Tuesday 16 April 2013

ကျိုတိုမြို့  မှ အမေစုနှင့် မြန်မာများအား လေးစားတန်ဘိုးထားတတ်တဲ့ ဂျပန်ဖိုးဖိုးကြီး






လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်၊ကျိုတိုမြို့  မြန်မာမိသားစုနှင့်တွေ့ ဆုံပွဲ အပြီး ၊အမေစုလက်ဘက်ရည်ကြမ်းသောက်ပွဲမှ အပြန် အမေစုပြန်လည်ထွက်ခွါသွားပြီးနောက် ဂျပန်ဖိုးဖိုးကြီးမှ ကျနော့်အား စကားခေါ်ပြောခဲ့ပါတယ်။

ဂျပန်ဖိုးဖိုးကြီး .. .တွေ့ ရတာ ၀မ်းသာပါတယ်။
ကျနော်...... အများကြီးဝမ်းသာပါတယ် အိုကြီးစံ။
ဂျပန်ဖိုးဖိုးကြီး........ခုနက မသိလိုက်ဘူး ခေါ်မှာပေါ့။
ကျနော်................ရပါတယ်အိုကြီးစံ။
ဂျပန်ဖိုးဖိုးကြီး.......ကျိုတိုကို ဘာလာလုပ်လဲ။
ကျနော် ................သတင်းလာယူတာပါ. နောက်ပြီး အမေစုကို လေးစားချစ်မြတ်နိုးလို့ ပါ။
ဂျပန်ဖိုးဖိုးကြီး...... နိဟွန်းကိုရောက်တာကြာပြီလား
ကျနော်...............27 နှစ်နီးပါး ရှိပါပြီ။
ဂျပန်ဖိုးဖိုးကြီး......အခုလိုမျိုး စုကြည်စံအားကန်တော့တာ အတိုင်းမသိဝမ်းသာတယ်ကွာ။
ကျနော်............. ကျနော် အမြတ်နိုးဆုံး အမေထဲကအမေဖြစ်လို့ ပါ အိုကြီးစံ။
ဂျပန်ဖိုးဖိုးကြီး.....စုကြည်စံက ဒီမှာနေသွားသေးတယ်။
ကျနော်.......... .အော် .မှတ်ထားပါ့မယ် အိုကြီးစံ။
ဂျပန်ဖိုးဖိုးကြီး... .ခင်များကို ရှေ့ ကရဲတွေတောင် အံ့ ကြနေကြတယ်။
ကျနော် ......... ဘာဖြစ်လို့ ပါလဲ အိုကြီးစံ။
ဂျပန်ဖိုးဖိုးကြီး... ပင်နီအင်္ကျီနဲ့ မို့ လို့ ပေါ့။ဒီမှာ လဲ နောက်ကိုလာလည်ပါ။
ကျနော် ..........အခုလိုဖိတ်ခေါ်တာ အထူးကျေးဇူးတင်ပါတယ်.။ကျနော်တို့ ဆီလည်း အချိန်မရွေး လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ။အိုကြီးစံ။အထူးဘဲလက်ခံစကားပြောတာ ကျေးဇူးတင်ပါတယ်.။ကျနော့်ကို ပြန်ခွင့်ပြုပါ။

ဟု နှုတ်ဆက်ရင်း ပြန်လာခဲ့ပါတယ်။ ကျနော်သိခဲ့တဲ့အသိက အမေစုကျေးဇူး မေတ္တာတရားဘယ်လောက်ကြီးမားတယ် ဆိုတာကိုသာမာန်ကျနော့်လို လူကို အမေစုရဲ့  ထွက်ခွါသွားပြီး လက်ခံစကားပြောပေးတဲ့ အတွက် အမေဘယ်လောက် အလုပ်တွေလုပ်ခဲ့တယ်ဆိုတာကို ကျိုတိုမှာသက်သေပြတဲ့နမူနာတစ်ခုဖြစ်ပါတယ်.။ အမှန်တော့ကျနော် ကျိုတိုကို လာတာ သတင်းလာယူတာ ဗွီဒီ.ယို မှတ်တမ်းလာယူတာ ဖြစ်ပါတယ်.။

မိတ်ဆွေများအား အမှန်အတိုင်းတင်ပြလိုက်ပါတယ်.

အမေစု သက်တော်ရာကျော် ရှည်ပါစေ.။

ကိုထွန်းဝေ
15.4..2013
လေးစားစွာမျှဝေပါတယ်။
မှတ်ချက်.....။ ။ ဖိုးဖိုးကြီး နံမည်အား မသိသောကြောင့်. ခွင့်ပြုပါ။

No comments:

Post a Comment