Tuesday 22 January 2013

ခေါင်းဆောင်တွေကို အကဲခတ်နိုင်ခွင်.ရခဲ.သော ၂၀၁၂


ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ် နှစ်သစ်ကူးနေ့အထိမ်းအမှတ် နေပြည်တော်၌ပြုလုပ်သော ညစာစားပွဲမှာတွေ့ရတဲ့ ဒေါ်စုနှင်. ဦးရွှေမန်း (12-1-2013) ဓါတ်ပုံကို Maverick Aung ဝေါလ် က ယူသုံးပါတယ်။




ကုန်သွားတဲ. ၂၀၁၂ ဟာ ခေါင်းဆောင် တွေ ရဲ. စိတ် နှလုံးသားကို စောင်.ကြည်.ခွင်.ရတဲ. နှစ်တစ်နှစ်သာဖြစ်ပါတယ်။ အပေါ်က ပုံမြင်ရလို. ၀မ်းမသာ၊ ဒေါသလည်း မထွက်။ သို.သော်--စိတ်မကောင်းသလိုလိုတော. ဖြစ်မိပါတယ်။

၂၀၁၂ ဟာ မြန်မာနိုင်ငံသားတွေအတွက် ထူးခြားတဲ. နှစ်တစ်နှစ်ပါ။ ဒါပေမဲ.-- ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း တနှစ်တာ သမိုင်းကို ပြောတဲ့အခါ အရှိကိုအရှိအတိုင်းပဲ
ကို မြင်သိလက်ခံနိုင်ကြ ဖို. လိုပါလိမ်.မယ်။

၂၀၀၈ နာဂစ်ဥပဒေကို ကို ဖန်ပေါင်းချောင် ထဲမှာထား ဆက်ပူဇော်နေကြပါတယ်။ တချိန်ထဲမှာပဲ တိုင်းပြည် ရဲ.အနောက် ဖက်ခြမ်းရခိုင်မှာသွေးစွန်းခဲ.တယ်။ .ပြီးတော. တိုင်းပြည် အထက်ပိုင်း အလယ်ပိုင်းမုံရွာမှာ မှာလည်းသွေးစွန်း တယ်။ ခု အရှေ.မြောက် ကချင်တောင်တန်းတွေမှာလည်း တဖက်သတ်ထိုးစစ်တိုက်ပွဲတွေ နဲ. သွေးစွန်းသော နေ.တွေ အကြိမ်ကြိမ် ထပ်တိုးပေါ်ပေါက်နေဆဲပဲဖြစ်ပါတယ်။

(၁၉၈၈ နဲ. ၂၀၀၇ ကလိုပဲ) မြန်မာ စစ်အစိုးရရဲ. ကြမ်းတမ်းမှု ရက်စက်မှု အစွန်းရောက်မှုတွေကိုသာ ၂၀၁၂ အတွင်းမှာ လူတွေ မျက်ဝါးထင်ထင် ထပ်ကြုံခဲ.ရပြီးတဲ.နောက်--- မတုံးမညံ.တဲ. ပြည်သူလူထုကြီ်းက လက်သည်အစစ်တွေကို နေ.မကူး၊ လမကူးပဲ ချက်ခြင်းသိ၊ နောကြေနေအောင် တသိထဲသိ လာကြပါတယ်။ ကောက်ကျစ်ဆိုးရွားလွန်းတဲ. စစ်အစိုးရအပေါ် မှာပဲ ပြည်သူလူထု ရဲ. ခံစားချက်က ပိုမိုခါးသည်းလာခဲ.ပါတယ်။ ဒါကြောင်.--စစ်အစိုးရ၏ ၀ါဒဖြန်.ချီရေးတွေ ၀က်ဝက်ကွဲ ရှုံး နိမ်.ခဲ.ပါတယ်။ မတရားမှုကို ပြုသူ နဲ. ခံရသူ ဒီလို အကျိုးစီးပွား မတူညီတဲ. ဘက်နှစ်ဘက်မှာ၊ လူအများစုက ခံရသူတွေကိုပဲ မဲပေးကြတာ ဓမ္မတာ မို.-- စစ်အစိုးရရဲ. ၀ါဒဖြန်.ချီရေးတွေ သိပ်မအာင်မြင်တာဖြစ်တယ်။

ပြုံးပျော်နေတဲ. အတိုက်အခံ အချို.ကလွဲရင် စစ်အစိုးရကို ဘယ်သူမှ အယုံအကြည်မရှိပါ။ သူတို.စစ်အုပ်စု- လူသတ်လို.မ၀သေး၊ တိုင်းပြည်ကို ဖျက်ဆီးလို.မ၀သေး၊ ပြည်သူပိုင် ဘဏ္ဍာ တွေကို လိမ်လည် လုယူခိုးဝှက်လို. မ၀သေး ဆိုတဲ. အမြင်ပဲ လူထုမှာကျန်ပါတော.တယ်။

ဖျက်ဆီးခြင်းသက်သက် နှင်. တဖက်သတ်အောင်ပွဲခံတတ်သူတွေ အပေါ် လူတွေ မမျှော်လင်. တတ်တော.တာ သဘာဝကျပါတယ်။

ခြုံပြောရင်-- ၂၀၁၂ ခုနှစ် အတွင်း---

--အုပ်ချုပ်သူ တွေဖက်က အာဏာ၊ အခွင်.အရေး ဆိုတာတွေ ကို လက်မလွှတ်နိုင်သေးသလို၊ အုပ်ချုပ်ခံတွေဖက်က ဆိုးရွားတဲ. ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ကို ဆက်ကိုင်ထားကြပါတယ်။

--ဗိုလိချုပ်အောင်ဆန်း တိုင်းပြည်နဲ. လူထုအပေါ်မှာ ထားခဲ.သော စေတနာ နှင်. သစ္စာ မျိုးကို ခု လက်ရှိသက်ရှိအကြီးအကဲတွေစီက နည်းနည်းလေးတောင် မြည်းခွင်. စမ်းခွင်. မရသေး တဲ. နှစ်တစ်နှစ်ဖြစ်ပါတယ်။

--တချိန်ထဲမှာပဲ၊ အနှစ်သာရမပါတဲ. နိုင်ငံရေးအခင်းအကျင်းတွေကို ကို လူတွေက နှစ်ထောင်းအားရ လက်ခုပ်တီးပေးရမယ်လို. သူတို. မပြောရုံတမယ် မဲဆွယ်မှားခဲ.ပါတယ်။

--အာဏာ ရှိသူတွေ တည်တဲ. ဘုရားမှာရွှေသွားသွားချတဲ. ယဉ်ကျေးမှု က လူတွေကိုဝမ်းနည်းစေ၊ မျက်စေ.ကျိန်းစေ၊ ပြီးတော. အလွန်.အလွန်ခံပြင်းစေပါတယ်။

--ဒီမိုကရေစီတိုက်ပွဲမှာ နေပူ မိုးကြားထဲရပ် ထာဝရ အမာခံရှိခဲ.တဲ. လူထုက တိုက်ပွဲအပေါ်သစ္စာ မဖေါက် ခဲ.။ သို.သော် သစ္စာကြီးသူတွေသာ အကြိမ်ကြိမ် မျက်နှာငယ်ခဲ.ရပါတယ်။

--လူထုခေါင်းဆောင် ဗိုလ်ချုပ်သမီး ကို သူတို.က ပြည်သူတွေစီက လုယူသွားခဲ.ပါတယ်။ သူ.ခြေ သူ.လက် နည်းနည်းပါးပါး လှုပ်လို.ရသလိုလို ရှိပေမဲ.၊ သူ. ၀ိဥာဉ်ကို ပြန်ချုပ်နှောင်ထားခဲ.သလို-- ဒီ လို ရုပ်ပျက်ဆင်းပျက် နိုင်ငံရေးအနုကြမ်းစီးခံ ရတဲ. နှစ်လည်းဖြစ်ပါတယ်။

ခြုံပြောရင်--ကုန်သွားတဲ. ၂၀၁၂ ဟာ ခေါင်းဆောင် တွေ ရဲ. စိတ် နှလုံးသားကို စောင်.ကြည်.လေ.လာခွင်.ရ ခဲတဲ. နှစ်တစ်နှစ်သာဖြစ်ပါတယ်။

AASW
Jan 21 2013
by Aye Aye Soe Win on Monday, January 21, 2013 at 12:06pm ·
 

No comments:

Post a Comment