Thursday 22 November 2012

အရွယ်နှင့်ဝန်းကျင်


အရွယ်နှင့်ဝန်းကျင်

အပြစ်ကင်းစင် ငယ်စဉ်အရွယ်
တင့်တယ်လှပ လှချင်တိုင်းလှ
ပချင်တိုင်းပ ချစ်စရာ့အရုပ်သွင်
ဖြူစင်လှပါတကား…။

ပလာစက္ကူ ဖြူစင်သောအသွင်
အသင်က အဘယ်မင်နဲ့ရေးရင်
အဘယ်အမြင်ပေါက်
ဘယ်အသွင်ရောက်စေချင်သလဲ
သင်ကသွန်သင်ဆုံးမနိုင်သည်မလွဲ…။

သင်သာသင် သူကျင်လည်ရာ
ဝန်းကျင်ကိုပါ ဖြူစင်အောင်မထား
ညစ်ညိမ်းအောင်ရောသွားစေခဲ့လျှင်…

မီးများမီးနိုင် ရေများရေနိုင်
ဖြေမနိုင်ရေစိုင်ဝဲ နောင်တလဲရ
အသင်လဲ နောက်ကျသွားချေပြီ…
အခြေနေမပြောင်း အချိန်မနှောင်းခင်
ကောင်းကောင်းပဲ့ပြင် သွန်သင်ဆုံးမလော့…။

တက္ကသိုလ်ဘုန်းကြွယ်(၁၁-၂၁-၁၂)

No comments:

Post a Comment