Wednesday 13 March 2013

သက်ပြင်းသာ ..ချမိပါသည်.




အစီရင်ခံစာကို ကန့်ကွက်သူများ ..။

မကျေနပ်သူများ ..။

သွေးချောင်းစီးမည်ဟု ကြိမ်းဝါးသည့် .. လူပုဂိုလ်မဟုတ်သူများကိုလည်း အံ့သြမိပါသည်...။

ထိုမျှလောက် ထောင့်စေ့သော အစီရင်ခံစာအား ဒေသခံများအတွက် အကျိုးမရှိ ဟု .. ဖွနေသော မီဒီယာများအား အံ့သြပါသည်..။

အချက်သုံးချက်ပါ အကြံပြုချက်များနှင့် စီမံကိန်းအား ယခုပုံစံအတိုင်း ဆက်လုပ်ခွင့်ကို လက်မခံသော အစီရင်ခံစာ၏ အဓိက ဆိုလိုရင်း၊
ယခင်သီးနံလျော်ကြေးများ မြေယာလျော်ကြေးများနည်းပါးမှုနှင့် အခြားတာဝန်မဲ့မှုများ၊ EIA SIA အစရှိသည်တို့ မရှိပုံကို ပွင့်လင်စွာထောက်ပြထားသော အချက်များကို မကျေနပ်သူတို့ မျက်စိလျှမ်းသွားသည်မှာ သေချာပါသည်...။

နောက်တစ်ချက်က ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် သဘောသဘာဝကို မီဒီယာများတွင် ကန့်ကွက်နေသော ပညာရှင်ဆိုသူများ နိုင်ငံရေးသမားဆိုသူများနှင့် မိမိ Role မိမိ မြှင့်တင်ချင်သူများ၊ ဒေါင်းခြေသည်းကို အကာအကွယ်ယူထားသော အနီရောင်ကြယ်များက နားလည်ဖို့ ကြိုးစားကြစေချင်ပါသည်..။

Performance တောင် အကွက်စုံအောင် ပြတတ်သေးတာပဲ ..။ ဒီအစီရင်ခံစာ ဆိုလိုရင်းကိုလည်း .. သဘောပေါက်ကြမည် ထင်ပါသည်...။

ထစ်ကနဲရှိ လမ်းပေါ်ထွက် ဘ၀ကနေ .. လမ်းပေါ်ထွက် ကန်ထရိုက်များ ကို မမြင်လိုတော့ပါ...။ စီမံကိန်းနောက်ကွယ်မှ ကိစ္စများ၊ အပေးအယူများ ရှိနေသည်ကိုလည်း ကိုလည်း ဆောင်းပါးများဖြင့် ရေးသားခဲ့ဖူးပြီးဖြစ်ပါသည်..။

သေချာတာတစ်ခုက
လက်ပံတောင်းတောင် အကြမ်းဖက်မှုများ မဖြစ်ခင် .....။ ဆန္ဒပြနေချိန် ..။
ဦးနှမ်းဖြူး အသက် (စေ့စပ်ညှိနှိုင်းရေးမှူးကြီး) (၈၈) ဆိုသော အခေါင်းကို မြင်ဖူးပြီချိန်.... ကတည်းက ...
အချက်ပေးခေါင်းလောင်းသံ မြည်ခဲ့ပါသည်...။

စာမတတ်ဟု မီဒီယာများတွင် ပါဝင်နေသော ရွာသားများက Performance တော့ ကျွမ်းသား .. ဟုသာ..။


မြန်မာ့သမိုင်းမှာ မျက်တောင်တဆုံးကြည့်ခဲ့လို့ ..
ကိုယ့်လူကိုယ် မထိန်းနိုင်ခဲ့လို့ ...
ခံစားချက်တွေ များခဲ့လို့ ...။

သူ့ fault က ကိုယ့် fault ဖြစ်ခဲ့တာ .. အကြိမ်ရေ ဘယ်လောက် များနေပြီလဲ ...။
ပြန်တွေးကြည့်ကြစေချင်ပါသည်...။

No comments:

Post a Comment