Wednesday 13 March 2013

လက်ပံတောင်းအရေး ဦးပိုင် ဘာပြောလဲ



Wednesday, March 13, 2013  ဧရာဝတီ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အညီ လုပ် ငန်း ဖော်ဆောင်ရေး ကော်မတီရဲ့ ညွှန်ကြားမှုတွေကို ဦးပိုင်က လိုက်နာမှာ ဖြစ်တဲ့အကြောင်း မတ်လ ၁၂ ရက်နေ့စွဲနဲ့  ကြေညာချက် ထုတ်ပြန်မှုကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။ 



အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာဖော်ပြထားတဲ့အတိုင်း ပြန်လည်ဖော်ပြ လိုက်ပါ တယ်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပေါ် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ သဘောထားထုတ်ပြန်ချက်


၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာအား ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာပြီးဖြစ်ပါသည်။

၂။ ထို့အပြင် တင်ပြပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင် ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီတစ်ရပ် ဖွဲ့စည်းတာဝန်ပေး အပ်ခြင်း အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့ပါသည်။

၃။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြ အကြုံပြု ထားသော မြေယာလျော်ကြေးကိစ္စများ၊ စိုက်ပျိုးမြေပြန်လည်ဖော်ထုတ်ရေးကိစ္စများ၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသောစာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုရေး ကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု/ထုတ်လုပ်မှု/လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေး အန္တရာယ် ကင်းရှင်းရေးဆိုင်ရာစီမံခန့်ခွဲမှု အပြည်ပြည်ဆိုင်ရာ လက်မှတ်များရရှိရေး ကိစ္စရပ်များ၊ ဒေသခံ လူထု အတွက် အကျိုးကျေးဇူးရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ဆာလဖျူရစ်အက်စစ်စက်ရုံဆိုင်ရာကိစ္စရပ်များ စသည့်အကြံပြုချက်များကို ဝန်ကြီး ဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်သွားမည့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပ ကျွမ်းကျင် သူ ကုမ္ပဏီများအား ငှားရမ်း၍ စနစ်တကျဆောင်ရွက်သွားပါမည်။

၎။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ၏ လမ်းညွှန် ချက်များနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။                                                                                         မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်

                                                                                          ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၂ ရက်



 အိမ့်သံစဉ် ~
- See more at: http://blog.irrawaddy.org/2013/03/blog-post_1455.html#sthash.RsQyTHix.dpuf

No comments:

Post a Comment