Sunday 14 April 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျိုတိုမြို့ခရီးစဉ် (သတင်း ဓါတ်ပုံများ)

 

ယနေ့မနက် ၈နာရီက တိုကျိုဘူတာမှ ကျည်ဆံရထားဖြင့် ထွက်ခွာခဲ့ပြီး အမေစု ၉လတာ စာတမ်းပြုစုခဲ့ရာ ရှေးဟောင်းမြို့တော် ကျိုတိုမြို့သို့ ၁၀နာရီခွဲခန့်တွင် ရောက်ရှိသည်..။ ထိုမှ ရေအားလျှပ်စစ်စက်ရုံအား သွားရောက်လေ့လာခဲ့ပြီး.. ယခင်အောက်စ်ဖို့ တက္ကသိုလ်မှ ကျောင်းနေဖက်မိတ်ဆွေများနှင့် အတူ ဂျပန်ဘုန်းတော်ကြီး၌ နေ့လည်စာ စားသုံးသည်..။ ယခုဘုန်းတော်ကြီး ကျောင်း၌ရောက်ရှိနေသည်..။

ဆက်လက်ဖော်ပြပါမည်..

သတင်း ဓာတ်ပုံ
ကိုသန့်ဇင်ဦး၊ ဒီမိုဝေယံ

ဓာတ်ပုံ ကျိုတိုဘူတာ ရောက်ရှိစဉ်..

 ယနေ့ ကျိုတိုခရီးစဉ် ဘုန်းကြီးကျောင်းအတွင်း မြင်ကွင်းပါ..
အမေ့ ဘေးနားက ကိုမျိုးသီဟန် နဲ့  NLD la nagoya မှ အဖွဲ့ ဝင် များဖြစ်ပါတယ်

ကိုထွေးဇော်၊ ကိုဖိုးခွား ဆက်လက်ရိုက်ကူးတင်ပြသည်...














 တနိုင်တပိုင် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို သွားရောက်လေ့လာရင်း..
မိတ်ဆွေများရဲ့ တောင်းဆိုမှုကြောင့် အမှတ်တရ ဓာတ်ပုံ ရိုက်ခံတာပါ..။ ဂျပန်လန်ချားပေါ့ ထိုင်ရုံသက်သက်ပါ မစီးခဲ့ပါ..။

ဓာတ်ပုံ ကိုသန့်ဇင်ဦး၊ ဒီမိုဝေယံ



ကျိုတိုမြို့ သို့ ခရီးဆက်ခြင်း

ဂျပန်နိုင်ငံရဲ့ ခရီးစဉ်နောက်တစ်ခုဖြစ်တဲ့ ကျိုတိုမြို့ ကို ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်သွားပြီဖြစ်ပါတယ်။
တိုကျိုမှ ကျည်ဆန်ရထားတွေက ဇိမ်ဘဲ တော်တော်ကောင်းတာဗျ. ဘာမှအထွေမလိုဘူး။အမေ့ နောက်ကခုံမှာ လုံခြုံရေး ရှေ့ မှာလည်းလုံခြုံရေး ဘေးမှာဒေါက်တာမငယ် ..
ဒီတတွဲလုံးမှာ လုံခြုံရေး အပြည့်နဲ့  စိတ်ချရပါတယ်။သတင်းဓါတ်ပုံများကို ကျိုတိုမြို့ မှလက်လှမ်းမှီသလောက်ကျင်းပရေးပွဲမှာတင်ပေးပါမည်။

ဓါတ်ပုံ ကိုထင်ကျော်။
14.4.2013

ကိုထွန်းဝေ
မျှဝေပေးပါတယ်။

No comments:

Post a Comment