက်ပွဲကျသွားတဲ့ ဆိုတဲ့ သတင်းကို….( သားချစ်စိတ်နဲ့ သေလုမြောပါး..ဖြစ်နေတဲ့ ) မိခင်ကြီးထံ…ပြောသင့်မပြောသင့်ဆိုတဲ့ မေးခွန်း ပုစ္ဆာလိုပါ…မိခင်သေမှာကြောက်လို့ မပြောပဲထားရင်..မုသာဝါဒ ကံထိုက်တယ်…ပြောလိုက်လို့ မိခင်ကြီးခမျာ..၀မ်းနည်းပက်လက်နဲ့သေသွားရင်…ပါဏာတိပါတာ ကံထိုက်မယ်….ဆိုတော့..ဘယ်လိုဖြေဖြေ..ကံကျူးလွန်မူ့နဲ့ မလွတ်ဘူး…။ ဒီလိုနဲ့ မြတ်စွာဘုရားထံရောက်တဲ့အခါ….ဘုရားက အဖြေပေးလိုက်တာရှင်းရှင်းလေးပါ….ယုံကြည်ချက်နဲ့ စေတနာအပေါ်မှာပဲ…..အဖြေက တည်မှီနေပါတယ်တဲ့…..။
လက်ပန်းတောင်းတောင် ကိစ္စမှာ ဒေါ်စုဟာ..ဘယ်လိုယုံကြည်ချက် ၊ စေတနာတွေနဲ့ ၀င်ရောက်ပြီး အမုန်းခံဖြေရှင်းပေးခဲ့တယ်ဆိုတာကိုတော့..အားလုံးသိပြီးဖြစ်လို့ အထူးပြောပြမနေတော့ပါဘူး……။ ကြိုက်ခြင်း မကြိုက်ခြင်း လက်ခံခြင်း လက်မခံခြင်းများဟာ..လူတစ်ဦးခြင်းဆီရဲ့အခွင့်ရေးများသာဖြစ်တယ်…..။ ကိုယ်မြင်တဲ့ ရှုဒေါင့်ကနေ ကိုယ်ဆုတ်ကိုင်ထားပိုင်ခွင့်ရှိတယ်…….။ ဒီနေရာမှာ အတိတ်ကာလတခုဆီကို နည်းနည်းရွေ့ကြည့်ချင်ပါတယ်…တခါက …လုပ်ဖော်ကိုင်ဖက် ရဲဘော်တဦးက….မြန်မာ့ရုပ်မြင်သံကြားကနေ ကူးထားတဲ့…ပုဂံမှာကျင်းပသွားတဲ့..ပြည်ခိုင်ဖြိုး ညီလာခံအကြောင်း ဖွင့်ပြတယ်…..။ ဒါကိုကြည့်နေဆဲ အချိန်မှာပဲ….သူဟာ ချုံးပွဲချငိုတယ်…ငါတို့တော်လှန်ရေးသွားပါပြီကွာတဲ့…..။ သူငိုမယ်ဆိုလည်း ငိုချင်စရာ…လူအုပ်ကြီးက မျက်စိတဆုံး…။ ဒေါ်စု အပါဝင်…အတိုက်အခံ အင်အားစုများကို ရှုတ်ချကြွေးကြော်သံတွေက…မိုးလုံးဟိန်းလို့….။ လူတွေဆိုတာ ကွင်းကြီးထဲမှာ ဖွေးဖွေးလှုတ် မျက်စိ တဆုံး…….အဓိက ပစ်မှတ်ကတော့…ဒေါ်အောင်ဆန်းစုကြည်ပေါ့…………။ လူတချို့ရဲ့ မျက်နှာသွင်ပြင်တွေပေါ်မှာ…ဒေါ်စုနဲ့ အခုပဲ…မျက်နှာချင်းဆိုင်တွေ့လိုက်ရင်…အပြတ်ဖဲ့ ပစ်လိုက်မယ်ဆိုတဲ့ ခတ်ထန်တဲ့….အသွင်ပြင်တွေနဲ့….။ မိုးယံထိတိုင် ထစ်ချုံးခဲ့တဲ့ ရှုတ်ချကြွေးကျော်သံများက..တုန်လှုတ်ဖွယ်…။ လူထု သောင်းပေါင်းများစွာနဲ့….ဒေါ်စုကို အပြတ်နှိပ်ကွပ်ခဲ့တဲ့ ညီလာခံကြီး…..။ ဦးဆောင်ကျင်းပပေးသူတွေက….အလုပ်မရှိကြောင်ရေချိုးသူတွေမဟုတ်..စစ်အာဏာရှင်ခေါင်းဆောင်ကြီးများ……။ ဒီအချိန်မှာ ဒေါ်စုကိုယ်တိုင်ကလည်း….အကျယ်ချုပ် ချုပ်နှောင် ခံနေရဆဲကာလများမှာ…..။
ဒီလိုနဲ့……ကာလ တခုကို ကျော်လွန်အပြီးမှာတော့…….
- မြန်မာနိုင်ငံတစင် တလျှားမှာ လူထုရဲ့အုံးအုံးကျွှက်ကျွှက်ထောက်ခံမူ့ကို ရယူနိုင်တာ ဘယ်သူလဲ…
- ရောက်ရာ နိုင်ငံတွေမှာ…..အဆင်မြင့် ဂုဏ်ပြုခံရတာ ဘယ်သူလဲ……
- ကြားဖြတ်ရွေးကောက်ပွဲမှာ…..အပြတ်အသတ် အနိုင်ရခဲ့တာ…ဘယ်သူလဲ….။
တကယ်တော့ လက်ပန်းတောင်း တောင် မှာ…ဒေါ်စုကို ရင့်ရင့်သီးသီး ရင်ဆိုင်ခဲ့တဲ့…တချို့ဟာ..သွေးပူနေတုန်းမို့ပါ…။ သွေးအေးသွားလို့…စဉ်းစားလာတတ်မယ်ဆို…( အစီရင်ခံစာကို လက်ခံတာ လက်မခံတာ ခနထား )…ဒေါ်စုရဲ့ယုံကြည်ချက်နဲ့ စေတနာတွေကို နားလည်လာမှာပါ………။
ဒေါ်စုကို ဒီလို ရင်ဆိုင် ခံရလို့ မခံမရပ်နိုင်ဖြစ်နေကြသူများလည်း…သိပ် အရမ်းကြီး မခံစားပါနဲ့….။ ဒေါ်စု ဒီလိုရင်ဆိုင် ခံရတယ်…ဆန္ဒပြခံရတယ်ဆိုတာ…ပုဂံညီလာခံထက်စာရင်…တော်တော်သေးပါတယ်…။ ပုဂံညီလာခံတုန်းက…ရုပ်မြင်သံကြားကတောင် တနိုင်ငံလုံးလွှင့်တာပါ……။ ဒီလိုဖြစ်ရပ်တွေဟာ နိုင်ငံရေးမှာ သိပ်မဆန်းပြားပါဘူး….။ ဒီမိုကရေစီ ကျင့်သားရတဲ့ ဒေါ်စုအတွက်တော့..ဖြစ်စဉ်တခုကို နားလည်နေမှာပါ။
သေချာတဲ့ အဆိုးထဲက အကောင်းတခုကတော့….ဒေါ်စု အပေါ်မှာ အမြဲတန်းဆန့်ကျင်ဘက် အနေထားမှာ ရှိခဲ့တဲ့…သူတွေဟာ…သူရဲ့ နိုင်ငံအပေါ်မှာ အမှန်တကယ်ထားရှိတဲ့…ယုံကြည်ချက်နဲ့ စေတနာ……အလုပ်အပေါ်မှာ ပြတ်သားတဲ့ သတ္တိ….။ အမုန်းခံရဲတဲ့…သတ္တိတွေကို ဘယ်လိုမှ မချီးကျူးပဲ မနေနိုင်လောက် အောင်ဖြစ်သွားတယ်ဆိုတာက တော့ အင်မတန်မှ ၀မ်းသာစရာပါ….။
သောက ဗျာပါဒတွေနဲ့ ဖိစီးနေရတဲ့..ရွာသူရွာသားတွေ….စိတ် လူပင်ပမ်းကြီးစွာ အလုပ်လုပ်နေရတဲ့ ဒေါ်စု….သူတို့ကို ကြည့်ပြီး…ရင်ထဲ မချိဖြစ်မိတယ်…။ ဒေါ်အောင်ဆန်းစုကြည်ဟာ…အကြောင်းအရာတခုအပေါ်မှာ…နားထောင်တတ်တဲ့သူတစ်ယောက်…ဆွေးနွေးလို့ရပါတယ်….မကျေနပ်ရင် ဆန္ဒပြပေါ့….။ ဒီလိုမဟုတ်ပဲ….လူထုခေါင်းဆောင်ကို…ရွာသားတွေအားကိုးနဲ့ အခက်တွေ့အောင်…လုပ်ခဲ့တဲ့…ဟန်ဝင်းအောင်ကို လည်း တခုပြောချင်တယ်…။ မင်း ရင်ဆိုင်တဲ့သူဟာ…အင်းစိန်သီးသန့်ထောင်က ထောင်ပိုင် အရူး ချစ်မောင်…မဟုတ်ဘူး…။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်………..။ ညီလေး….သိပ်မပြောချင်ဘူး..အခု ဒေါ်စုနဲ့ ပါလာတဲ့ လုံခြုံရေး…ဒေါ်စုဘေးနားမှာ အမြဲကပ်လျှက်ရှိနေတဲ့….ကိုမောင်မောင်ဦး ( နိုင်ငံရေး အကျဉ်းသားဟောင်း ) ကတော့……မင်း ကိုကြည့်ပြီး…ခေါင်းလေးတဆတ်ဆတ် နဲ့ ပြုံးနေပါလိမ့်မယ်….( သဘောကျလို့တော့မဟုတ်တန်ရာဘူး )….မင်း ဘာလည်း ဆိုတာ သိနေလို့…..။ ( ၁၉၉၆ ၀န်းကျင် မှာ ငါတို့ အင်းစိန် သီးသန့်ထောင် ရဲ့…တိုက်ခန်းတွေမှာ အတူနေခဲ့ကြဘူးပါတယ်…ဘယ်သူ ဘာလဲ..သိပါတယ် )။
( ဟန်ဝင်းအောင် )….လက်ပန်းတောင်းတောင် ကိစ္စမှာ…ဒေါ်စု ဦးဆောင်တဲ့ ကော်မရှင်ရဲ့…ဆုံးဖြတ်တင်ပြချက်ကို…အထက်မှာဖော်ပြခဲ့သလိုပဲ…ကြိုက်ခွင့်..မကြိုက်ခွင့်..ထောက်ခံခွင့် မထောက်ခံခွင့်ရှိတယ်….ဒါဘာမှ မဖြစ်ဘူး…လက်ပန်းတောင်း တောင် ကိစ္စကိုပဲ ဆက်လုပ်လုပ်…တကမ္ဘာလုံးအတွက်ပဲ လုပ်လုပ်…ဒါ မင်းသဘော…..။ဒါပေမဲ့..လူထု ခေါင်းဆောင်ကို စော်ကားခွင့်မရှိဘူး…။ ထပ်ပြောမယ်….သဘောထားကွဲလွဲခွင့်ရှိတာ…ဒီမိုကရေစီ အနှစ်သာရ..စော်ကားတယ်ဆိုတာ…အောက်တန်းကျတာ
 
 
မောင်မောင်ဝမ်း
15.3.2013

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်




ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ဟောင်းများနှင့် ပတ်သက်ပြီး အလွန်အကျွံသည်းခံသူဖြစ်ကြောင်း NLD ၀ါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်က ဝေဖန်ပြောဆိုလိုက်သည်။ဝါရှင်တန်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာ Veteran Burmese activist Win Tin says democracy icon Suu Kyi is too conciliatory  ခေါင်းစဉ်တပ် ဆောင်းပါး တစ်ပုဒ်တွင် ယမန်နေ့ရက်စွဲဖြင့် ယင်းသို့ ရေးသားထားခြင်း ဖြစ်သည်။”ကျွန်တော်တို့ထဲကတချို့ကတော့ ဒီစစ်ဗိုလ်ချုပ်တွေကို ဘင်္ဂလားပင်လယ်အော်ထဲ ပို့လိုက်ချင်တာ။ သူကတော့ (ရန်ကုန်မြို့)ကန်တော်ကြီးထဲ တွန်းချလိုက်တာမျိုးလောက်ပဲ လုပ်ချင်တာ” ဟု ဦးဝင်းတင်က ပြုံးပြီး ပြောသည်ဟု ရေးထားသည်။

ဆောင်းပါးတွင် ဦးဝင်းတင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြောင်းကို အသားပေး ရေးထားသည်ကို ဖတ်ရမည်ဖြစ်သည်။

ဒေါ်စုက တချိန်ချိန်တွင် သမ္မတဖြစ်လာရေးအတွက် စစ်ခေါင်းဆောင်များနှင့် ညှိနှိုင်းစေ့စပ်ပြီး အခြေခံဥပဒေကို ပြင်ဆင်လိုဟန်ရှိသည်ဟု ယုံကြည်ရကြောင်း၊
ဦးဝင်းတင်က အခြေခံဥပဒေကို ဖျက်သိမ်းလိုသူဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

စစ်အုပ်စုက အပြောင်းအလဲ အနည်းငယ် လုပ်ပြရုံဖြင့် သွေးအေးမသွားကြရန် သူ၏ လုပ်ဖော်ကိုင်ဘက်များကို သတိပေးနေရသည်ဟု ဆိုသည်။

“စာနယ်ဇင်းသမား တော်တော်များများ၊ နိုင်ငံရေးသမား တော်တော်များများက အခြေအနေ ကောင်းနေပြီလို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ သိပ် ကျေနပ်နေကြတယ်။ ပွင့်ပွင့်လင်းလင်း မပြောချင်ကြဘူး။ သူတို့က အစိုးရကို မဝေဖန် မတိုက်ခိုက်ချင်ကြဘူး။ အဲဒါ ပြဿနာပဲ” ဟု ဦးဝင်းတင်က ၀ါရှင်တန်ပို့စ်ကို ပြောလိုက်သည်။

သံတမန်တချို့ကမူ အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်သော ဦးဝင်းတင်သည် သဘောထားတင်းမာသူ၊ လက်ရှိ အပြောင်းအလဲနှင့် အံဝင်ခွင်ကျခြင်းမရှိသောသူတစ်ဦးဟု မြင်ကြသည်ဟု ယင်းဆောင်းပါးက ဆိုသည်။

NLD မှ ခွဲထွက်သွားသူများနှင့် ဖွဲ့စည်းထားသည့် NDF ပါတီ ဌာနချုပ်တွင်လည်း ဦးဝင်းတင်က နာမည်ကောင်းမရကြောင်း ဆောင်းပါးတွင် ဆက်လက် ဖော်ပြထားသည်။

ထောင်သက်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဦးဝင်းတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပုံကိုလည်း ၀ါရှင်တန်ပို့စ် ဆောင်းပါးတွင် ရေးထားသည်။

“သူက ရူးနေတဲ့လူပဲ။ ထောင်ထဲမှာပဲ အာဇာနည်အဖြစ် သေသွားချင်တဲ့သူပဲ” ဟူသော အသက် ၇၁ နှစ်အရွယ် ဦးခင်မောင်ဆွေ၏ စကားကို ကိုးကား ဖော်ပြထားသည်။

ဦးဝင်းတင်သည် အကျဉ်းသားယူနီဖောင်းဖြစ်သည့် အပြာရောင်ကို အမြဲ ဝတ်ဆင်လေ့ ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာသည်အထိ ထိုကဲ့သို့ ၀တ်ဆင်မည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်ချက်ကို ဖော်ပြထားသည့် ဤဆောင်းပါး ထွက်ပေါ်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုစုသည့် လက်ပံတောင်းဒေသအစီရင်ခံစာအပေါ် အများအပြားက မကျေမနပ် ဖြစ်နေချိန်နှင့်

တိုက်ဆိုင်နေသည်ကို တွေ့ရှိရသည်။
မိုးမခအထောက်တော် အမှတ် ဝဝ၂
မတ် ၁၃၊ ၂၀၁၃

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAChT08wT8nCEryorPlbvC5d0GxFvpDUf4ZClNqIzupmKjqTMA9MYFmM04YlnV0qle70RDEX-ipakx9zJtL3gWSX_kXNzIGj9kdCUQsfY7BSyRVEJoktk7IPvRzi_IyozHnz4oq-qKl-5_/s1600/uwintin-suu.jpg
ဓာတ်ပုံ – James Mackay

Thursday, 14 March 2013

ပွဲပြီးအောင်စောင့်စေချင်ပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကို လက်ပန်းတောင်ကိစ္စနဲ့ ပုတ်ခတ်အပြစ်တင်နေကြသူတွေဟာအလုပ် မပြီးခင် ဗမာကိုဗမာလို့  မမြင်စေနဲ့ ဆိုတဲ့စားကို ပုံဖော်ပြနေသလိုပါလား..ပွဲပြီးအောင်စောင့်စေချင်ပါတယ်။

နိုင်ငံကြီး ဒီလိုအနေအထား ရောက်လာတာ အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်မပါရင် ဘယ်လိုမှ ဖြစ်မလာဘူးဆိုတာ လက်ခံဖို့ ၀န်လေးနေကြတယ်။အမေစုကခန္တီပါရမီပြည်စုံပြီးနေတဲ့သူတော်ကောင်းငြိမ်ချမ်းရေး မေတ္တာရှင်ကြီးပါ။
စိတ်နေစိတ်ထားကောင်းမွန်သူ လူသားမှန်သမျှလေး
စားကြည်ညိုဂါရ၀တရားထား ဂုဏ်ပြုနေကြရင်သိပ်ကောင်းမှာဖြစ်ပါတယ်
အမေကိုချစ်သူလေးစားသူတိုင်းအမေရဲ့လမ်းညွှန် ချက်ကိုတသွေမသိမ်းစည်းစည်လုံလုံး ကျရာနေရာကနေ၀န်းရံပန့်ပိုး
ကြရင်၊ မြန်မာ ဟာ အာရှမှာ တကယ်ကိုပါဝါပြည့်တဲ့ကျားကြီး တစ်ကောင်လို ဘေးက နိုင်ငံတွေ ကလေးစားရမယ့်အနေအထားပါ ။
မြေကြီးလက်ခတ်မလွဲ ပါဘူးလို့  ကျွန်တော်အပြည်အ၀ယုံကြည်ပါတယ်၊
အစိုးရ ဘယ်လိုပဲ ပြောင်းလဲအောင် လုပ်ခဲ့တယ်ဆိုဆို သူမလောင်းရိပ်အောက်က ပြောင်းလဲလာတာဆိုတာကို ဆက်စပ်တွေးယူဖို့ မမေ့ကြနဲ့ ကျေးဇူးကန်းတွေရေ။


ကိုထွန်းဝေ

ဒေါ်အောင်ဆန်းစုကြည် ရှင်းပြသော မီးခိုးဗုံးအကြောင်းနှင့် ကော်မတီ၏ လက်ပန်းတောင်းတောင် ကိစ္စတင်ပြပါအတိုင်း မလုပ်ပါက အပြစ်ကြီးကြောင်း၊ မလုပ်ပါက လွှတ်တော်သို့ တိုင်ကြားရန် ပြောကြား




မီးခိုးပုံးကိစ္စဖြေကြားချက်
တကယ်တော့ ကျွမ်းကျင်တဲ့သူမရှိလို့ပါ၊ တကယ်တော့ ဒါမီးလောင်ဗုံးမဟုတ်ဘူးနော်၊ ရဲသားတွေအလုပ်လုပ်တဲ့အခါမှာ တိတိကျကျလုပ်ရမယ်၊ မှန်မှန်ကန်ကန်လုပ်ရမယ်၊

တခြားသူတွေအကျိုးယုတ်အောင်လို့ မမှန်ကန်တဲ့ စကားတွေ မသုံးမိအောင်လို့ သတိထားရတယ်၊ မီးလောင်ဗုံးဆိုတော့ တမင်မီးလောင်စေချင်လို့ ပစ်တယ်လို့ သဘောတရားဖြစ်တယ်၊

မီးလောင်ဗုံးမဟုတ်ဘူး၊ မီးခိုးဗုံးတွေပါ၊ ရှင်းပြရမယ်ဆိုရင် မီးခိုးဗုံးတွေက ဘာအတွက် သုံးတာလဲဆိုရင် စစ်မြေပြင်မှာ သုံးတာ၊ ဒီဘက်ကတပ်တွေလှုပ်ရှားမှုကို ရန်သူက မမြင်ရအောင်လို့၊

မနက်ဖြန်လာမဲ့စေတနာရှင် ဗိုလ်ချုပ်တွေကို ဒီလို ဆန္ဒပြစေချင်ပါတယ်


အတိအကျ နားထောင်ပါ


၂၅ နှစ်လုံးလုံး ကွန်ကရစ်နဲ့ ဆောက်ခဲ့တဲ့ အိမ်.....သံတချက် ရိုက်ယုံနဲ့ ပြို မသွားဘူး

ဒုတိယ ဒီပဲယင်း အရေးအခင်းကို ဖန်တီးဖို့ ကြိုးစားနေတဲ့
လူတွေ အများကြီး ရှိတယ်ဆိုတာ သတိထားစေချင်ပါတယ် ။
၂၅ နှစ်လုံးလုံး ကွန်ကရစ်နဲ့ ဆောက်ခဲ့တဲ့ အိမ်.....သံတချက် ရိုက်ယုံနဲ့ ပြို မသွားဘူး
မြန်မာနိုင်ငံ အတွက် အရမ်းကို တန်ဖိုးကြီးမားတဲ့ ခေါင်းဆောင်
တစ်ယောက် အလဟာသ ဆုံးရှုံးရမှာကို စိုးရိမ်နေမိပါတယ် ။

ကိုထွန်းဝေ

15.3.2013

အားလုံးရဲ့နှလုံးသားကိုဒေါ်အောင်ဆန်းစုကြည်ဆွဲကိုင်လှုပ်ခဲ့ပြီ



လက်ပန်းတောင်းတောင် အစီရင်ခံစာထွက်ပေါ်လာပြီး၊ ပြည်သူတွေကြားမှာ သဘောထားအမျိုးမျိုးကွဲလွဲခဲ့ကြပါတယ်။ ဒေသခံတွေကလည်း အစီရင်ခံစာကို ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဆန္ဒပြတာတွေဖြစ်ပေါ်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင်ဒေသခရီးစဉ်ဒုတိယနေ့



ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်စီမံကိန်းအနီးရှိ ကျေးရွာများဖြစ်သော ကံကုန်း၊ဒုံးတော၊ကျော်ရွာ၊မိုးကြိုးပြင်၊ဆည်တဲ စသည့်ရွာများကို တစ်ရွာဝင်တစ်ရွာထွက်သွားရောက်ကာ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းခဲ့သည်။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

Wednesday, 13 March 2013

လက်ပန်းတန်းတာင်ဆန္ဒပြပွဲမြင်ကွင်းများ

 သတင်းစာတွင်ပါသောစုံစမ်းရေးကော်မရှင်အစီရင်ခံစာကိုဖတ်ရှုနေသောတုံရွာဒေသခံအမျိုးသမီးတစု
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ



အလုပ်မလုပ်သူက ဘာမှမလုပ်တော့ ဘာမှဝေဖန်စရာမရှိဘူး



လုပ်သလိုမဖြစ်ခဲ့ရင် ဖြစ်သလိုလုပ်ကိုင်မနေထိုင်ပဲ နေထိုင် လုပ်ကိုင်ဆောင်ရွက်ချက်တိုင်းမှာ ကောင်းမွန်သော စိတ်ရင်း စေတနာအမှန်နဲ့လုပ်ကိုင်နေထိုင်ရင်းနဲ့ လုပ်ဆောင်ချက်တိုင်းမှာ
အကောင်းဆုံးတွေတော့ရှိလာမှာပါ
ဘာမှ မလုပ်ပဲနေသူထက် အများကြီးသာပါတယ်
ဘ၀မှာ

လက်ပံတောင်းအရေး ဦးပိုင် ဘာပြောလဲ



Wednesday, March 13, 2013  ဧရာဝတီ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အညီ လုပ် ငန်း ဖော်ဆောင်ရေး ကော်မတီရဲ့ ညွှန်ကြားမှုတွေကို ဦးပိုင်က လိုက်နာမှာ ဖြစ်တဲ့အကြောင်း မတ်လ ၁၂ ရက်နေ့စွဲနဲ့  ကြေညာချက် ထုတ်ပြန်မှုကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။ 



အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာဖော်ပြထားတဲ့အတိုင်း ပြန်လည်ဖော်ပြ လိုက်ပါ တယ်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပေါ် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ သဘောထားထုတ်ပြန်ချက်

"ဘုန်းတော်ဘွဲ့တော့မဟုတ်..လက်တွေ့ပါ"

ပုရစ်ပေးပို့ တဲ့ မူရင်းအတိုင်းဖော်ပြပါတယ်

(၁) ကျွန်တော်တို့ က လက်ပန်းတောင်းတောင်ကိုပဲ မြင်ပေမယ့် အပေါ်က စီးမိုးကြည့်တဲ့ မြင်ကွင်းမှာနိုင်ငံခေါင်းဆောင်က ဘာကို မြင်ထားပါသလဲဆိုတာနဲ့  နိုင်ငံရေး ကစားကွက်အရ အပေးအယူ အလျှော့အတင်း ကစားကွက်က ဘာဖြစ်မလဲဆိုတာတွေမှာ ကျွန်တော်တို့  သိနိုင် မြင်နိုင် တွေးနိုင်တာထက်မက ရှိနေနိုင်တာမို့ ပါ။

(၂) အနည်းဆုံးတော့ ကျွန်တော်တို့  လူထုခေါင်းဆောင်ကို ယုံရပါလိမ့်မယ်။ မယုံရင်တောင်မှပဲ ကျွန်တော်တို့  မဖြစ်မနေ ယုံကြည်ပေးကြရပါလိမ့်မယ်။

(၃) ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေတာမို့ ပါ။ မြန်မာနိုင်ငံရဲ့  ပုံရိပ်ပါ။ ဒီမိုကရေစီရဲ့ သင်္ကေတပါ။ လွတ်မြောက်မှုရဲ့ အမှတ်အသားပါ။

(၄) မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမို ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ် ကျွန်တော်တို့ မှာ အစားထိုးစရာ မရှိပါဘူး။

(၅) မြန်မာ့အရေးကိုကမ္ဘာကအသိအမှတ်ပြုခဲ့ကြတာသိနားလည်ခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည်က တစ်ဆင့်ပါ။

(၆) ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတဲ့အတွက် သူဟာ လမ်းမှားချင်တယ် ဆိုစေဦးတော့ မှားလို့  မဖြစ်တဲ့သူပါ။

(၇) သူဟာ သမိုင်းကြောင်းရှိတဲ့ ပုဂ္ဂိုလ်ပါ။ သူဟာ ဗိုလ်ချုပ်ရဲ့ သမီးပါ။လွယ်လွယ်နဲ့  လမ်းမှားလိုက်လို့  မဖြစ်တဲ့သူပါ။ သူ့ ကိုယ်ကျိုးထက် တိုင်းပြည်အရေးကို ဦးစားပေးရမယ့်သူပါ။ ဒီလမ်းက သူရွေးချယ်ထားတဲ့လမ်း ဖြစ်နေတဲ့အပြင် သူ့ ရဲ့  သမိုင်းပေးတာဝန်လည်း ဖြစ်နေလို့ ပါ။

(၈) တစ်ခါတစ်လေ ကျွန်တော်တို့ က ကိုယ့်ခေါင်းဆောင်ကိုယ် ပုံပြင်ထဲက လူစွမ်းကောင်း တန်ခိုးရှင်လို့  ထင်ယောင်မှားသွားလို့  တတ်ကြပါတယ်။ ဒါပေမယ့်လည်း သူဟာလည်း သာမန်လူသား တစ်ယောက်ပဲ ဖြစ်တဲ့အတွက် လုပ်ဆောင်နိုင်မှု အတိုင်းအတာ ကန့် သတ်ချက်တွေ ရှိနေနိုင်တယ် ၊ အမှားတွေလည်းပဲ ရှိနေနိုင်ပြီးစိတ်ခံစားမှုတွေလည်း ရှိနေနိုင်ပါလိမ့်မယ်။ လူသားပီပီ မှားကောင်းလည်း မှားနိုင်ပါလိမ့်မယ်။

(၉) ပြည်သူအများစုကို ကိုယ်စားပြုနေရတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အနေနဲ့  အင်မတန်မှလည်း တာဝန်ကြီးသလို အလွန်မှလည်း ပင်ပန်းနေပါလိမ့်မယ်။ ဒါပေမယ့်လည်း သူဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ကျွန်တော်တို့  နိုင်ငံကို ဒီမိုကရေစီ ရရှိစေမယ့် အမှတ်သင်္ကေတ ပါ ။ သူက သူ့ ပြည်သူတွေအတွက် လုပ်နေခဲ့သလို သူ့ ရဲ့  ပြည်သူတွေကလည်း သူ့ ကို မားမားမတ်မတ် ၀န်းရံပေးဖို့ တော့ လိုမှာ ဖြစ်ပါတယ်။

(၁၀) သူ့ ကိုမှ ကျွန်တော်တို့  မယုံရင် ဘယ်သူ့ ကို ပြောင်းပြီး ယုံကြည်ကြမှာလဲ။ ဘယ်သူကရော ကျွန်တော်တို့  မျက်စိမှိတ်ပြီး ယုံကြည်နိုင်တဲ့သူ ဖြစ်မှာပါလဲ။

(၁၁) လူသာမန်ဖြစ်နေလို့  မှားချင်တယ် ဆိုဦးတော့ ဒေါ်စုဟာ သူ့ ရဲ့  ကြီးမားကောင်းမွန်လှတဲ့ သမိုင်းကြောင်းကြီးကိုတော့ ပြောင်းပြန် ပြန်ပြောင်းရေးဆွဲမယ့်သူ မဟုတ်ပါဘူး။ အဲဒီလို မဖြစ်မနေ စောင့်သိရမယ့် သမိုင်းပေးတာဝန်ကို မဖြစ်မနေ ထမ်းရွက်နေရတဲ့သူပါ။ အဲဒီထက် ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ မှာ အခုထိ အစားထိုးရွေးချယ်စရာနောက်ထပ် လူထုခေါင်းဆောင် ရှိမနေပါဘူး။

(၁၂) တစ်ကယ်လုပ်နေရတဲ့ သူတွေရဲ့  အကျပ်အတည်းတွေ၊ စည်းတွေ ဘောင်တွေ ၊ ကန့် သတ်ထားခံရတဲ့ ပေးထားချက်တွေ ၊ အများပြည်သူကို ချပြလိုက်လို့  မရနိုင်သေးတဲ့ အပေးအယူ အလျှော့အတင်းတွေကိုလည်း အကုန်မသိနိုင်ပါဘူး။ ဘေးကကြည့်နေရတဲ့အတွက် မမြင်သာတာ ၊ မသိနိုင်တာတွေလည်း ရှိနေမှာ အမှန်ပါ။

(၁၃) အဲဒါကြောင့်ကျွန်တော်တို့ က ပြည်သူတွေအနေနဲ့  ဝေဖန်စရာရှိရင် ဝေဖန်ကြရပါလိမ့်မယ်။
ထောက်ပြစရာရှိတဲ့အခါ ထောက်ပြကြရပါလိမ့်မယ်။ သတိပေးစရာ ရှိတဲ့အခါ သတိပေးကြရပါလိမ့်မယ်။

(၁၄) ဒါပေမယ့်ကျွန်တော်တို့  ကိုယ့်ခေါင်းဆောင်ကိုယ် ယုံကြည်ကြရပါလိမ့်မယ်။ မဖြစ်မနေကိုယ် ယုံကြည်ပေးကြရပါလိမ့်မယ်။

(၁၅) ကျွန်တော်တို့ ဟာ သမိုင်းမှာ အင်မတန်မှ အရက်စက်ဆုံး ၊ အကောက်ကျစ်နိုင်ဆုံးလို့  ရာဇ၀င်မှာစာတင်လောက်တဲ့ အာဏာရှင် လက်ဟောင်းတွေ၊ အာဏာရှင် အသွင်ပြောင်းတွေ ၊ အာဏာရှင် တဖြစ်လဲ တွေကို ရင်ဆိုင်နေကြရတာပါ။ သူတို့ ရဲ့  အာဏာ တည်မြဲဖို့ အတွက် ၊ သူတို့ ရဲ့  အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက်ဆို ဘာကိုမဆို လုပ်ဝံ့ကြသူတွေနဲ့  ရင်ဆိုင်နေကြရတာပါ။

(၁၆) လှည့်ကွက်အမျိုးမျိုး ၊ ခွင်အမျိုးမျိုးဆင်ထားရင်း ၊ ဂတိဆိုတာမရှိ ၊ တာဝန်ယူမှုဆိုတာ နားမလည်ချင်ယောင်ဆောင် ပြည်သူကို ထပ်ခါထပ်ခါ လိမ်ဖို့  နည်းနည်းမှ အရှက်သိက္ခာ မရှိသော ကမ္ဘာ့ အံ့ဖွယ် အစိုးရဆိုတဲ့ အာဏာရှင်လက်ဟောင်းကြီးများကို ရင်ဆိုင်နေကြရတာပါ။

(၁၇) ဒီအခြေအနေက ကျွန်တော်တို့ ပြည်သူတွေအတွက် စိတ်ချရပြီလို့  ပြောလို့  မရနိုင်သေးတဲ့ အခြေအနေပါ။ ပြည်သူတွေရဲ့  အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု လွတ်လပ်မှု စား ၀တ် နေရေး ဘာတစ်ခုကမှ အာမခံချက်မရှိသေးတဲ့ အခြေအနေပါ။

(၁၈) အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ဖို့  ပြည်သူအားလုံး အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ပြီးမှ ရုန်းကန် လာခဲ့ကြရတာပါ။ ဒီလောက်နဲ့  ဒီလို အခြေအနေမျိုးနဲ့ တော့ ကျွန်တော်တို့  လက်လျှော့လိုက်ဖို့  အဆုံးရှုံးခံလိုက်ဖို့  မဖြစ်နိုင်ပါဘူး။

(၁၉) ဆက်လိုက်ရင်ဆိုင်ကြရမှာပါ။ အဲဒီလို အခြေအနေတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆက်လက်ပြီး ခေါင်းဆောင်ပေးမှုကို ကျွန်တော်တို့ ပြည်သူတွေ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။

(၂၀) အာဏာရှင်တွေကိုဆက်လက်ရင်ဆိုင်နိုင်ဖို့  ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အားကို ကျွန်တော်တို့  မဖြစ်မနေရဖို့  လိုအပ်ပါတယ်။ ဒေါ်စုရဲ့ ပုံရိပ်ကို ပြည်သူတွေ ဆက်ပြီးတော့ အားကိုးကြရဦးမှာပါ။

(၂၁) ၂၀၁၅ မှာ ထပ်ပြီးတော့ မဲမလိမ်ဖို့  ၊ အရပ်သားစစ်စစ် အစိုးရ တက်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ကို ပြည်သူတွေ ဆက်ပြီးတော့ လိုအပ်ပါတယ်။ ဒီမိုကရေစီကိုသာ အမှန်လိုချင်တယ်ဆို ၊ အာဏာရှင်လက်အောက်ကနေသာ အမှန်တစ်ကယ် လွတ်မြောက်ချင်တယ်ဆိုရင် လူထုခေါင်းဆောင်ကို အခုနေတော့မျက်စိမှတ်ပြီး ယုံကြည်ပေးကြရပါမယ်။

(၂၂) ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်တို့ အခုနေမှာတော့ သူ့ ထက်ပိုယုံကြည်ပေးလို့  ရမယ့်သူ မရှိလို့ ပါ။

(၂၃)ကိုယ် နှုတ်အမူအရာ နူးညံ့ငြင်သာ လေရုံနဲ့  တော့ တာဝန်ယူမှု ဆိုတာတွေကို အကြီမ်ကြိမ် ရှောင်လွှဲလေ့ရှိတဲ့ ကျွန်တော်တို့ ရဲ့  လက်ရှိသမ္မတကြီးကို ကျွန်တော်တို့  ပြောင်းပြီး ယုံကြည်လိုက်လို့  မရပါဘူး။

(၂၄) တစ်ချိန်က စစ်ခေါင်းဆောင်ဟောင်းကို ယုံတာထက် လူထုခေါင်းဆောင်ကို ယုံကြည်လိုက်တာက ပြည်သူတွေအတွက်ဘေးထွက်ဆိုးကျိုး နည်းစေမှာ ဖြစ်ပါတယ်။

(၂၅) ပြည်သူ့ အကျိုးစီးပွားထက် အာဏာရှင်ဟောင်းကြီးတွေရဲ့  အကျိုးစီးပွား ၊ အသက်အိုးအိမ် စည်းစိမ်များကိုသာ ဦးစားပေးပြီး ကာကွယ်ပေးသွားရမယ့် တာဝန်ရှိနေတဲ့ လက်ရှိ အာဏာရှိသူများ ရဲ့  ဖျက်ဆီးမယ့် လှည့်ကွက်တွေထဲကို ပြည်သူတွေ လိုက်ပါစီးမျောလို့  မဖြစ်ပါဘူး။

(၂၆) ကျွန်တော်တို့  ပြည်သူတွေ အချင်းချင်းပဲ သတိပေးအသိပေးပြီး သွေးစည်းညီညွတ်ကြရမှာပါ။


(၂၇)နွားကွဲရင် ကျားဆွဲမယ့်မူကို အာဏာရှင်လက်ဟောင်းကြီးများ ပြင်ထားကြပါပြီ။ အဲဒါကို ရည်ရွယ်ပြီးလှည့်ကွက်တွေကို အမျိုးမျိုး ဆင်နေကြပါတယ်။

(၂၈) အရာရာတိုင်းအတွက် ဒေါ်စုကို ထိုးကျွေးဖို့  ပြင်နေကြပါတယ်။ လူထုက သူတို့ ရဲ့  လူထုခေါင်းဆောင်ကို မုန်းသွားဖို့  ၊ အကြည်အညိုပျက်စေဖို့  အမျိုးမျိုး ကြံစည် နေကြပါတယ်။

(၂၉) အဲဒီလှည့်ကွက်တွေထဲကို ပြည်သူတွေ မ၀င်ကြဖို့  အရေးကြီးနေပါတယ်။ သတိရှိကြဖို့  ၊ အသိရှိကြဖို့  လိုအပ်နေပါတယ်။ ဒီမိုကရေစီ စံနစ်သာ ခိုင်မြဲသွားဖို့  ၊ အရပ်သားစင်စစ်သာ အမှန်တကယ် တိုင်းပြည်ကို ဦးဆောင်ခွင့်ရဖို့  အရေးကြီးပါတယ်။

(၃၀) ခေါင်းဆောင်က ပြည်သူကိုစွန့် ပစ်လို့  ဖောက်ပြန်ပါတယ်ဆိုရင်တော့လည်း အဲဒီတော့မှ ပြည်သူကစွန့် ပစ်လိုက်ဖို့ ၊ အရေးယူလိုက်ဖို့  နောက်ကျမသွားဘူးလို့  ယူဆပါတယ်။

(၃၁) ပြည်သူအားနဲ့  ပြည်သူကြိုက်တဲ့ ခေါင်းဆောင်ကို အမှန်တစ်ကယ် ရွေးကောက်တင်မြှောက်ခွင့် ရရှိတဲ့ အချိန်ထိ ပြည်သူတွေ စည်းလုံးဖို့ ၊ အာဏာရှင်လှည့်ကွက်ထဲ မ၀င်ကြဖို့  အရေးတစ်ကြီး လိုအပ်ပါတယ်။ပြည်သူ့ အား ဆိုတာကို လိုအပ်တဲ့ အချိန်မှာ အရေးပါတဲ့ အချိန်မှာ ကျွန်တော်တို့  ပြသတတ်ရပါလိမ့်မယ်။ ။

-------------------------------

Pyay Chit Thu ရဲ့ ထိရောက်တဲ့အရေးအသားပါ.
ကျေးဇူးတင်ပါတယ် ကို Pyay Chit Thu
မူရင်းnote လင့်..
https://www.facebook.com/notes/pyay-chit-thu/အာဏာရှင်စံနစ်ကို-အကြွင်းမဲ့-တိုက်ထုတ်ကြတဲ့အခါ-/137557006417890

ငရဲ သား Thein Win Tun Wai

အစိုးရ ကြေငြာချက်

ရဲထွတ်

သက်ပြင်းသာ ..ချမိပါသည်.




အစီရင်ခံစာကို ကန့်ကွက်သူများ ..။

မကျေနပ်သူများ ..။

သွေးချောင်းစီးမည်ဟု ကြိမ်းဝါးသည့် .. လူပုဂိုလ်မဟုတ်သူများကိုလည်း အံ့သြမိပါသည်...။

ထိုမျှလောက် ထောင့်စေ့သော အစီရင်ခံစာအား ဒေသခံများအတွက် အကျိုးမရှိ ဟု .. ဖွနေသော မီဒီယာများအား အံ့သြပါသည်..။

အချက်သုံးချက်ပါ အကြံပြုချက်များနှင့် စီမံကိန်းအား ယခုပုံစံအတိုင်း ဆက်လုပ်ခွင့်ကို လက်မခံသော အစီရင်ခံစာ၏ အဓိက ဆိုလိုရင်း၊
ယခင်သီးနံလျော်ကြေးများ မြေယာလျော်ကြေးများနည်းပါးမှုနှင့် အခြားတာဝန်မဲ့မှုများ၊ EIA SIA အစရှိသည်တို့ မရှိပုံကို ပွင့်လင်စွာထောက်ပြထားသော အချက်များကို မကျေနပ်သူတို့ မျက်စိလျှမ်းသွားသည်မှာ သေချာပါသည်...။

နောက်တစ်ချက်က ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် သဘောသဘာဝကို မီဒီယာများတွင် ကန့်ကွက်နေသော ပညာရှင်ဆိုသူများ နိုင်ငံရေးသမားဆိုသူများနှင့် မိမိ Role မိမိ မြှင့်တင်ချင်သူများ၊ ဒေါင်းခြေသည်းကို အကာအကွယ်ယူထားသော အနီရောင်ကြယ်များက နားလည်ဖို့ ကြိုးစားကြစေချင်ပါသည်..။

Performance တောင် အကွက်စုံအောင် ပြတတ်သေးတာပဲ ..။ ဒီအစီရင်ခံစာ ဆိုလိုရင်းကိုလည်း .. သဘောပေါက်ကြမည် ထင်ပါသည်...။

Tuesday, 12 March 2013

သွေးမုန်တိုင်း နိဒါန်း



အတွေးတွေအခြေမကျတဲ့ သွေးမြေကျခဲ့မတ်လ
ဦးနှောက်မဲ့နှလုံးသား
ပိတ်ဆို့ခံထားရတဲ့ အတွေးအခေါ်များနဲ့
လက်မရွံ့ကြေးစား ဖောက်ပြန်ရေးသမားတွေရဲ့
မတရားအလံထူထားတဲ့ အလကားလူတွေကြောင့်
တံတားဖြူနဲ့အင်လျားကန်မှာ
ကံဆိုး မိုးမှောင်ကျ ၊
သွေးမုန်တိုင်း နိဒါန်းအစပျိုးခဲ့တယ် ။

နွေထက်ပူလောင်တဲ့ ဒီမတ်လမှာ
မတ်တပ်ရပ်ကာစ လူ့အခွင့်အရေး
သွေးစက်များ ပေကျံ
ထောင်အချုပ်ကားထဲ အသက်ရှုရပ်သလို
မနက်ဖြန်တွေ မွန်းကြပ်နေတယ်။

သံချေးတက်နေတဲ့ စနစ်ဟောင်းမှာ
တိုက်ပုံနဲ့ ခေါင်းပေါင်းဝတ်များရဲ့
မြန်မာ့နည်း ၊မြန်မာ့ဟန်လို ဖောက်ပြန်ခဲ့ အမွေကို
ဗြောင်လိမ်ဗြောင်စားတဲ့ စစ်ယူနီဖောင်းဝတ်များထံ လွှဲပြောင်း
အဆိုးအမှားတွေ ပြင်းထန်တဲ့ အမှောင်ဘ၀များကို
အရှင်လတ်လတ် ဆင်းရဲခြင်းတွင်းနက်နက်ထဲ တွန်းချနေတယ် ။

စီးပွားရေး ချောက်ထဲကျတဲ့ ခေတ်မှာ
ကတောက်ကဆတွေ မကြာကြာဖြစ်ရ
ကမောက်ကမ ဖြစ်မှုတွေ ဒုနဲ့ဒေး
အကျင့်စာရိတ္တပျက်မှုများက လျှပ်စစ်မီးလို ခဏခဏပျက်
သွေးစွန်းလက်နဲ့ဘုရားတည်
မကောင်းမှုတွေရဲ့နိဂုံးမှာ ငရဲရောက်မယ်ဆိုတာ ကြိုသိလို့
ယတြာချေတဲ့ အနေနဲ့
ငရဲနဲ့နီးနီးမှာ မြေအောက်လှိုဏ်ခေါင်းတူးပြီးနေကြတယ်။

ရုန့်ရင့်ကြမ်းတမ်းမှုများကို ရပ်တန့်ကမရပ်ပဲ
ရန်စွယ်ရန်ငြိုးများ စစ်မီးလိုမွှေးကာ မျိုးပွားပြီး
အာဏာကို စစ်သွေးနဲ့ ဆေးကြောသူတွေကြောင့်
ရုန်းရင်းဆန်ခတ်မှုများ ခေတ်အဆက်ဆက်မှာ ဖြစ်ပွားခဲ့တယ် ။

အတွေးတွေ အခြေမကျတဲ့
သွေးမြေကျခဲ့ မတ်လ
အရိုးတောင်တန်းတွေ အထပ်ထပ်
သွေးမြစ်တွေ ဖြတ်စီး
အိပ်မောကျနေတဲ့ ကမ္ဘာကြီးကို
သွေးချင်းချင်းနီစဲလက်များနဲ့ လှုပ်နှိုးခဲ့တယ်။

အောင်ခိုင်မြင့်

၁၃ မတ်လ ၂၀၀၉

ပြန်/ဆက် ဒု ညွှန်မှူးကို ဌာနတွင်း အမိန့်ချတော့မည်



Monday, March 11, 2013

ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း အား ကားလမ်းပြောင်းပြန်
မောင်းပြီး ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမား ၃ ဦး စီးလာသည့် ဆိုင်ကယ်အား ဝင်တိုက်ခဲ့မှုဖြင့် ၎င်း၏ ဌာနက စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်နေပြီး ယခုလ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးမျိုးဝင်းကို ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်/ဆက် ဦးစီးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးနေခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆေးချက်များမှ ရရှိလာသည့် အချက်အလက်များနှင့် အခင်းဖြစ်ပွားမှု
ဖြစ်စဉ်အပေါ် မူတည်၍ ပြစ်ဒဏ် သက်ရောက်မည် ဖြစ်ကြောင်း ပြန်/ဆက် ဦးစီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ပြောသည်။

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး


မန်းသားလေး| March 11, 2013
ကာကွယ်ရေးဝန်ကြီးဌာန ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့ ဆွေးနွေးပွဲ ခေတ္တနားချိန် လက်ဘက်ရည်ဝိုင်းမှာ စကားပြောနေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တို့ မတ်လ ၁၁ ရက်နေ့ တရုတ်ပြည် ရွှေလီမြို့တွင် တရားဝင် အပစ်အခတ်ရပ်ဆဲနိုင်ရေး ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုအဆင့် ၃ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ထူးခြားမှုအနေဖြင့် နှစ်ဘက် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်လာခဲ့ကြပြီး စစ်ရေးကိစ္စများကို အဓိက ထားဆွေးနွေးကြသည်။
 

မြန်မာအစိုးရနဲ့ KIO ရွှေလီမှာ ဒုတိယအကြိမ်ဆွေးနွေး


ဒေါ်ခင်စိုးဝင်း
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံစဉ် (၁၁ မတ်လ ၂၀၁၃) ဓာတ်ပုံ - ကိုစည်သူ/ဗွီအိုအေ-မြန်မာပိုင်း
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ်မြောက်ရေး ကိုယ်စားလှယ်အဖွဲ့တို့က ဒီနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ကချင်ပြည်နယ်ရဲ့ စစ်ဘက်ရေးရာ အကြီးအကဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး က လောလောဆယ် အပစ်ရပ်ထားပြီး တည်ငြိမ်မှုရှိနေတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကလည်း ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး ဗွီအိုအေကို ဒီကနေ့ ရှင်းပြပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူနေတဲ့ ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။

လက်ပံတောင်းတောင် စုံစမ်းရေး ကော်မတီဖွဲ့စည်း


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်ရှင်ရဲ့ စစ်ဆေးချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မတီတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိ။

(၁) ဦးလှထွန်း ဥက္ကဋ္ဌ
ဝန်ကြီး(သမ္မတရုံး(၆))
(၂) ဦးသာအေး ဒုဥက္ကဋ္ဌ
ဝန်ကြီးချုပ်(စစ်ကိုင်း)
(၃) ဒုဗိုလ်ချုပ်ကြီးခင်ဇော် ဒုဥက္ကဋ္ဌ
စစ်ရေးချုပ်
(၄) ဒုဗိုလ်ချုပ်ကြီးကိုကို အဖွဲ့ဝင်
ဝန်ကြီး(ပြည်ထဲရေး)
(၅) ဦးဝင်းထွန်း အဖွဲ့ဝင်
ဝန်ကြီး(ပတ်ဝန်းကျင်/သစ်တော)
(၆) ဒေါက်တာမြင့်အောင် အဖွဲ့ဝင်
ဝန်ကြီး(သစ်တော)
(၇) ဦးစိုးဝင်း အဖွဲ့ဝင်
ဒုဝန်ကြီး(သာသနာ)
(၈) ဦးအုန်းသန်း အဖွဲ့ဝင်
ဒုဝန်ကြီး(လယ်/ဆည်)
(၉) ဦးမျိုးအောင် အဖွဲ့ဝင်
ဒုဝန်ကြီး(စက်မှု)
(၁၀) ဦးဝင်းထိန် အဖွဲ့ဝင်
ညွှန်ချုပ်(သတ္တု)
(၁၁) ဒေါက်တာအောင်ထွန်းသက် အဖွဲ့ဝင်
ရင်းနှီးမြှုပ်နှံမှု
(၁၂) ဦးမောင်မောင်တင့် အဖွဲ့ဝင်
ဦးပိုင်
(၁၃) Mr. Geng Yi အဖွဲ့ဝင်
M.D (ဝမ်ပေါင်)
(၁၄) ဦးသန့်ရှင်း အတွင်းရေးမှူး
ဒုဝန်ကြီး(သမ္မတရုံး-၁)
(၁၅) ဦးတင်မြင့် တွဲအတွင်းရေးမှူး
ဒုညွှန်ချုပ်(ထွေအုပ်)

သတင်းဒီဗွီဘီမှ

Monday, 11 March 2013

အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ မတ်လ ၁၁ ရက်နေ့ တရုတ် စံတော်ချိန် ည ၉ နာရီအချိန်တွင် ပြန်လည် စတင်မည်


Monday, March 11, 2013

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မတ်လ ၁၁ ရက်နေ့ တရုတ် စံတော်ချိန် ည ၉ နာရီအချိန်တွင် ပြန်လည် စတင်မည်ဟု သိရပါသည်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သော
ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည် ထမင်းစားပြီးချိန်မှ စတင်ပြီး ခေတ္တ ရပ်နားခဲ့ခြင်း ဖြစ်ကာ ည ၇ နာရီ အချိန်တွင် တရုတ်အစိုးရက ဧည့်ခံသော ညစာစားပွဲ ရှိနေသဖြင့်
ည ၉ နာရီအချိန်မှာ ပြန်လည် စတင်နိုင်ခြင်း ဖြစ်သည်။

"အဓိက ကတော့ ကျွန်တော်တို့ ကြေညာချက် ထုတ်ဖို့အတွက် ကြိုးစားတယ်။ အဲဒီ အပေါ်မှာ အချက်အလက်တွေ ပြုစုနေတဲ့ သဘောပဲ။ ဆွေးနွေးပွဲမှာ ကြာနေတာ မဟုတ်ပါဘူး။ သဘောတူညီချက် လက်မှတ် ရေးထိုးဖို့ အဆင့်လည်း မဟုတ်သေးဘူး။ ဒီနှစ်ခုအပေါ်မှာ
ဆွေးနွေးနေကြတာပါ” ဟု ဆွေးနွေးပွဲ ကြန့်ကြာနေခြင်းနှင့် ပတ်သက်၍ KIO/KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါသည်။

တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် ထပ်မံ တွေ့ဆုံခဲ့သော မတ်လ ၁၁ ရက်နေ့
ဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူး စစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စ်ုးဝင်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဆလန်ကဘာ ခွန်နောင်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဒုတိယ ဗိုလ်မှူးကြီး
နော်ဘူ၊ ဗိုလ်မှူး ဆင်းခေါ၊ နှင့် ဦးနော်ထွဲ တို့ ပါဝင်ခဲ့ကြပါသည်။

ဓာတ်ပုံ - ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့်
KIO/KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်။

Eleven Media Group

ဒီမိုဝေယံ၏ တင်ပြချက်

အမေစုကို တွေ့ဆုံခွင့် ရဖို့ အမေစု ကိုယ်ရေးအရာရှိထံသို့ သူတို့အဖွဲ့ အကြိမ်ကြိမ် အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့ကြသည်..။ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။ နောက်ဆုံး သူတို့အဖွဲ့ ညီလာခံသို့ တက်ရောက် ဂုဏ်ပြုလိုကြသည်...။ ညီလာခံကျင်းပခါနီး ၂ရက်အလိုထိ ဖိတ်ခေါ်စာက မရောက်လာသေး..။
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်သည်..
http://www.demowaiyan.org/2013/03/blog-post_11.html
အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..။

အဖွဲ့ချုပ် ညီလာခံကို တက်ရောက် ဂုဏ်ပြုနိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖို့ ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr.Toshio Yamauchiနဲ့ ၄ဦးပါအဖွဲ့ ဖိတ်ခေါ်စာ ရရှိဖို့အတွက် အင်မတန်ကြိုးစားခဲ့ရသည်..။

အမေစုကို တွေ့ဆုံခွင့် ရဖို့ အမေစု ကိုယ်ရေးအရာရှိထံသို့ သူတို့အဖွဲ့ အကြိမ်ကြိမ် အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့ကြသည်..။ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။ နောက်ဆုံး သူတို့အဖွဲ့ ညီလာခံသို့ တက်ရောက်ဂုဏ်ပြုလိုကြသည်...။ ညီလာခံကျင်းပခါနီး ၂ရက်အလိုထိ ဖိတ်ခေါ်စာက မရောက်လာသေး..။ ကျွန်တော်လည်း အသည်းအသန်ကြိုးစားပေါ့...။ ၆ရက်နေ့ မနက်ပိုင်းထိ ဖိတ်ခေါ်စာ ရောက်မလာသေး ညပိုင်းမှ ဖိတ်ခေါ်စာ ရောက်လာသည်..။
တာဝန်ရှိသူ အဖွဲ့ချုပ်လူကြီးတဦး၏ လုပ်ဆောင်ပေးမှုကြောင့် ဖိတ်စာ အဆင်ပြေခဲ့သည်...။

သူတို့အဖွဲ့ ညတွင်းချင်း လေယာဉ်ပျံ လက်မှတ်အတွက် ပြင်ဆင်ရသည်။ နောက်ဆုံး ၈ရက်နေ့ မနက် (၆)နာရီ လေယာဉ်ပျံ လက်မှတ် ရခဲ့ရသည်..။ Mr.Toshio Yamauchi တို့အဖွဲ့ မနက်လေးနာရီမှာ Check in ဝင်ရမှာ ဖြစ်တဲ့အတွက် ညကတည်းက လေဆိပ်မှာ သွားအိပ်ပြီး လေယာဉ် စောင့်စီးကြရသည်..။ ကိုယ်တိုင်လည်း ဘူတာမှ သွားတွေ့ပေါ့..။ ပရော်ဖက်ဆာ တဦးလည်းပါသည်..။ ကျွန်တော်လည်း သူတို့အစား ရင်တမောမောပေါ့..။

နောက်ဆုံးတော့ ချောမောစွာနှင့် ၉ရက်နေ့ ၉နာရီ ညီလာခံကို အဖွဲ့ဝင် ၄ဦးလုံးတက်ခွင့်ရသည်...။ အမေစုနှင့်လည်း နှုတ်ဆက်ခွင့်ရသည်..။ သူတို့ထဲမှ တဦးက မြန်မာတိုက်ပုံအကျီဝတ်၊ ပုဆိုးကို ကျကျနနဝတ်ကာ အမေစုနဲ့ နှုတ်ဆက်ခွင့်ရသည့် ပုံလေးပို့လာသည်..။
ကျွန်တော့်ထံ ကျေးဇူးတင်ရှိကြောင်း စာလေးရောက်လာသည်..။ ပီတိဖြစ်ရသည်...။ ၁၂ရက်နေ့ ဘဘဦးတင်ဦး မွေးနေ့တက်ရောက် ပြီးရင်တော့ သူတို့ ပြန်လာကြလေမည်..။ အမေစုကို တွေ့ခွင့်ရဖို့နဲ့ ညီလာခံ တက်ခွင့်ရဖို့ ဂျပန်လူမျိုးတွေ မည်သို့မည်မျှ ကြိုးစားခဲ့ကြ အပင်ပန်းခံခဲ့ကြတယ်ဆိုတာလေး သိရှိနိုင်ဖို့ပါ..။

တခုတော့ အဖွဲ့ချုပ်သို့ အပြုသဘော အကြံပေးလိုသည်..။ အမေစုရဲ့ ကိုယ်ရေးအရာရှိရဲ့ အီးမေးလ်သို့ အဆိုပါ ဂျပန်ဒုဝန်ကြီးဟောင်းကိုယ်တိုင် တွေ့ခွင့်ရဖို့ အကြိမ်ကြိမ် အီးမေးလ်ပို့ခဲ့သည်..။ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါ..။ Yes or No လေးတော့ အကြောင်းပြန်သင့်သည်..။ ကြားထဲမှ ဆက်သွယ်ပေးသည့် မိမိကိုယ်တိုင်လည်း အကြိမ်ကြိမ် မျက်နှာ ပူခဲ့ရသည်...။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နေရာမှာ အမေစုနဲ့ အဆက်အသွယ် လုပ်ပေးရတဲ့ အမေစုရဲ့ ကိုယ်ရေးအရာရှိ အတွင်းရေးမှူးကိုယ်တိုင် မည်မျှ ပင်ပန်းသည် အလုပ်များသည်ကို စာနာနားလည်ပါသည်..။ သို့ပေတည့် ဆက်သွယ်လာသူများအား အကြောင်းပြန်ကြားသင့်သည် ဟုမြင်မိသည်...။ ပြည်တွင်းသာမက ပြည်ပမှ ထောက်ခံအားများသည်လည်း ၂၀၁၅အတွက် အင်မတန်မှ အရေးကြီးလှပေသည်။

လူတိုင်း မဆက်သွယ်နိုင်သည့် အီးမေးလ်အား နိုင်ငံတကာမှ ဆက်သွယ်လာသည် ဆိုပါက ပြန်လည်ဖြေကြားနိုင်ရန် အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ကြောင်း အပြုသဘော အကြံပြုအပ်ပါသည်..။
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်ပေသည်..။

ဒီမိုဝေယံ

(ဓာတ်ပုံ) ၉ရက်နေ့က ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌ Mr.Toshio Yamauchi ( ဝဲဘက် မျက်မှန်တပ်ထားသူ)

Sunday, 10 March 2013

ဒေါ်အာင်ဆန်းစုကြည် ဂျပန်သို့ လာရောက်မည်

ဒေါ်စု ဂျပန်လာဖို့ သတင်းမှန်ဖြစ်ပါတယ် . ကျနော်ကိုထွန်းဝေတာဝန်ယူပါကြောင်း ဒီမိုဝေယံနှင့်ကျနော်တို့ သတင်းများကို တတ်နိုင်သလောက်ကူညီတင်ပေးမည်ဖြစ်ကြောင်း
လေးစားစွာအသိပေးပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁၂ရက်နေ့ညနေပိုင်းမှာ ပိတောက်ပန်းများပွင့်ရာ ရန်ကုန်မြို့မှ ထွက်ခွာမှာဖြစ်ပြီး ဧပြီလ ၁၃ရက်နေ့ မနက်ပိုင်းမှာ ချယ်ရီပန်းများပွင့်ရာ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။

အဆိုပါ ၁၃ရက်နေ့ စနေနေ့ ညနေပိုင်း ၄နာရီခန့်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်..။ (နေရာ အတိအကျကို ဆက်လက်ဖော်ပြပေးပါမည်)

ထိုမှ တဆင့် ၁၉၈၅/၈၆ခုနှစ်က ၉လတာ မြန်မာ့လွတ်လပ်ရေးသမိုင်း ပြုစုခဲ့ရာ ကျို
တိုတက္ကသိုလ်သို့လည်း သွားရောက်မှာ ဖြစ်ပြီး အဆိုပါ ကျိုတိုတက္ကသိုလ်၌လည်း မြန်မာနိုင်ငံသားများနှင့် ထပ်မံတွေ့ဆုံမှာ ဖြစ်ပါတယ်..။ ရက်အတိအကျကို ထပ်မံဖော်ပြပါမည်..။

ဧပြီလ ၁၉ရက်နေ့အထိ ဂျပန်နိုင်ငံမှာ ရက်သတ္တပတ် တပတ်ကြာ နေထိုင်မှာ ဖြစ်ကြောင်း သိရှိရပါသည်...။

ဒီမိုဝေယံ
လေးစားစွာမျှဝေယူနိုင်ပါတယ်
ကိုထွန်းဝေ
11.3.2013

ပန်းပန်လျက်ပင်



အ ခုထိ ပေါ့ အမေဘယ်နေရာသွားသွား အပြုံးကိုစီနဲ့ ကြိုဆိုနေကြတဲ့ သူအများကြီးပါ ဟာဝိုင်အီခရီးစဉ်တင်မကဘဲ ကိုရီးယားခရီးစဉ်တုန်ကလဲအတူတူပါဘဲ သူတို့ ကိုရီးယားနိုင်ငံသားတွေကအစ ဟန်ပန်အမူအရာမပါအပြုံးတွေနဲ့ ပါ သေခြာကြည့် ရင် ကြိုဆိုတဲ့ သူတွေကလုပ်ကြံပြုံးကြတာမဟုတ်ဘဲရင်ထဲကလာထဲအပြုံးတွေပါ။ဂန္တ၀င်အဲဒီပုံက ယောက်ကျားသားတွေနဲ့ ရင်ဘောင်တန်းပြီ အမေ လမ်းလျှောက်နေတာ ခါးကိုကော့ ရင်ကိုမော့ ပြီးလျှောက်နေတာ အရမ်းအားကြဘို့ ကောင်းတဲ့ သူပါ။ကိုရီးယားခရီးစဉ်ထဲကနောက်ဆုံးမိန့် ခွန်းထဲမှာပညာသားပါလှပါတယ်။ လူကြီးမင်းများကျမတို့ နိုင်ငံတိုးတက်ဘို့  အကူအညီပေးကြမယ်လို့ မျှော်လင့် ပါတယ်တဲ့  ကဲဗျာ.မိန့် ခွန်းပြီးသွားတော့ အားလုံးမတ်တတ်ရပ်လက်ခုတ်တီးအားပေကြတာက၊ကိုရီးယားသမိုင်းသိပ်လှသွားတယ်။ကိုရီးယားပြည်သူတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ နိုင်ငံတကာကလေးစားချစ်ခင်စရာကောင်းတဲ့  ပြည်သူ့ ခေါင်းဆောင်ပါ ။တော်ဝင်အမေ သက်တော်ရာကျော်ရှည်စေကြောင်း ကျနော်မျိုးမှဆုတွေတောင်းပေးနေပါ၏။

ကိုထွန်းဝေ
1.3.2013
မျှဝေပါတယ်။



In this photo taken on 25 July 2011,
Myanmar democracy icon Aung San Suu Kyi signed on a book for one of her fan who want her signiture sign on that in Yangon, Myanmar.

I got three chances to take photograph to her on that day.
1st - in her office including this one,

2nd - her 1st meeting with Union Minister Aung Ky
3nd and final- at her compound.
မူရင်း Lynn Bobo

NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီး


NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီးဆက်မည်မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းမှာ   ဒေါ်အောင်ဆန်း စုကြည်   အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ပြီး NLD ရှေ့ခရီးလမ်းဆက်မည်ဖြစ်ကြောင်း ဥက္ကဌ   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် ၁၅ ဦး ရွေးချယ်ခဲ့ကြပြီး အရံ ၅ ဦးဖြင့်စုစုပေါင်း ဗဟိုအလုပ်အမှုဆောင် ၂၀ ဦးဖြင့် NLD ပါတီက ရှေ့ဒီမိုကရေစီရေးအတွက် ပီပီပြင်ပြင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စာရင်း



ဖတ်ကြည့်လို့ ရပါတယ် ယူလို့ လဲရပါတယ်..NLD ပွဲ ပြီးသွားပြီ နောက်ထပ်ပွဲစချင်ရင် ဖွချင်သေးသူများ နောက် နှစ်တွေထပ်စောင့်ပေါ့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့(၁၀-၃-၂၀၁၃)
၁။ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဌ)
၂။ဦးဥာဏ်ဝင်း
၃။ဦးဟံသာမြင့်
၎။ဦးအုန်းကြိုင်
၅။ဦးဝင်းမြင့်
၆။ဦးထွန်းထွန်းဟိန်
၇။ဒေါက်တာမေ၀င်းမြင့်
၈။ဦးဝင်းထိန်
၉။ဒေါက်တာဇော်မြင့်မောင်
၁၀။ဒေါက်တာအောင်မိုးညို
၁၁။ဒေါ်ခင်ဌေးကြွယ်
၁၂။နန်းခင်ထွေးမြင့်
၁၃။ဦးကျော်ခင်
၁၄။ဦးညီပု
၁၅။ဒေါက်တာမျိုးအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့(၁၀-၃-၂၀၁၃)
၁၆။မန်းဂျော်နီ
၁၇။ဒေါက်တာသိန်းလွင်
၁၈။ဦးအောင်စိုး
၁၉။ဦးဇိုတွဲ
၂၀။ဒေါ်ဖြူဖြူသင်း

လက်ရှိဒါပါဘဲ ဒါအဖြေဘဲ ကမ္ဘာသိသွားပါပြီ ကွယ်တို့ ရေ

ကိုထွန်းဝေ
မျှဝေပါတယ်။
10.3.2013

နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှ ရွေးချယ်လိုက်သော NLD ဗဟိုအလုပ်အမှုဆောင်အသစ်များ


ဓါတ်ပုံ-NLD Congress
10.3.2013
ဒေါ်စုမိန့် ခွန်း

မလေးရှား ဘော်နီယိုသူပုန်နှိမ်နင်းမှုပြင်းထန်



Sunday, March 10, 2013

မလေးရှားအာဏာပိုင်တွေက ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ ဆာဘားပြည်နယ် အတွင်း လူပေါင်း ၈၀ နီးပါးကို ဖမ်းဆီး လိုက်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း သယံဇာတပေါကြွယ်ဝတဲ့ ကျေးရွာ တရွာကို ဖိလစ်ပိုင် မူစလင် မျိုးနွယ်သူပုန်တွေက သိမ်းပိုက်ခဲ့တာကို ပြန်လည် ရှင်းလင်းခြေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း အခုလိုကြေညာလိုက်တာပါ။

နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သော ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

"photo News NLD Congress
နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သော ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
IMG_1530
IMG_1531
IMG_1533
IMG_1536
IMG_1539
IMG_1544
IMG_1545
IMG_1546
IMG_1548
IMG_1549

ဗဟိုညီလာခံ ကိုယ်စားလှယ်များထဲမှ ထပ်မံရွေးချယ်ထားသော ကော်မတီဝင် (၈၅) ဦးစာရင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင် ထပ်တိုးဦးရေ (၂၀) နှင့် အရံဗဟိုကော်မတီဝင် ဦးရေ (၃၀)အား တက်ရောက်လာကြသော ဗဟိုညီလာခံ ကိုယ်စားလှယ်များထဲမှ ထပ်မံရွေးချယ်ထားသော  ကော်မတီဝင် (၈၅) ဦးကို ကိုယ်စားလှယ်များ၏ မဲခွဲဆုံးဖြတ်ချက်မဲ ရမှတ်စာရင်း
ရွေးချယ်ခံရသူများ -
အမှတ်စဉ် (၁) မှ (၂၀) ထိ ဗဟိုကော်မတီဝင်
အမှတ်စဉ် (၂၁) မှ (၅၀) ထိ အရံဗဟိုကော်မတီဝင်
Untitled-1 Untitled-2 Untitled-3 Untitled-4

သိပ်ကောင်းတဲ့ မိန့် မှာတမ်း

အောင်ဆန်းစုကြည်အပါအ၀င် မင်းတို့ ပရိသတ်အားလုံးနားထောင်၊
လူဆိုတာ စည်းကမ်းရှိရပါတယ်၊ စည်းကမ်းရှိမှသာ တိုင်းပြည်တပြည် တိုးတက်တယ်၊ ဒီအခမ်းအနားမှာ ငြိမ်ငြိမ်နေသင့်တဲ့ အခမ်းအနားဆိုရင် ငြိမ်ငြိမ်ကိုနေရပါတယ်။ အပ်ကျသံကြားလောက်အောင် ငြိမ်ရပါတယ်၊ အဲဒါမှ စည်းကမ်းရှိတယ်လို့ ခေါ်တယ်၊ စည်းကမ်းရှိတဲ့လူမျိုးမှ တိုးတက်တယ်။
ကဲ ရှင်အောင်ဆန်းစုကြည် ညည်းလဲ တော်တော်ပင်ပန်းလာပြီ၊ ငါ တိုတိုလေးပြောမယ်၊
ဒို့ဘုရားရှင်က
ဝိ၀ါဒံ ဘယတော ဒိသွာ၊ အ၀ိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါန သာသနီ။ ဘုရားရှင်တိုင်း ဆုံးမထားတဲ့အဆုံးအမရှိတယ်၊
ဝိ၀ါဒံ= အချင်းချင်းငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း အထင်အမြင်လွဲခြင်း သဘောထားကွဲလွဲခြင်းကို၊ ဘယတော- ကြောက်ဖွယ်မအေး ဧရာမဘေးကြီးလို့၊ ဒိသွာ မြင်ကြစမ်းပါ။
အ၀ိဝါဒံ= အချင်းချင်း မငြင်းမခုံ ခိုက်ရန်မဖြစ် သဘောထားတူညီခြင်းကို၊ ခေမတော- ငြိမ်းချမ်းရေးလမ်းစဉ်ကြီးလို့ မြင်ကြစမ်းပါ။
အဲဒီလိုမြင်ပြီး ဘာလုပ်ရမှာလဲ၊ သမဂ္ဂါ-ညီညီညွတ်ညွတ် နေကြပါ။ သခိလာ၊ ပြေပြေပြစ်ပြစ် ဆက်ဆံကြပါ။ ဧသာဗုဒ္ဓါနသာသနီ- အဲဒါဟာ ဘုရားရှင်တိုင်းရဲ့အဆုံးအမပဲ။

ညည်းအဖေ ဗိုလ်ချုပ်အောင်ဆန်းက ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ သံဃာတော်အရှင်မြတ်များကို အထူးလျှောက်ထားတဲ့ စကားရပ်ပါတယ်။

သံဃာတော်အရှင်မြတ်များကို တပည့်တော် အထူးလျှောက်ထားပါရစေ။
တပည့်တော်တို့ မြန်မာနိုင်ငံဟာ မညီညွတ်ပါဘူးဘုရားတဲ့၊
အဲဒါ အရှင်ဘုရားတို့က ညီညွတ်ရေးရအောင် တရားဟောပေးပါဘုရားတဲ့။ ဒါက နံပါတ်(၁)။

နံပါတ်(၂)က တပည့်တော်တို့ ဗမာနိုင်ငံ လူမျိုးတွေဟာ လူအ လူနတွေပါဘုရား၊ အဲဒီ လူအလူနတွေကို လူအလူနဘ၀က လွတ်မြောက်ရေးရသွားအောင် အရှင်မြတ်တို့က ကူညီပြီး တရားဟောပေးပါဘုရားလို့ ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ ညည်းအဖေ ဗိုလ်ချုပ်ဆောင်ဆန်းက လျှောက်ထားသွားတဲ့ စကားတရပ်ရှိတယ်၊
အဲဒီ သူလျှောက်ထားသွားတဲ့ အတိုင်းပဲ ညီညွတ်ရေးရမှ တိုင်းပြည်တိုးတက်မယ်။

(၁၃၆၄-ခု၊ နယုန်လပြည့်ကျော်(၈)ရက်)

မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

ဒီချုပ် စမ်းသပ်မှုကာလတစ်ခု ဖြတ်သန်းရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဒီချုပ် စမ်းသပ်မှုကာလတစ်ခု ဖြတ်သန်းရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Saturday, March 9, 2013

နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရွေးချယ်တင်မြှောက်ခံရသော လူသစ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်... စမ်းသပ်မှု ကာလတစ်ခုဖြတ်သန်းရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံး ဆိုင်ရာ ညီလာခံအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အခု ညီလာခံပြီးသွားရင် စမ်းသပ်မှုကာလတစ်ခုကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုကာလကတော့ အမြဲတမ်း အခက်အခဲတွေ ရှိနိုင်ပါတယ်။ စမ်းသပ်ကာလမှာ ထင်သလို မဖြစ်လာတာတွေလည်း မြင်လာပါလိမ့်မယ်'' ဟု မိန့်ခွန်းတွင် ၄င်းကထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လူသစ်များဖြင့် သွေးသစ်လောင်းမည်ဖြစ်ပြီး လက်ရှိအချိန်ကာလနှင့် ကိုက်ညီသော ခေါင်းဆောင်၊ ပါတီနှင့် သင့်လျော်သော ခေါင်းဆောင်များကို ရွေးချယ်ကြရန် ညီလာခံတက်ရောက်လာသော ပါတီဝင်ကိုယ်စားလှယ်များကို တိုက်တွန်းခဲ့သည်။

ထို့အပြင် နေရာယူသော စိတ်ဓာတ်ဖြင့် အလုပ်မလုပ်ဘဲ တာဝန်ယူတက်သော စိတ်ဓာတ်ဖြင့် အလုပ်လုပ်ကြရန်လည်း ပါတီကိုယ်စားလှယ်များကို တိုက်တွန်းသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၊  တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် အပါအ၀င် လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် မတ် ၈ ရက်မှ ၁၀ ထိ ကျင်းပခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ် ပေါင်း ၁,၅၀၀ ကျော် တက်ရောက်ကြသည်။

Photo- EPA
7Day News Journal

တံတားဖြူကနေ တံတားနီဖြစ်သွားတဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူများ ဝင်ဖတ်သွားကြပါ။

တံတားဖြူကနေ တံတားနီဖြစ်သွားတဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူများ ဝင်ဖတ်သွားကြပါ။ 

(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ်(ပင်မ)၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာစုရုံးကြပြီးမဆလအစိုးရ၏လုပ်ရပ်ကိုကန့်ကွက်ဆန္ဒပြကြတယ်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက် ကျောင်းသားများကို စကားပြောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ဒုပါမောက္ခချုပ် ဦးဘသန်းဟက်လည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးတယ်။

အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။

ကျောင်းသားများထဲမှအလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာတပြိုင်နက် ထောက်ခံခဲ့ကြတယ်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။

ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားအင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီးအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ ဦးတည်ပြီး ချီတက်ကြတာ အလွန်တက်ကြွဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသော ခွပ်ဒေါင်းအလံကြီးကို စတင် တင်လွှင့် ခဲ့ကြတယ်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်းတောက်လျှောက်တွင်အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနဲ့ ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြတယ်။ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်းအင်အားကြီးမားလာခဲ့ပြီးအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကိုညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြတယ်။

ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်တံတားဖြူကန်ဘောင်ကို ကျော်လိုက်တာနဲ့ ရုတ်တရက် ကျောင်းသားထုကြီး ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင် အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရတယ်။ 

စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့ စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်းစစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားတယ်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနဲ့ တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြတယ်။

အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများ နဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲ သို့ အလိုလို ရောက်သွားရတယ်။

ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များ နဲ့ ၀င်ရိုက်ကြတော့တယ်။ နံပါတ်တုတ်များ နဲ့ ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။

ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြတယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူဆို့ ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။

အဲ့ဒီနောက်အသင့်စောင့်နေသောလုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက်လဲကျနေသူ၊ဒဏ်ရာရသူနဲ့ သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြတယ်။ဖမ်းဆီးမိတဲ့ ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြတယ်။ ကားတွေ မောင်းထွက်သွားတဲ့ အခါမှာတော့ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့ တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြပြန်တယ်။

ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။

တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းမျာ:က မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းအောင် ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့က အနီးဆုံး လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။

မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါတယ်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ ချီပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြတယ်။

ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေကတိတ်တဆိတ်သင်္ဂြိုဟ်လိုက်ကြတယ်။ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြတယ်။

ကျောင်းသားများရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတွင်းကို ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို လုံထိန်းများ ထောင်နဲ့ချီပြီး ဘရင်းကယ်ရီယာများ နဲ့ ၀ိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ ဒုပါမောက္ခချုပ်ဦးဘသန်းဟက်ကမိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းပြင်ကို မထွက်ပါက လုံခြုံပါတယ်လို့ ပြောခဲ့ပါတယ်။

ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝင်းထဲ သေနတ်များ နံပါတ်တုတ်များနဲ့ ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲဝင်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင်တွေထိပါ ၀င်လာပြီး ကျောင်းသားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ် တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တစ်လအတွင်း အစီရင်ခံစာ တင်ပြရန် တာဝန် လွှဲပြောင်းပေးလိုက်တယ်။ (ဒီ မဆလအာဏာရှင်ရဲ့  အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လိမ်ညာသောချက်အလက်များနဲ့  အစီရင်ခံစာထုတ်ပြန်ခဲ့တယ်)။

အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန်ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ စုစည်းခဲ့ကြတယ်။ အဲဒီနောက် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြတယ်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။


ဒီလိုနဲ့  ကျောင်းသူကျောင်းသားတွေဦးဆောင်တဲ့လှုပ်ရှားမှုကြီးဟာ
၁၉၈၈ခုနှစ်ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဆီကိုအရှိန်အဟုန်ပြင်းစွာနဲ့  အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကို ကြံ့ ကြံ့ ခံရင်း မဆလတစ်ပါတီစနစ်ကို ပျက်သုံးစေပြီး အာဏာရှင် နေ၀င်း ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။

၁၉၈၈ခုနှစ်၊မတ်လကာလအတွင်းမှာ ပေးဆပ်ရင်းနှီးဆုံးရှုံးခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားတွေရဲဘ၀တွေနဲ့ စိတ်ဓါတ်တွေကို လေးစားဂုဏ်ပြုကြရဖို့ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်သလို၊မပြီးဆုံးသေးတဲ့အာဏာရှင်ဆန့် ကျင်တော်လှန်ရေးကိုလည်း နောင်တော် ကျောင်းသူကျောင်းသားကြီးများရဲ့  ၀ိညာဉ်တွေနဲ့အတူ ဆက်လက်ဆင်နွဲရင်း အမိမြန်မာပြည်ပေါ်မှာ အာဏာရှင်စနစ်ချူပ်ငြိမ်းပျောက်ကွယ်စေဖို့  စွမ်းစွမ်းတမာန် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

by niknayman blog- Sat/March/2009 At 4:49am
photo: တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း – မတ်လ (၁၆) ရက်

(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြေ...ာင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ်(ပင်မ)၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာစုရုံးကြပြီးမဆလအစိုးရ၏လုပ်ရပ်ကိုကန့်ကွက်ဆန္ဒပြကြတယ်။