Tuesday 16 April 2013

ဂျပန်နိုင်ငံကျိုတိုကမ်ဆိုင်းဒေသ မြန်မာမိသားစုနှင့် အမေးအဖြေ မိန့် ခွန်းပြောပွဲမှ အစအဆုံး


ကျနော်ရိုက်ကူးခဲ့ပါတယ်.
ကိုထွန်းဝေ
16.4.2013
ကျိုတိုကမ်ဆိုင်းဒေသမှာ အမေစုမိန့်ခွန်းထဲမှ ပညာရေး အမေး အဖြေ ကဏ္ဍ..... အမေး .... ကိုထွန်းဝေ မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံပညာရေးကဏ္ဍ ကိုမည်သို့ ပြောင်းလဲမည်ကိုသိရှိလိုပါတယ်ခင်မျာ..အခြေံပညာမှစ ၍ အဆင့်မြင့်ပညာတိုင်အောင် ကျွမ်းကျင် လုပ်သားကို လေ့ကျင့်ပေးရန် သို့မဟုတ် အစားထိုးခန့် အပ်ရန် လိုအပ်ပါမည်လား၊ အဖြေ ....ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ပညာရေးကတော့ တကယ့်ကိုအားလုံးပြန်လုပ်ရမယ့်အခြေအနေပါဘဲ။ကျမစောစောကပြောခဲ့ပါတယ်။ကျမကတော့အဆင့်မြင့်ပညာ တက္ကသိုလ်ပညာ ဥပဒေဆွဲရေးမှာကျမ ဦးဆောင်နေပါတယ်။ဒါပေမယ့် တချိန်တည်းမှာဘဲ နိုင်ငံတော်ပညာရေးစီမံကိန်းတစ်ခုလည်း ကျမမဟုတ်တဲ့ တခြားပညာရေးကလဲရေးဆွဲနေပါတယ်။ အဲတော့တနိုင်ငံလုံးအတွက်ပေါ့နော် အခြေံကနေစပြီးတော့ ကျမတို့ ပညာရေး နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲစရာတွအများကြီးရှိပါတယ်.။ ပြုပြင်ပြောင်းလဲစရာတွအများကြီးရှိတဲ့အခါမှာ ကျွမ်းကျင် အလုပ်သမားတွေ ဆိုတာမှန်ပါတယ်။ကျမတို့ ဟာ ကျမတို့ ဆ၇ာဆရာမတွေကို ပြန်ပြီးတော့ အဆင့်မြင့်အောင်လို့  အရည်အချင်း မြှင့် အောင်လို့ ကျမတို့ လုပ်ရပါမယ်။ ဘာလို့ လဲဆိုတော့ ဆရာဆရာမတွေအဆင့်မြင့်မှ ကျောင်းသူကျောင်းသားတွေအဆင့် မြင့်နိုင်မှာပါ.။ အခုကျမပြောလို့ သာပြောနေရတယ် ဆရာတွေဆိုတာမရှိသလောက်ဘဲ ။ ဆရာမတွေဘဲ။ အဲဒီဟာလေး ကျမနဲနဲလေးတော့ပြောချင်ပါတယ်.။ဒီက အမျိုးသားတွေကော မြန်မာနိုင်ငံက အမျိုးသားတွေကော ..ကျောင်းဆရာလုပ်ဖို့ က ဘာဖြစ်လို့  ဒီလောက်တောင်ဝန်လေးကြတာလဲ? ဒီ လခမကောင်းလို့ လား ဘာကြောင့်လဲပေါ့နော်...အဲတော့ကျောင်းဆရာလုပ်စေချင်တဲ့စိတ်တွေ ဖြစ်စေချင်တယ်။ ကျမတို့ ခေတ်တုံးကဆိုရင် ဆရာဆရာမတွေသိပ်လေးစားတာဘဲ .. ကျောင်းဆရာဆရာကြီးဆိုလို့ ရှိရင် တခါတည်း ..ဟို ဆရာဆိုတဲ့ဝေါဟာရကို အင်မတန်မှမေတ္တာပါတယ် လေးစားမှုပါတယ်.။ အဲဒီဟာ က ဆရာလို့ ခေါ်လိုက်ရင်ကိုက ကျမတို့ မြန်မာတွေကလဒါတွေ လေးစားပြီးသား ချစ်ခင်ပြီးသား ။ အဲဒီလိုရှိခဲ့တယ် အခုကျတော့ ဆရာဆရာမတွေကိုလေးစားချစ်ခင်တဲ့စိတ်တွေက လျော့ လာတယ်။ အဲဒီဟာလည်း လူမှုစနစ်လုံးက ကျမတို့ နိုင်ငံကနေပြီးတော့ ယိုယွင်းပျက်စီးလာတဲ့အခါကျတော့  ဆရာဆရာမတွေက မေတ္တာစေတနာအရ သင်တာမဟုတ်ဘဲနဲ့  ကျူရှင်က ရလို့ သင်တဲ့ပုံစံမျိုးဖြစ်သွားတယ်..။ အဲလိုဖြစ်သွားတဲ့အခါကျတော့ကျောင်းသူကျောင်းသားတွေဟာ မိဘတွေကကောမလေးစားတော့ဘူး .။ ကျမတို့ ငယ်ငယ်တုံးကဆိုရင် ကျောင်းသားမိဘတွေက ဒိတ်ဒိတ်ကြဲပေါ့ နိုင်ငံကျောင်းသား ၀န်ထမ်းဆိုလည်းဖြစ်နိုင်တယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသူဌေးကြီးတွေ ဘယ်လိုဘဲဖြစ်ဖြစ် လူ့ မလိုင်အသိုင်းအ၀ိုင်းက သူတို့ သားသမီးတွေရဲ့  ဆရာဆရာမတွေက အင်မတန်မှလေးစားတယ်။ ဆရာဆရာမတွေကလည်း သူတို့ ကိုသူတို့ ကိုသိမ်ငယ်တဲ့ စိတ်မရှိဘူး။ ဘာကြီးဘဲဖြစ်နေဖြစ်နေ သူတို့ ရဲ့ ကျောင်းသူကျောင်းသားများကို ကျောင်းသူကျောင်းသားများအနေနဲ့ ဘဲဆက်ဆံတယ်။ ကျောင်းသူကျောင်းသားများမှ လိုအပ်ချက်တွေအားနည်းချက်တွေရှိနေရင်လဲ ပြောဖို့ ရာဝန်မလေးဘူး ပြောရဲဆိုရဲတယ်.ပြောနိုင်တယ်.။ င်္ဒီမိဘတွေက လေးလေးစားစားနဲ့  ရိုရိုကျိုးကျိုးနဲ့ လက်ခံတယ်.။ ဘာဖြစ်လို့ လဲဆိုလို့ ရှိရင် ဒီဆရာဆ၇ာမတွေထားတဲ့ကျောင်းသူကျောင်းသားတွေထားတဲ့ မေတ္တာစေတနာ ကိုဘယ်သူကမှမေးခွန်းထုတ်စရာမရှိလို့ ။ ကျမတို့  ငယ်ငယ်တုံးကဆိုလို့ ရှိရင် အတန်းထဲမှာပေါ့နော် စာဘက်မှာညံ့ တဲ့ ဒီကလေးတွေကို ဆရာဆရာမတွေက မုန့် စားချိန်မှာ အတင်းခေါ်ပြီးတော့သင်တယ်.။အပိုသင်ပေးတာပေါ့နော် ဘာပိုက်ဆံမှလည်း ရတာမဟုတ်ဘူး.။ ဒီကလေးတွေကတောင်မသွားချင်ဘူး ဘာဖြစ်လို့ လဲဆိုတော့ မုန့် စားချိန်မှာ စော့ချင်တာပေါ့.ဘယ်နှဲ့  အပိုစာသင်တာမလုပ်ချင်ဘူး.။ ဆရာဆရာမတွေက လုပ်ခိုင်းတယ် ။တခါတခါကျောင်းပြီးတဲ့အချိန်မှာ အပိုသင်ယူရမယ့် အချိန်မှာ ခေါ်ပြီးတော့လုပ်ခိုင်းတယ်။ တချို့ ကျောင်းဆရာကြီးတွေ ဆရာမကြီးတွေ ဆိုရင်အိမ်ကိုတောင်မှလာခိုင်းတယ် ကျောင်းပြီးတဲ့အချိန်မှာပေါ့ လာပြီးတော့ သင်ရမယ်ပေါ့နော်။ လာပြီးသင်တာ သူတို့ စေတနာကြောင့် သူတို့  ရဲ့ ဂုဏ်သိက္ခာမှာ သူတို့ ရဲ့ တိုးတက်မှုနဲ့ ဆိုင်တယ်ဆိုပြီးတော့ခံယူထားလို့ ။ ဒီလိုစိတ်တွေပြန်ပြီးတော့ လုပ်ဖို့ ဆိုတာ ကျမတို့ ရဲ့ ဆရာ ဆရာမတွေကို ပြန်ပြီးတော့ ပြုစုပ်ျိုးထောင်ပေးရမယ်.။ စနစ်တစ်ခုလုံးကို ဒါကြောင့်ကျမ စောစောကပြောတောပေါ့ အင်မတန်မှခက်ခဲတဲ့အခိျန်ကိုရောက်နေတယ်။ ကျမတို့ မှာ အခွင့်အရေးတွေများသလောက် မှားနိုင်ချေလည်းများတယ်။ အခွင့်အရေးတွေများသလောက် ဒီအခွင့်အရေးတွေကိုလည်း မယူမိမှာ စိုးရိမ်ရတယ်။ အားလုံးကိုကျမတို့ ပြန်ပြင်ရမှာဘဲ။ အဲတော့ ပညာရေးနဲ့ပတ်သက်တဲ့ဥပဒေကိုလည်းထိမ်းသွားမယ်။ ဒါပေမယ့် ဥပဒေလုပ်ရုံနဲ့မရဘူး ။ ဥပဒေတွေကိုထိရောက်မှု ရှိအောင်လုပ်ရမယ်။နောက်ပြီးတော့လည်း ကျမတို့ ငွေရေးကြေးရေးအရလည်း အင်မတန်မှအကူအညီလိုပါတယ်။ အဲတော့ပညာရေးနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ် ရှိတယ်ဆိုရင်လည်း ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲ စုံစမ်းကြပါလေ့လာကြပါ ။ ကျမတို့ ရဲ့ ပညာရေး ကွန်ယက်ဆိုတာလည်းရှိပါတယ်။ ပညာရေးကွန်ယက်ဆိုတာ အခြေံပညာနဲ့ ဆိုင်ပါတယ်။ ကျမတို့ ရန်ကုန်တက္ကသိုလ်မွမ်မံရေး အဆင့်မြင့် မွမ်းမံရေး စီမံကိန်းလည်းရှိပါတယ်။ အဲတော့ ကိုယ်ကူညီချင်တဲ့ဘက်ကို တတ်နိုင်သလောက်ကူ ညီကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်။ လက်ခုပ်သံများ ။ ကျိုတိုတွင် ကျနော်မေးခဲ့သာမေးခွန်းနှင့် အဖြေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ကိုထွန်းဝေ 15.4.2013 ကျိုတို ကွမ်ဆိုင်းဒေသ

No comments:

Post a Comment