Monday 11 March 2013

အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ မတ်လ ၁၁ ရက်နေ့ တရုတ် စံတော်ချိန် ည ၉ နာရီအချိန်တွင် ပြန်လည် စတင်မည်


Monday, March 11, 2013

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မတ်လ ၁၁ ရက်နေ့ တရုတ် စံတော်ချိန် ည ၉ နာရီအချိန်တွင် ပြန်လည် စတင်မည်ဟု သိရပါသည်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သော
ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည် ထမင်းစားပြီးချိန်မှ စတင်ပြီး ခေတ္တ ရပ်နားခဲ့ခြင်း ဖြစ်ကာ ည ၇ နာရီ အချိန်တွင် တရုတ်အစိုးရက ဧည့်ခံသော ညစာစားပွဲ ရှိနေသဖြင့်
ည ၉ နာရီအချိန်မှာ ပြန်လည် စတင်နိုင်ခြင်း ဖြစ်သည်။

"အဓိက ကတော့ ကျွန်တော်တို့ ကြေညာချက် ထုတ်ဖို့အတွက် ကြိုးစားတယ်။ အဲဒီ အပေါ်မှာ အချက်အလက်တွေ ပြုစုနေတဲ့ သဘောပဲ။ ဆွေးနွေးပွဲမှာ ကြာနေတာ မဟုတ်ပါဘူး။ သဘောတူညီချက် လက်မှတ် ရေးထိုးဖို့ အဆင့်လည်း မဟုတ်သေးဘူး။ ဒီနှစ်ခုအပေါ်မှာ
ဆွေးနွေးနေကြတာပါ” ဟု ဆွေးနွေးပွဲ ကြန့်ကြာနေခြင်းနှင့် ပတ်သက်၍ KIO/KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါသည်။

တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် ထပ်မံ တွေ့ဆုံခဲ့သော မတ်လ ၁၁ ရက်နေ့
ဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူး စစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စ်ုးဝင်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဆလန်ကဘာ ခွန်နောင်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဒုတိယ ဗိုလ်မှူးကြီး
နော်ဘူ၊ ဗိုလ်မှူး ဆင်းခေါ၊ နှင့် ဦးနော်ထွဲ တို့ ပါဝင်ခဲ့ကြပါသည်။

ဓာတ်ပုံ - ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့်
KIO/KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်။

Eleven Media Group

No comments:

Post a Comment