Monday 22 April 2013

အလင်း မှောင်မှောင် လရောင် ဆမ်းလို့ လန်းနိုင် စေသား

    Sunday, 21 April 2013      ရွှေဟင်္သာသတင်းဌာန
     
စီးပွားရေး၊ နိုင်ငံရေး စသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၌ မှီတင်း နေထိုင် ကြသော မြန်မာ နိုင်ငံသား များသည်နှစ်ရှည် လများ ကြာလာ သည်နှင့် အမျှ သားသမီး များ၏ ပညာ ရေးမှာလည်း အခက်အခဲ တစ်ခု သဖွယ် ဖြစ်လာ ခဲ့ပါသည်။ ဤသို့ ဖြစ်ပေါ် လာခဲ့သော အခက်အခဲ တခုကို ၂၀၁၂-၂၀၁၃ ပညာရေး နှစ်မှ စတင် ဖြေရှင်း သွားနေ ပြီလော ဆိုသည့် အခြေအနေ တစ်ခု ဖြစ်ပေါ် လာခဲ့ ပါသည်။

 ဤသည် ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်း အလုပ်သမား များ၏ ကလေးငယ် များအတွက် ၄င်းတို့ အနာဂတ် ပညာရေး ဘ၀ အာမခံ ချက်ကို မြန်မာ အစိုးရက ၀ိုင်းဝန်း ဖြေရှင်း ပေးသွား မည်ဟု သဘောတူ ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား (၂) သန်းခန့် ရရာ အလုပ်ဖြင့် အသက် မွေးဝမ်းကြောင်း နေကြပြီး လာရောက် မှီတင်း နေထိုင် ကြသည်ဟု NGO အဖွဲ့များမှ ခန့်မှန်း နေကြ ပါသည်။ ဤအထဲတွင် ထိုင်းနိုင်ငံ မဲဆောက် ခရိုင်တွင် မြန်မာ နိုင်ငံသား သိန်းနှင့်ချီပြီး တရားဝင် နည်းဖြင့် လည်းကောင်း တရားမ၀င် နည်းဖြင့် လည်းကောင်း နေထိုင် နေကြ ပါသည်။

ထိုင်းနိုင်ငံ မဲဆောက် ခရိုင်တွင် Migrant ကျောင်း ပေါင်း (၇၂) ကျောင်းခန့် ရှိပြီး ကျောင်းသားပေါင်း တသောင်း ခွဲခန့်သည် ယင်းကျောင်းတွင် ပညာ သင်ကြား နေပါသည်။ ကျောင်းများ၏ ရှင်သန် ရေးကိုမူ နိုင်ငံတကာ အလှူရှင်များ (INGOs) များက ကူညီ ထောက်ပံ့ ပေးခဲ့ပြီး နှစ်ပေါင်း (၂၀) ကျော်မျှ ရပ်တည် လာခဲ့ပြီး ဖြစ်ပါသည်။

 စာသင်ကျောင်း များသည် အခြေခံ ပညာ အထက်တန်း အဆင့် အထိ အစိုးရ သင်ရိုး ညွှန်းတမ်းကို အခြေခံကာ ကိုယ့်ထူ ကိုယ်ထ စနစ်ဖြင့် သင်လာ ခဲ့ကြ ပါသည်။ သို့သော် အထက်တန်း ပညာ အောင်မြင် လာခဲ့သော ကလေးငယ် များအား တက္ကသိုလ် ပညာ သင်ကြားရန် အခက်အခဲ ဖြစ်လာ ခဲ့ပါသည်။ ဤသို့ကြောင့် ဤအခက် အခဲကို ဖြေရှင်းရန် အစိုးရအား မည်သို့ ဆက်သွယ်ပြီး မည်သို့ ဆောင်ရွက် ခဲ့သည်ကို Burmese Migrant Workers Education Committee (BMUEC) ဥက္ကဌ နော်ဖောရေအား မေးမြန်း ထားချက် အချို့အား ရွှေဟင်္သာ စာဖတ် ပုရိသတ်များထံ တင်ဆက် ပေးချင် ပါတယ်။

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း မြန်မာ အလုပ်သမား ကျောင်းမှ မြန်မာ နိုင်ငံသို့ ၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ် ၀င်တန်း ဖြေဆိုခွင့် ရှိသူပေါင်း သူမှာ (၇၀) ဦး ဖြစ်ပြီး ဖြေဆို ခဲ့သူမှာ ကျောင်းသား ကျောင်းသူပေါင်း (၅၆) ဦး ရှိပါသည်။ ဘာကြောင့်လည်း ဆိုတော့ ဖြေဆိုမယ့် သူတွေကို ပြင်ဆင်ပြီး ဇကာတင် ရွေးချယ်တော့ ၅၈ ဦးသာ ဖြေဆို နိုင်ခဲ့သည်။

Migrant ကျောင်းသား များ၏ တက္ကသိုလ်ဝင်ခွင့် ဖြေဆို နိုင်ရန် မည်ကဲ့သို့ ကြိုးစား အားထုတ် ခဲ့သည် များကို အောက်ပါ အတိုင်း နော်ဖေါရေက ပြန်လည်ေ ပြောပြ ခဲ့ပါသည်။

"မြန်မာ နိုင်ငံ အစိုးရရဲ့ နိုင်ငံရေး အရ ပြုပြင် ပြောင်းလဲတဲ့ အချိန်မှာ ကျမတို့ Migrant  ကလေးတွေ ကိုလည်း အသိမှတ် ပြုနိုင်ဖို့ ကလေးတွေရဲ့ အနာဂတ် တစ်စုံ တရာ မျှော်လင့်ချက် ဖြစ်လာဖို့ အတွက် ပြောင်းလဲ လာနေတဲ့ အခုလို အချိန် မျိုးမှာ ကျမတို့ ဘယ်လိုမျိုး အကျိုး ရှိရှိ အသုံးချ မလဲ ဆိုပြီး ဖြစ်လာ ပါတယ်၊ အဲဒီတော့ ကလေး တွေရဲ့ အနာဂတ် ပညာရေး အတွက် ကျမတို့ ဘာလုပ် နိုင်မလဲပေါ့၊ နောက်ဆုံးတော့ BMWEC အဖွဲ့အစည်း အနေနဲ့ ဆုံးဖြတ် လိုက်တာ ကတော့ ဒီပြုပြင် ပြောင်းလဲ နေတဲ့ အချိန်မှာ အစိုးရနဲ့ တူတာ လေးတွေကို အရင်ဆုံး ညှိနှိုင်း ဆွေးနွေး ပြီးတော့ မတူတာ လေးတွေကို တဖြည်းဖြည်းနဲ့ အဆင်ပြေ သွားအောင် ဆိုတဲ့ ရည်ရွယ် ချက်နဲ့ အစိုးရ ဆီမှာ တရားဝင် တောင်းဆိုဖို့ ဖြစ်လာ ခဲ့တာပါ” ဟု နော်ဖောရေက ပြောပါတယ်

(BMUEC) သည် ရွှေ့ပြောင်း အလုပ်သမား များ၏ ကလေးငယ်များ တက္ကသိုလ် ဖြေဆိုခွင့် ပေးရန် ၀န်ကြီး ဦးအောင်မင်း အား ၂၀၁၂ ခုနှစ် စက်တင်ဘာ လတွင် အချက် (၃) ချက်ဖြင့် ပထမ အကြိမ် တောင်းဆို ခဲ့ပြီး ခွင့်ပြုချက်ကို အောက်တိုဘာ လ၌ ရရှိ ခဲ့ပါသည်။

တောင်းဆိုချက် (၃) ချက်မှာ 

(၁) ကလေး တွေကို အဝေးသင် တက္ကသိုလ် ဖြေဆိုခွင့် ပေးဖို့
(၂) Migrant ကျောင်းသား ကျောင်းသူ တွေက မြန်မာပြည် ထဲမှာ တက်ချင်တဲ့ ကျောင်းတွေမှာ သူအတန်း အလိုက်နဲ့ တက်နိုင်ဖို့
(၃) ပြည်တွင်းမှာ ပညာရေး ဖွံ့ဖြိုးရေး လုပ်ငန်း တွေကို လုပ်ဆောင်ခွင့် ပေးဖို့ တောင်းဆို ခဲ့ပါတယ်။ အဲဒီ မှာလည်း ကျောင်းဆရာ၊ ဆရာမတွေ အပါ အ၀င်ပေါ့။

တောင်းဆိုထားတဲ့ အဲဒီ အချက်တွေ ထဲမှာ လိုက်လျောတဲ့ အချက်တွေ ရှိသလို မလိုက်လျောတဲ့ အချက် တွေလည်း ရှိပါတယ်။ မလိုက်လျောတဲ့ အချက်တွေက Migrant ကျောင်းဆရာ ဆရာမ တွေကို ကျောင်းဆရာ အဖြစ် အစိုးရ အသိ အမှတ်ပြု လက်မှတ် ပေးမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ အခုအထိ အသိအမှတ် မပြုသေး ပါဘူး။ 

အစိုးရ ခွင့်ပြုလို့ ဆောင်ရွက် နေတာ ကတော့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ ကိစ္စကို  အစိုးရက တရားဝင် အနေနဲ့ လုပ်ဆောင် ပေးပါတယ်။ အဲဒါကြောင့် ဒီနှစ်မှာ ဆိုရင် ကျမတို့ Migrant ကလေးတွေ (၅၈) ဦး ဖြေနိုင် ခဲ့ပါတယ်။  နောက်ထပ် တစ်ခု ကတော့ မြန်မာပြည် အတွင်းမှာ ကလေးတွေကို မိမိ အတန်း အလိုက်နဲ့ တခြား နေရာ ဒေသမှာ ရှိတဲ့ ကျောင်းတွေမှာ တက်နိုင်ဖို့ ကိစ္စကိုလည်း ဆက်လက်ပြီးတော့ လုပ်ဆောင် ပေးနေ ပါတယ်။ ဒါက မြန်မာ အစိုးရနဲ့ ချိတ်ဆက်ပြီး ဖြေရှင်း ခဲ့ခြင်းလည်း ဖြစ်ပါတယ်

ထိုင်းအစိုးရ၏ Migrant ပညာရေး အပေါ် သဘော ထားများ

Migrant ပညာ ရေးသည် အနှစ် (၂၀) ကျော်လာ ခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ကြောင့် ထိုင်းအစိုးရ ကလည်း မြန်မာ ကလေးငယ် များ၏ အနာဂတ် ပညာရေးကို မျှော်ကိုးပြီး ထိုင်းကျောင်း များတွင်လည်း ပညာ သင်ခွင့် ရရန် ထိုင်းပညာရေး ဌာနမှ စီစဉ် ထားပါသည်။ ထို့အပြင် တချို့ Migrant ကျောင်းများ ကိုလည်း ထိုင်းပညာရေး ဌာနမှ ကူညီ ထောက်ပံ့ ထားပါသည်။

“ တချို့ ကျောင်းသား တွေက မိဘတွေ ထိုင်းနိုင်ငံမှာ အနေ ကြာတော့ ထိုင်းအစိုး ရက ခွင့်ပြု ထားတဲ့ ယာယီ နေထိုင်ခွင့် ပေးထားတဲ့ အဆင့် ပန်းရောင်ကဒ်၊ အစိမ်းရောင်ကဒ်၊ (၁၀) နှစ်ခံ ကဒ်တွေ ပေးထားတာ ရှိကြ ပါတယ်။ အဲဒီလို ရထားတဲ့ မိဘက ကလေး တွေကိုတော့ ထိုင်းကျောင်း တွေမှာ နေခွင့် ရပါတယ်။  ထိုင်းနိုင်ငံသား ကဒ်အဆင့် မဟုတ်တော့ ထိုင်းတက္ကသိုလ် ၀င်တန်း ကိုတော့  ဖြေဆိုခွင့် မရှိကြ သေးပါဘူး။

အဲဒီလိုမျိုး ကဒ်တွေ ရတဲ့ အထဲ မှာလည်း အနည်းစု ကပဲ ရကြ ပါတယ်။ ထိုင်းကျောင်း ကိုလည်း တက်ခွင့် ရကြ တာပေါ့။ ထိုင်းကျောင်းကို တက်တဲ့ အခါ ကုန်ကျ စရိတ် များတယ်။ လူမျိုး မတူတဲ့ အခါ လူမျိုးရေးမှာ ခွဲခြားမှု အများကြီး ရှိပါတယ်။ ဒါကြောင့်Migrant ကျောင်းသား တစ်သောင်း ခွဲလောက် ရှိပေမဲ့ ထိုင်းကျောင်းမှာ (၁) ရာခိုင် နှုန်းလောက်တောင် မတက် နိုင်ဘူး။

ထိုင်းအစိုးရ အနေနဲ့ ကတော့ သူတို့ ပညာရေး ဌာန ကတဆင့်Migrant ကျောင်းအတွက် ထောက်ပံ့ မှုတွေ လုပ်ပေး တာတော့ ရှိပါတယ်။ ဒါပေမယ့် အားလုံး ကိုတော့ သူတို့က လက်တွဲ မခေါ်နိုင် ပါဘူး။

ဥပမာ ထိုင်းအစိုးရက လက်တွဲ ထားတဲ့ Migrant ကျောင်းတွေ ဆိုရင် ပထမ တန်းကနေ စပြီး လက်တွဲတဲ့ အနေနဲ့ ကလေး တွေကို  နေ့လည်စာ နို့ဘူး လေးတွေကို ထိုင်းကလေး တစ်ဦး လိုပဲ အစိုး ရက ထောက်ပံ့မှု အတိုင်းတော့ ထောက်ပံ့ ပေးပါတယ်။ အဓိက အခက်အခဲ ကတော့ Migrant ကလေးတွေ ဖြစ်တဲ့ အတွက် ပထမတန်း ဆိုရင် ကလေး တွေက အသက် (၉) နှစ်၊ (၁၀) နှစ် ရှိပြီး ထိုင်းကျောင်း တွေမှာတော့ အဲဒီ အသက်အရွယ် တွေက မရှိ တော့ဘူး။ အသက် ကြီးရင်တော့ သူတို့ မယူ ဘူးပေါ့။

သူတို့က အတန်းနဲ့ ကလေး အသက် အရွယ် အလိုက် ကိုက်ညီမှု ရှိတာ ကိုပဲ ယူပါတယ်။ နောက်တစ်ခုက ပထမတန်းပဲ ယူတယ်။ ဒုတိယတန်း၊ တတိယတန်း ကျရင် ကိုယ်ကလေး တွေက မမှီ ပြန်ဘူး။ အဲဒီလို ဖြစ်နေတော့ ညှိရတာ ခက်ခဲ လှပါတယ်။ ပြီးတော့ ထိုင်းအစိုးရနဲ့ လက်တွဲပြီး အလုပ် လုပ်တဲ့ အခါ ကျတော့ ကိုယ့်ဘက်က ကျောင်းဆရာ အတွက် လစာ ဖြစ်ဖြစ် ကုန်ကျ စရိတ် ဖြစ်ဖြစ် ထောက်ပံ့ ပေးတာမျိုးလည်း မရှိဘူး။

ထိုင်းကျောင်းက သတ်မှတ် ထားတဲ့ အချိန်ဇယား အတိုင်း ကျောင်းကို အချိန်မှီ ရောက်ဖို့ အတွက် ကိုယ်ကလေး တွေကို ထိန်းဖို့ ကိုယ်ဆီက ဆရာ ကပဲ သူတို့ ကျောင်းကို အကြိုအပို့ လုပ်ပေး ရတယ်။ ကျမ တို့က  Migrant အစီအစဉ် အတိုင်း သွားရတယ် ဆိုတော့ မျှော်မှန်း ထားသလောက် မရခဲ့တဲ့ အပြင် ပိုပြီးတော့ အခက်အခဲ ဖြစ်ပါတယ်။ ခုန ပြောခဲ့ သလို ပါပဲ ခွဲခြားမှုက အများကြီး ခံရတာ ရှိတယ်လေ။

အလှူရှင် INGOs အကူအညီ အခြေအနေ

နိုင်ငံခြားသား အန်ဂျီအိုတွေ ဖြစ်တဲ့ ဒိုနာ အကူအညီ ကတော့ နည်းသွား ပါတယ်။ တချို့က အကူအညီတွေ ဖြတ်တောက်ပြီး ပြည်တွင်း ထဲကို ၀င်သွားတာ ရှိပါတယ်။ တချို့ ဒိုနာ ကတော့ အကူအညီ အထောက် အပံ့တွေ ပေးနေ တာပေါ့ ဒါပေမယ့် လျော့သွား တာတော့ များတာပေါ့။ တချို့က (၆၀) ရာနှုန်း အထိ လျှော့သွား တယ်လို့ ပြောကြတယ်။ (စာရေးသူ)

အလှူရှင် အကြီးစား တွေက တခြား နေရာ ဒေသ တွေကို သူတို့ လုပ်ငန်း တွေကို အခြေချ သွားတဲ့ အတွက် အရင် ကလောက် မရ တော့ဘူးပေါ့။

ရွှေ့ပြောင်း ပညာရေး အပေါ် အစိုးရ၏ ပူးပေါင်း ဆောင်ရွက်မှု

တက္ကသိုလ် ၀င်တန်း ဖြေဆိုတဲ့ သူတွေကို အစိုးရ ဘက်က ၀ါရင့် ဆရာ၊ ဆရာမတွေကို ပံ့ပိုး ကူညီတဲ့ အနေနဲ့ စခန်း သွင်းပြီး ၀ိုင်းဝန်း ကူညီ သင်ကြား ပေးပါတယ်။ အစိုးရ ဘက်က စာမေးပွဲ ဖြေဆို သူကို ငွေကြေး ထောက်ပံ့တာ မရှိဘူး။ မှတ်ပုံတင် မရှိတဲ့ ကျောင်းသား ကိစ္စ တွေကိုတော့ ကူညီ ပံ့ပိုး ပေးပါတယ်။ သွားလာရေး စရိတ် တွေကိုတော့ ရပ်မိ၊ ရပ်ဖ များကပဲ နေရာ ထိုင်ခင်းနဲ့ သွားလာဖို့ ခရီး စရိတ် တချို့ကို ထောက်ပံ့ ပေးခဲ့ ပါတယ်။

လာမယ့် အနာဂတ်မှာ ကလေး တွေက ဆယ်တန်း အောင်ခဲ့ရင် တက္ကသိုလ် ဆက်တက်ဖို့ အခက်ခဲ ရှိပါတယ်။ အဲဒါ တွေက သူတို့ လေးတွေရဲ့ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ ကျောင်းစရိတ် တွေကို ဘယ်သူ ရှာပေး မလဲ ဆိုတာ အခက်အခဲ ဖြစ်နေ ပါတယ်။ ယခု အထိတော့ အလှူရှင် ရှာလို့ကို မရသေး ပါဘူး။

တက္ကသိုလ် ပရိဂရမ်ကို လုပ်တော့မယ် ဆိုရင် အထက်တန်း ပညာကို အရင် အောင်မြင် သွားဖို့ လိုအပ်တယ်။ ပြီးမှ အဆင့်မြင့် တက္ကသိုလ် ပညာရေး စနစ် ထဲကို ၀င်နိုင်မယ်။ ဒါပေ မဲ့လည်း ဒီစတင် လိုက်တဲ့ နှစ်မှာ ကိုဘဲ စတင် လိုက်တဲ့ ကျောင်းသူ၊ ကျောင်းသား တွေက ထိုင်းမှာ ဖြစ်စေ နိုင်ငံတကာမှာ ဖြစ်စေ အခွင့်အလမ်း နည်းပြီး ပံ့ပိုး မှုလည်း နည်းခဲ့တယ်။ ဒီနောက် ပိုင်းမှာ ဒိုနာ တွေက မြန်မာ နိုင်ငံ ထဲကို ၀င်တာ များတော့ ထောက်ပံ့မှုက နည်းလာ ခဲ့တယ်လေ။ ဒါကြောင့် Migrant ကျောင်း တွေက ဆက်လက် ရပ်တည် နိုင်ဖို့ ကိုတောင် အတော်လေးကို အခက်အခဲ ဖြစ်ပါတယ်။

Migrant ကျောင်း ဆက်လက် ရှင်သန်ဖို့ အရေး။ ကျမတို့ အနေနဲ့ Migrant ကလေး တွေရဲ့ ဘ၀ သူတို့ လေးတွေရဲ့ အနာဂတ်ကို စဉ်းစားလို့ မရဲ တော့ပါဘူး။

**** (BMUEC ဥက္ကဌ နော်ဖောရေနှင့် တွေ့ဆုံ မေးမြန်း၍ တင်ဆက် ထားခြင်း ဖြစ်သည်။)

 စီးပွားရေး၊ နိုင်ငံရေး စသည်ဖြင့် အကြောင်း အမျိုးမျိုြးေ...ကာင့် ထိုင်းနိုင်ငံ၌ မှီတင်း နေထိုင် ကြသော မြန်မာ နိုင်ငံသား များသည်နှစ်ရှည် လများ ကြာလာ သည်နှင့် အမျှ သားသမီး များ၏ ပညာ ရေးမှာလည်း အခက်အခဲ တစ်ခု သဖွယ် ဖြစ်လာ ခဲ့ပါသည်။ ဤသို့ ဖြစ်ပေါ် လာခဲ့သော အခက်အခဲ တခုကို ၂၀၁၂-၂၀၁၃ ပညာရေး နှစ်မှ စတင် ဖြေရှင်း သွားနေ ပြီလော ဆိုသည့် အခြေအနေ တစ်ခု ဖြစ်ပေါ် လာခဲ့ ပါသည်။

ရွှေဟင်္သာသတင်းဌာန
**** (BMUEC ဥက္ကဌ နော်ဖောရေနှင့် တွေ့ဆုံ မေးမြန်း၍ တင်ဆက် ထားခြင်း ဖြစ်သည်။)

No comments:

Post a Comment