Monday 22 April 2013

သမ္မတဦးသိန်းစိန်၏၆၈နှစ်မြောက်မွေးနေ့ကိုဆုတောင်းထားသည့် သမ္မတပုံတူ ဂရပ်ဖစ်တီကို မွန်းလွဲ၁နာရီက အာဏာပိုင်များက လာရောက်ဖျက်နေသည်ကိုတွေ့ရစဉ်။

 နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ယနေ့(ဧပြီ ၂၀)တွင် ကျရောက်သော ၆၈နှစ်မြောက်မွေးနေ့ကို ဆုတောင်းသည့်အနေနှင့် လူငယ်ဂရပ်ဖစ်တီသမား အာကာကျော်က သမ္မတ၏ပုံတူဂရပ်ဖစ်တီကိုချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ယနေ့နံနက်ကရေးဆွဲထားခဲ့သည်။ သမ္မတ၏ မွေးနေ့ကို ဂုဏ်ပြုလိုသဖြင့် နံနက် ၄နာရီတွင် စတင်ရေးဆွဲခဲ့ကြောင်း အာကာကျော်ကပြောကြားသည်။ “ကျွန်တော်ကြောက်ကြောက်နဲ့ဆွဲခဲ့ရတာ။ ဒီတစ်ခေါက်ဆွဲတာ သိပ်အားမရပါဘူး”ဟု အာကာကျော်ကပြောသည်။
သမ္မတဦးသိန်းစိန်၏ ပုံတူ ဂရပ်ဖစ်တီကို ယနေ့ မွန်းလွဲတစ်နာရီတွင် အာဏာပိုင်များက လာရောက် ဖျက်ပစ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ပြီးခဲ့သောနှစ်ကလည်း သမ္မတပုံတူကို ရေးဆွဲခဲ့ပြီး ယခုလိုပင် နာရီပိုင်းအကြာတွင် ဖျက်ခြင်းခံခဲ့ရဖူးသည်။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

No comments:

Post a Comment