*အောင်အတိတ် အောင်နမိတ်နှင့်
အောင်မြင်ခြင်း အဖြာဖြာကို
ယူဆောင်ပေးတဲ့
လွတ်လပ်ရေးရဲ့ ဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့်
သူနာပြုဆရာမ တဖြစ်လဲ
မြန်မာပြည်ရဲ့ တစ်ဦးတည်းသော
အမျိုးသမီး သံအမတ်ကြီး
မိခင်ကြီး ဒေါ်ခင်ကြည်တို့မှ
ဇွန်လ တစ်ဆယ့်ကိုး
တစ်ထောင်ကိုးရာ လေးဆယ့်ငါးမှာ
အောင်ဆန်းစုကြည် အမည်ရသော
ရင်နင့်သည်းချာ သမီးရတနာကို
မီးရှူးသန့်စင် ဖွားမြင်ခဲ့တယ်။
**ဆန်းလပမာ ဂုဏ်ရောင်ဝါနှင့်
သူ့(သူမ)ရဲ့ မေတ္တာ စေတနာကြောင့်
မြန်မာပြည်ရဲ့ အမှောင်ထုလည်း
အလင်းရောင်တွေ ရခဲ့ပါပြီ။
သူ့ရဲ့အသိ တတ်ပညာကို
လုံ့လ ၀ီရိယ စိုက်ထုတ်ခါဖြင့်
အများဦးဆောင် သူ့ဂုဏ်ရောင်သည်
မြန်ပြည်တခွင် မက
ကမ္ဘာအနှံ့ တိုင်အောင်
ကောင်းသတင်းတွေ မွှေးပျံ့နေပြီ။
***စုစုစည်းစည်း စည်းလုံးမှုကြောင့်
တောင်အရပ်မှသည်
မြောက်ပိုင်းထိတိုင်အောင်
မြန်မာပြည် တနံတလျား
ကျေးရွာ ဇနပုဒ်ထိ
ငြိမ်းချမ်းခြင်း တိုးတက်ခြင်းတွေကို
ဖော်ဆောင်ပေးမယ့်
ဒေါင်းအလံတွေလည်း
လွှမ်းခဲ့ပါပြီ။
****ကြည်သာရွှင်ပျ နှလုံးလှနှင့်
နစ်နာခံတတ် သူ့(သူမ)စိတ်ဓာတ်ကြောင့်
ဤမြေဤရေ ငါတို့ပြည်သည်
အဖိုးအနဂ္ဃ ထိုက်တန်လှသော
ရွှေတိုင်းရွှေပြည် ရွှေဌာနေသို့
ဧကန်မုချ ရောက်ရမည်မှာ
မြေကြီးလက်ခတ် မလွဲတည်း။
ဟန်မျိုးဝင်း။
အမေရဲ့ ဂုဏ်ပုဒ်မြောက်များစွာထဲမှ မြူမှုန်စာလောက်ကိုသာ ရေးဖွဲ့ထားပါသည်။
ကိုကြီးထွန်းဝေသို့အမှတ်တရ တဲ့ဗျာ ။ ကျနောလဲမိတ်ဆွေတွေသိရအောင် တင်ပေးလိုက်ပါတယ်2:20am
No comments:
Post a Comment