Sunday, April 21, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံ စဉ် မြန်မာကို ဂျပန်က အကူအညီပေးမယ့် ကိစ္စ သတင်းကို ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာ မှာ ဖော်ပြလာပါပြန်တယ်။
... ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည် သတင်း
မကြာသေးမီက ကမ္ဘာပေါ် တိုင်းမ် မဂ္ဂဇင်းကြီးက အွန်လိုင်း မဲစနစ်နဲ့လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံးသူအဖြစ် ရွေးချယ်ခံရမှုသတင်းကိုလည်း နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြား ခရီးစဉ် တချို့အတွင်း သတင်းတချို့ကိုလည်း ဖော်ပြလေ့ရှိလာ ပါတယ်။
ဒါပေမယ့် ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်
အေးချမ်းရေး ကော်မတီ ဥက္ကဌ အဖြစ်နဲ့သာ သတင်းတွေကို ဖော်ပြတတ်တာပါဘဲ။
မည်သို့ဆိုစေ နိုင်ငံပိုင် သတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်က နေရာ ရလာတယ်လို့ ပြောရ မှာပါဘဲ။
အိမ့်သံစဉ်
ဧရာဝတီ ဘလော့http://blog.irrawaddy.org/
No comments:
Post a Comment