Sunday 10 March 2013

NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီး


NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီးဆက်မည်မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းမှာ   ဒေါ်အောင်ဆန်း စုကြည်   အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ပြီး NLD ရှေ့ခရီးလမ်းဆက်မည်ဖြစ်ကြောင်း ဥက္ကဌ   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် ၁၅ ဦး ရွေးချယ်ခဲ့ကြပြီး အရံ ၅ ဦးဖြင့်စုစုပေါင်း ဗဟိုအလုပ်အမှုဆောင် ၂၀ ဦးဖြင့် NLD ပါတီက ရှေ့ဒီမိုကရေစီရေးအတွက် ပီပီပြင်ပြင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။
 
ပိတ်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မိန်းခွန့်ပြောကြားခဲ့သည်။`ရှေ့ဆက်ရမဲ့ လုပ်ငန်းစဉ်တွေကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်မဲ့ သူတွေ၊အရည်အချင်းနဲ့ ပြည်စုံတဲ့ သူတွေကို ကြည့်တဲ့အပြင်တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်အောင် ရွေးချယ်ခဲ့တယ်၊ ဒီကနေ ဘယ်လောက်ထိပီပီပြင်ပြင်ထိထိရောက်ရောက် စတင်လုပ်ဆောင်ရပါတော့မယ်`ဟုဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရွေးချယ်ပြီး စီအီးစီ ၂၀ ထဲတွင် ယခင် စီအီးစီဟောင်း ၇ဦးပါဝင်ခဲ့ပြီး ယခင်စီစီဟောင်း ၈ ဦးနှင့် အရံစီအီးစီ ၅ ဦးတို့ဖြင့်ဖွဲ့စည်းခြင်းဖြစ်သည်။
အဆိုပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသမီးဗဟိုအလုပ်အမှုဆောင် ၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ပါဝင်ခဲ့ပြီးအဖွဲ့ဝင်သစ်ပါဝင်မှု နည်းပါးကြောင်း သိရှိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ ထောက်ခံချက်မှာတကြိမ်ရရှိရုံဖြင့် မပြီးဘဲ အမြဲတမ်း ပြည်သူလူထု   ထောက်ခံချက်ရရှိအောင်  ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ထောက်ခံချက်မှ နေရာအတွက် မဟုတ်ဘဲ၊ ဒီမိုကရေစီရေး လုပ်ပိုင်ခွင့်အတွက် ပြည်သူလူထု ထောက်ခံချက် လိုအပ်ကြောင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
ပိတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာသီးသန့်တွေ့ဆုံရာတွင်ဒေါ်အောင်ဆန်းစုကြည်က စီအီးစီအဖွဲ့တွင် အဖွဲ့ဝင်သစ်ပါဝင်မှုနည်းပါးခြင်းမှာအရည်အချင်းရှိရုံနဲ့ မရဘဲ၊ ပါတီအပေါ်သစ္စာရှိမှုနှင့်ပါတီအတွေ့အကြုံရှိဖို့က အရေးကြီးသောကြောင့် စီအီးစီထဲမှာတော့လူငယ်လူသစ် ပါဝင်မှုနည်းပါးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။.
ဗဟိုကော်မတီဝင်များတွင် လူငယ်လူသစ်ပါဝင်မှုမှာ ၃၅% ထိရှိကြောင်း သိရှိရသည်။
သတင်း 
မြစ်မခ
  Myit Makha Mediagroup on 10 Mar, 2013

No comments:

Post a Comment