Monday 15 July 2013

ရင်ထဲကဘဘဦးအောင်ဆန်း

ရင်ထဲကဘဘဦးအောင်ဆန်း
*******************

နေ့ တိုင်းသတ်တဲ့ လူတွေရယ်

လုပ်ကြံရက်စက်တယ်

ငယ်နံမယ်မသေသော်ငြား

ဒေါ်စုအဖေတဲ့ လား



ဗိုလ်မင်းရောင်၏ မြေးရင်းပေ

ဘမျိုး ဘိုးတူနေ

နတ်မောက်မြေ ဇာတိရင်း

ငယ်မည် 'မောင်ထိန်လင်း'

ပန်းနံ့သင်းတဲ့ တက္ကသိုလ်မှာ

ကျောင်းသား ခေါင်းဆောင်ပါ

အလုပ်မှာ သူရှေ့တန်း၊

အမည် 'ကိုအောင်ဆန်း'။

ဂျပန်ကျွန်းကို သွားလို့နော်

သွေးသောက် တပ်မတော်

ရဲဘော်သုံးကျိပ် နမည်ရ၊

အမည် 'ဗိုလ်တေဇ'။

စော်ကားလှတဲ့ နယ်ချဲ့တွေ၊

တွန်းလှန် တိုက်ခိုက်ပေ

လွတ်လပ်ပြီလေ သူ့အစွမ်း၊

ဗိုလ်ချုပ်ဦးအောင်ဆန်း'။ ။


ကိုထွန်းဝေ
မျှဝေပါတယ်.
ဓါတ်ပုံ ဆရာသန်းဌေးမောင်

16.7.2013

No comments:

Post a Comment