Wednesday 17 July 2013

ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ဂါရ၀ပြုခွင့်မရ

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက် အောင်ဆန်းစက်မှုလက်မှုကျောင်း အတွင်းရှိဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်ရှေ့တွင် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ဂါရ၀ပြုခွင့် ကို လျှောက်ထားခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း သိရသည်။
အဆိုပါကိစ်္စနှင့် ပတ်သက် ၍ စာနယ်ဇင်းရှင်းလင်းပွဲကို အင်းစိန်မြို့နယ်ရှိရွှေစည်းစိမ်ခန်း မ၌ ဇူလိုင်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ထိုသို့ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ကို ငြင်းပယ်ခြင်းခံ ရသော်လည်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

“နိုင်ငံသာားတိုင်းရဲ့ လုပ်ပိုင် ခွင့်နဲ့ ကျွန်တော်တို့မဖြစ်မနေ ဇူလိုင်လ ၁၉ ရက်နေ့မှာ အောင်ဆန်းစက်မှုလက်မှုအထက် တန်းကျောင်းဝန်မှာရှိတဲ့ ဗိုလ်ချုပ် ကြေးရုပ်ရှေ့မှာသွားရောက်ပြီး ဂါရ၀ပြုမှာပါ”ဟု ဗိုလ်ချုပ်ကြေးရုပ် နှင့် ဗိုလ်ချုပ်ပန်းခြံဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေးကွန်ရက်မှ ယာယီဥက္ကဋ္ဌဦးတင်လှိုင်ကပြော သည်။
“ကျွန်တော်တို့နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ခွင့်ပြုချက် လျှောက်ထားပါတယ်။ ဆက်လက် ပြီးတော့လဲအယူခံဝင်သွားမှာပါ။ ခွင့်ပြုချက်မရလို့အရေးယူမယ်ဆို ရင်လဲ ကျွန်တော်တို့အားလုံးအရေး ယူခံမှာပါ”ဟု အဆိုပါကွန်ရက်မှ ကိုကျော်ဝဏ္ဏကပြောကြားခဲ့သည်။

ငြင်းပယ်စာတွင် အာဇာနည် ဗိမာန်သည်အပတ်စဉ်တနလာင်္နေ့ တွင် သာပိတ်ပြီးတစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားသဖြင့် အာဇာနည် ဗိမာန်၌သာဆောင်ရွက်ရန်နှင့် စက်မှု၊ လက်မှုအထက်တန်းကျောင်း အတွင်းခွင့်မပြုကြောင်းပါရှိသည်။

ကျော်မာဃ
The hot new weekly

- See more at: http://www.dawnmanhon.com/2013/07/blog-post_2741.html#sthash.dMc814xL.dpuf

No comments:

Post a Comment