Monday 22 April 2013

နဖူးမှချွေး ခြေမကျသည့် ကုသိုလ်ထူး

Photo

၂ဝ၁၃ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် အများပြည်သူအပေါင်းတို့အတာရေပတ်ဖျန်းပျော်မြူးနေကြချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ပေးဆပ်သူများ” သံချပ်အဖွဲ့သည်လည်း အများပြည်သူတို့အား“နဖူးမှချွေး ခြေမကျသည်” အထိ ပြည်သူတို့၏ ရင်းတွင်းမှခံစားချက်များအား သံချပ်အဖြစ်နှင့် ရင်ဖွင့်နေကြလေသည်။ ထိုအချိန်တွင် ပြည်မြို့နှင့် အနီးတဝိုက်ကျေးရွာအချို့တွင မည်သူမှမျှော်လင့် မထားသည့် လေဆင်နှာမောင်း(ခေါ်) လေပြင်းတစ်ခုသည် နေ့လည်(၂းဝဝ) နာရီအချိန်ခန့်က တိုက်ခတ်သွားခဲ့လေသည်။

ထိုလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် (ဖိုးခေါင်၊ လက်ခုပ်ပင်၊ ဇီးဖြူကုန်း၊ သစ်ချေတင်၊ နဝင်းမာလကာကုန်း) အစရှိသည့် ကျေးရွာများတွင် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော် ကြီးကျောင်းများ ပျက်စီးခဲ့ရသည်။ ထို့ကြောင့် အရေးပေါ်ကူညီမှုပေးရန် လိုအပ်လာသောကြောင့် ပြည်မြို့ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ရှိ မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့၏ အကြောင်းကြားချက် အကူညီတောင်းခံမှုကြောင့် မဆိုင်းမတွန့် ကူညီမှုပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏အလုပ်အမှုဆောင်များ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုလေဘေး ကယ်ဆယ်ရေးအတွက် “ပေးဆပ်သူများ” သံချပ်အဖွဲ့အား အများပြည်သူများမှ ဆုတော်ငွေအဖြစ် လှူဒါန်းခဲ့ သောငွေများထဲမှ သိန်းနှစ်ဆယ်ကျပ်တိတိအား လေဘေးသင့်ပြည်သူများအား လှူဒါန်းခဲ့ကြသည်။ ၄င်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဖိုးခေါင်ကျေးရွာ၊ ဇီးဖြူကုန်း၊ လက်ခုပ်ပင်၊ ချောင်းနားတန်း၊ သစ်ချေတင်နှင့် နဝင်းမာလကာကုန်း ကျေးရွာများမှ စုစုပေါင်း အိမ်ခြေ (၁၉ဝ) တွင် (၃၄)လုံးမှာ လုံးဝပျက်စီးခဲ့ပြီး ကျန်(၁၅၆) လုံးသည် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ(၁ဝဝဝ) ခန့် လေဘေး ဒုက္ခဒဏ်ခံစားခဲ့ရသည်။

ထိုပျက်စီးခဲ့သော အိမ်ထောင်စုများတွင် လုံးဝပျက်စီးအိမ်(၃၄) လုံးအား တစ်အိမ်လျှင်ငွေ (၂ဝဝဝဝ)ကျပ်နှင့် ဆန်(၄)ပြည်၊ ဆီ(၅၅)ကျပ်သား၊ ခေါက်ဆွဲခြောက်(၂)ထုတ်၊ ဆပ်ပြာ(၁) တစ်ထုပ်စီ လှူဒါန်းခဲ့ပြီး ကျန်နေအိမ်(၁၅၆)လုံးအား ဆန်(၄)ပြည်၊ ဆီ(၅၅)ကျပ်သား၊ မားမားခေါက်ဆွဲ (၂)ထုပ်၊ဆပ်ပြာ(၁)ထုပ်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ကျောင်သားလူငယ်များ ကျောင်းဖွင့်ချိန် နီးကပ်လာပြီဖြစ်သောကြောင့် စာသင်ကျောင်းများ အချိန်မှီ ပြုပြင်ရန်လိုအပ်လာပြီ ဖြစ်သည့်အတွက် ရှမ်းစုကျေးရွာ မူလတန်းကျောင်းအား (၆)ပေသွပ်(၁၂၆) ချပ်၊ ချောင်းနားတန်း ပြေလည်ရာ ဘုရားဓမ္မာရုံအား သွပ်(၉)ပေ၊ (၃၉)ချပ်၊(၁၁)ပေ(၁၁)ချပ်၊ဇီးဖြူကုန်းစာသင်ကျောင်းအားသွပ်(၈)ပေ(၃)ချပ်အားလှူဒါန်းခဲ့သည်။ 

ထို့အပြင် (AAA) ဖိနပ်စက်ရုံမှ လာရောက် လှူဒါန်းထားသော ဖိနပ်များနှင့် အဝတ်အထည်များအားလည်း ထပ်မံ၍ ပေးပို့လှူဒါန်းခဲ့သည်။ ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် မိဘပြည်သူများအတွက် အရေးပေါ်ကူညီ ပေးဆပ်ရန် လိုအပ်လာပါက အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ လူမျိုးဘာသာအရွေး ပေးဆပ်ကူညီ နေမည်ဖြစ်သည်။ ယခုပြည်မြို့ လေးဘေးကူညီ ကယ်ဆယ်ရေးတွင်လည်း “ပေးဆပ်သူများ” ၂ဝ၁၃ခုနှစ် မဟာသင်္ကြန်ကာလအတွင်း “နဖူးမှချွေး ဖြေမကျသည်အထိ” အနားတမ်း သံချပ်ဖျော်ဖြေပွဲ့မှ ရရှိသော ဆုတော်ငွေများထဲမှ မိမိတို့၏ အကျိုးအတွက် အသုံးမပြုပဲ လေဘေးဒုက္ခခံစား နေရသော မိဘပြည်သူ အပေါင်းတို့အား အကျိုးရှိစွာ အသုံးပြုခဲ့သောကြောင့် “နဖူးမှချွေး ခြေမကျသည့် ကုသိုလ်ထူး” အဖြစ် နှစ်သစ်တွင် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတော့သည်။

ကျော်သူ

No comments:

Post a Comment