Thursday 30 May 2013

အတိုက်အခံအဖြစ် ပိုပြီးပီပီပြင်ပြင် မြင်လာရတော့ မယ့် ဒေါ်အောင်ဆန်းစုကြည်

Thursday, May 30, 2013

များမကြာသေးခင် ကာလတုန်းကအထိ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အားမလို အားမရ ဝေဖန်သံတွေ အေတ်ာထွက်ခဲ့ပါတယ်။ ဒေါ်ေ...အာင်ဆန်းစုကြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ပြီး လွှတ်တော်ထဲ ရောက်သွားပြီ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတာလည်း လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ရခိုင်အေရးနဲ့ ကချင်အေရးတွေမှာလည်း ဘာမှမြေပာဘဲ ရေငုံနှုတ်ပိတ်နေတယ်၊ အာဏာရေနတဲ့ စစ်ဗိုလ်တွေနဲ့ပဲ ရင်းနှီးအောင် ပေါင်းနေလို့ တို့တိုင်းရင်းသားတွေအတွက် သူ့ကို မျှော်လင့်လို့ မရေတာ့ဘူး စတဲ့ အသံဗလံ ပေါင်းစုံ ဖြစ်ပါတယ်။

အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဆက်တိုက် ပြောလာတဲ့စကားတွေကို ကြည့်လိုက်ရင် အဲဒီ ဝေဖန်သံတွေ မမှန်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို မြကာခင်အချိန်ကစြပီး အတိုက်အခံနိုင်ငံရေးသမား ပီပီသသ ပြန်မြင်ကြရေတာ့မယ်လို့ မှန်းဆနိုင်လောက်တဲ့ လှုပ်ရှားပြောဆိုမှုတွေ တွေ့လာရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြာခဲ့လဲ။ အဲဒါတွေအတွက် သူ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားပါမယ်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက်တုန်း ပြောတဲ့စကား၊ နိုင်ငံခြားသတင်းဌာနနဲ့ တွေ့တဲ့ အချိန် ပြောတဲ့စကား၊ ခုရက်ပိုင်း ကျင်းပေနတဲ့ အန်အယ်လ်ဒီဗဟိုကော်မတီ အစည်းအေ၀းမှာ ပြောတဲ့ စကားတခွန်းကေတာ့ အစိုးရအဖွဲ့သစ် တက်လာတာ ၃ နှစ်ထဲ ၀င်လာပြီ။ ပြည်သူလူထုတွေရဲ့ ဘ၀ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေးဘူးလို့ ဆိုလိုက်တာပါပဲ။ ဒါက အစိုးရကို တိုက်ရိုက် ဝေဖန်လိုက်တဲ့ သေဘာပါ။ နောက် မေ ၂၇ ရက်နေ့ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအေ၀းနဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း တိုင်းပြည်မှာ တရားဥပေဒစိုးမိုးရေးဘက်မှာ သိပ်ပြီး အပြောင်းအလဲ မရှိဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ဘက်မှာလည်း တိုးတက်သင့်သေလာက် တိုးတက်မှုမရှိသေးဘူးလို့ ထပ်ပြီး ဝေဖန်ပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံအြေခခံဥပေဒ ပြင်ဆင်ဖို့ လိုအပ်လာတယ် ဆိုတာ ပိုပြီး သေချာလာတယ်လို့ ထောက်ပြပါတယ်။

တဆက်တည်း အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၃ နှစ်အတွင်း မူးယစ်ဆေးဝါးကိစ္စ ပိုပြီးဆိုးလာတဲ့အြေကာင်း၊ သူသိသေလာက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက မူးယစ်ဆေးဝါး ပြဿနာကို သိပေမယ့် လျစ်လျူရှုထားပြီး အေရးမယူဘူးလို့ နားလည်တဲ့အြေကာင်း၊ တချို့နေရာတွေမှာ မူးယစ်ဆေးဝါးလုပ်ကိုင်သူတွေနဲ့ ပူးပေါင်းမှုတွေတာင် ရှိတယ်လို့ ကြားရတဲ့အကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါသေးတယ်။

အခုရက်ပိုင်း အစိုးရလုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တာ ဒီလောက် မကသေးပါဘူး။ ကျင်းပြပီးသွားတဲ့ လွှတ်တော် အထူးအစည်းအေ၀းအတွင်း မိတ္ထီလာမှာ သမ္မတ အမိန့်နဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာ၊ အဲဒါကို အတည်ပြု သက်တမ်းတိုးပေးဖို့ တောင်းဆိုတာကိုလည်း ထိထိရောက်ရောက် ဝေဖန်ခဲ့ပါသေးတယ်။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြတာက အကြမ်းဖက်မှုတွေ ဖြစ်ပွားလာချိန် ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် အုပ်ချုပ်ရေးဆိုင်ရာအပိုင်းက အစွမ်းကုန် လုပ်စရာရှိတာတွေ လုပ်ခဲ့ရဲ့လား၊ လုပ်ခဲ့ပြီး မနိုင်တော့မှ စစ်တပ်ကို ခေါ်တာလား။ နောက် လက်ရှိ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားချိန်မှာလည်းအခြေအနေ ပြန်လည်တည်ငြိမ်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ပြီးပြီလဲ၊ ရက်ပေါင်း ၆၀ တိုင်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်လို့ မအောင်မမြင်ဖြစ်ပြီး စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ လိုအပ်ရတာလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့ စစ်ဘက် အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာလည်း ထင်သာမြင်သာ မရှိတဲ့အတွက် သူ့အေနနဲ့ ဝေဖန်ဆန်းစစ်စရာ ဘာအချက်အလက်မှ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ လွှတ်တော်အစည်းအေ၀းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အမတ်တွေ ပြောဆိုခဲ့တာတွေ ဘာမှ မထိရောက်ခဲ့ပါဘူး။

ဒါတင်မက ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေ အဓိက နေထိုင်တဲ့ မြို့ ၂ မြို့က အစ္စလာမ်မိသားစုတွေအေနနဲ့ တအိမ်ထောင် ကေလး ၂ ယောက်ထက် ပိုမယူရဘူးဆိုပြီး အစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်ထားတာဟာ ခွဲခြားမှုဖြစ်ပြီး လူအခွင့်အေရး ချိုးဖောက်တာလည်း ဖြစ်တဲ့အကြောင်း ရဲရဲတင်းတင်း ဝေဖန်ပါတယ်။

ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမတ် ၄၀ ကျော် လွှတ်တော်ထဲ ရောက်သွားပြီးနောက်ပိုင်း အစိုးရအဖွဲ့အေပါ် ဝေဖန်သုံးသပ်မှုတွေဟာ ခုတကြိမ်မှာ အပြင်းထန်ဆုံးနဲ့ အကြိမ်ရေအများဆုံး ကာလလို့လည်း ပြောနိုင်ပါတယ်။ ဒါတွေကြည့်ရင် ရှေ့လျှောက် ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်ရမယ့် ဖွဲ့စည်းပုံ အခြေံဥပေဒ ပြင်ဆင်ရေးကိစ္စ၊ တရားဥပေဒစိုးမိုးမှု ရှိလာအောင် လုပ်ရမယ့်ကိစ္စေတွမှာ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့ရမှာဖြစ်ပြီး အတိုက်အခံပီသတဲ့ ပုံသဏ္ဌာန်ကို ပြန်လည် မြင်တွေ့ကြရေတာ့မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
DVB

Thursday, May 30, 2013
ပြန်လည်မျှဝေပါတယ်။

လားရှိုးပဋိပက္ခ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

လားရှိုးမြို့က ပဋိပက္ခအတွင်း လူ ၁ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရတယ်လို့ နောက်ဆုံး ဝင်ရောက်တဲ့သတင်းတွေအရသိရပါတယ်။ အင်္ဂါနေ့က စတင်ခဲ့တဲ့ ပဋိပက္ခဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာတော့ အခြေအနေက အထိုက် အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ရဲက လုံခြုံရေး ယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တချို့ ရှိခဲ့ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့လူစုဝေးတွေဟာ တုတ်ဓါး လက်နက်တွေကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်ကာ မွတ်ဆလင်တွေကို ရှာဖွေခဲ့ကြပါတယ်။ လူအများစုကတော့ နေအိမ်အပြင် မထွက်ရဲဘဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းနဲ့ဈေးဆိုင်တဆိုင်လည်း ထပ်မီးရှို့ဖျက်ဆီး ခံရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယ ရဲမှူးကြီးမင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် နှစ်ရက်အတွင်းဗလီနဲ့အစ္စလမ် စာသင်ကျောင်း ၆လုံးနဲ့ဈေးဆိုင် ၁၇ဖျက်ဆီးတိုက်ခိုက်ခံရတယ်လို့ ရဲမှူးကြီးကပြောပါတယ်။ဒီပဋိပက္ခဟာ အင်္ဂါနေ့က မွတ်ဆလင် တယောက်က အမျိုးသမီးတစ်ဦးကို ဓါတ်ဆီနဲ့ပက် မီးရှို့မှု ဖြစ်ပြီးနောက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ညပိုင်းမှာ လူတွေက မကြေမနပ် ဖြစ်ပြီး ဗလီနဲ့ မွတ်စလင် မိဘမဲ့ ကျောင်းတစ်ခုကို မီးရှို့ခဲ့ကြပါတယ်။အမျိုးသမီးကို မီးရှို့တဲ့သူဟာ တာချီလိတ်ကနေ လားရှိုးမှာ လာနေတဲ့ နေဝင်း(၄၈ နှစ်)ဆိုသူ ဖြစ်တယ်လို့အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ခံရသူ မအေးအေးဝင်းဆိုသူ အမျိုးသမီးကတော့ ဆေးကုသမှု ခံယူနေပါတယ်။

ဒီပဋိပက္ခကိုသတင်းယူနေတဲ့ ဒေသတွင်းသတင်းထောက် ၂ယောက်ကိုလည်း ဆူပူသူတွေက ရိုက်နှက်ခဲ့တယ်လို့ အလွတ် သတင်းထောက်ခွန်ဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

ဘီဘီစီ
- See more at: http://www.dawnmanhon.com/2013/05/blog-post_29.html#sthash.qSVGVt39.dpuf

No comments:

Post a Comment