Tuesday 16 July 2013

ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့ရာ လန်ဒန်က ဟိုတယ်ကို ဦးသိန်းစိန်သွား


Tuesday, July 16, 2013
ဗြိတိန်နိုင်ငံရောက် သမ္မတ ဦးသိန်းစိန်ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ကို လွတ်လပ်ရေး ကိစ္စသွားရောက်ဆွေးနွေးစဉ်က တည်းခိုခဲ့ရာ Dorchester Hotel ကို မနေ့က သွားရောက်
လေ့လာခဲ့ပါတယ်။


၁၉၄၇ ခုနှစ် က ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ကိစ္စ ဆွေးနွေးစဉ်တည်းခိုးခဲ့ရာ ဟိုတယ်၊ ဓာတ်ပုံ- Ye Htut

ဒါနဲ့ပတ်သက်ပြီး သမ္မတနဲ့အတူ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သူ့ ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။ 

ဇူလိုင်လ ၁၅ ရက်နေ့မှာ စိတ်ဝင်စားဖို့ အကောင်းဆုံး အစီအစဉ်ကတော့ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်
အောင်ဆန်း လန်ဒန်မြို့ကို မြန်မာ့လွတ်လပ်ရေးအတွက်လာရောက်ဆွေးနွေးစဉ် တည်းခိုခဲ့တဲ့ Dorchester Hotel ကို သမ္မတကြီးသွားရောက်လေ့လာခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ 

ဒီအစီအစဉ်ဟာ သမ္မတကြီးရဲ့ မေတ္တာရပ်ခံချက်အရ အိမ်ရှင်များက စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဟိုတယ်ကို ပြန်လည်မွမ်းမံထားတာကြောင့် အခမ်းအနေအထား၊ ဖွဲ့စည်းပုံက ပြောင်းလဲနေပေမယ့် အဲဒါက ဟိုတုံးက ဗိုလ်ချုပ်နေခဲ့တဲ့နေရာပါပဲ။ 

သမ္မတကြီးက ဗိုလ်ချုပ်ခရီးစဉ်အတွင်းရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများကိုလည်း လေ့လာခဲ့ပြီး ဒီပုံများ ကို မြန်မာပြည်သူများ လေ့လာနိုင်ရေး အတွက် မြန်မာနိုင်ငံမှာလာရောက်ပြသဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

လို့ ဦးရဲထွဋ်က အသိပေးထားပါတယ်။ 





No comments:

Post a Comment