Friday 16 August 2013

ဗိုလ်ချုပ်အောင်ဆန်းစာမူ ရပါပြီ




တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ က ကျင်းပသည့်ဗိုလ်ချုပ်အောင်ဆန်း၏ ပါဋိဘာသာလက်ရေးမုစာအုပ်အား အမျိုးသားလွှတ်တော်ဥက္ကဌ ဥိးခင်အောင်မြင့်မှ ရေးနံချေင်းမြို့မိ၊ မြို့ဖများနှင့်အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ပါဝင်သောအဖွဲ့အား အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်တွင် လွဲပြောင်းပေးအပ်ခဲ့သည်။ယင်းအခမ်းအားသို့ အမျိုးသားလွှတ်တော်ဒုဥက္ကဌ ဦးမြငြိမ်းနှင့် အမျိုးသားလွှတ်တော်ကော်မတီ တာဝန်ရှိ ၁၅ ဦးတက်ရောက်ခဲ့သည်။
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖေဖေ့လက်ရေးမူစာအုပ်နဲ့ပါတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ရှင်းပြခဲ့တဲ့ သဘေားထားများကို သိရှိရတဲ့အတွက် ကွဲလွဲချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်လုံးက တစ်ဖက်နှင့်တဖက်အမြင်မဆောင်းဘဲငြိမ်းချမ်းစွာဖြေရှင်းပြီး ကွဲလွဲချက်များကို ဆွေးနွေးတာတွေ့ရတဲ့အတွက် ၀မ်းမြောက်မိပါတယ် နောက်တခုက ဒီစာအုပ်နဲ့ပတ်သက်ပြီး သမိုင်းအထောက်အထားပြုနိုင်ရန် လေ့လာမှုများ သိပံ္ပနည်းကျစမ်းသက်သုတေသနပြုလုပ်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် လေ့လာရန်လိုအပ်နေတာကိုတွေ့ရတယ်၊ ကျောင်းအုပ်ဆရာမကြီးရဲ့တင်ပြချက်ကို အခြေခံပြီး
ဦးခင်အောင့်မြင့်ရှင်းပြတာကလဲ သူကိုယ် ယဉ်ကျေးမှုဝန်ကြီး ဌာနမှာ ၅ နှစ် တာဝန်ထမ်းဆောင် ခဲ့တဲ့အတွက် သမိုင်းဝင်ပစ္စည်း ပျက်စီးဆုံးရုံးသွားမှာကို ထိန်းသိန်းစောင့်ရှောက်ဘို့ ဥက္ကဌ ကြီးရဲ့အင်္ကြပြုချက်များဟာကောင်းမွန်တယ်ဟုမိမိယူဆပါတယ်ဟုပြောကြားခဲ့သည်။ NLD ပြန်လည်မျှဝေပေးပါတယ်။မူရင်း





No comments:

Post a Comment