Showing posts with label ဆောင်းပါးသတင်း. Show all posts
Showing posts with label ဆောင်းပါးသတင်း. Show all posts

Wednesday, 20 March 2013

မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားနှင့် တိုင်းပြည်အနာဂတ်


19 March 2013

တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့အရှေ့ဖက်မှာတည်ရှိပြီး ရှမ်းပြည်၊ ကချင်ပြည်တို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။လူဦး ရေ သန်းပေါင်း (၁၃၀၀) ခန့်ရှိပြီး မြန်မာပြည်ရဲ့လက်ရှိလူဦးရေကတော့ ၂၀၀၉ နှစ်ကုန်မှာ သန်းပေါင်း (၆၀) နီးပါး လောက်ရှိပြီး ၂၀၁၀ အကုန်မှာတော့ (၆၁) သန်းကျော် ရှိလာတော့မှာလို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ မြန် မာပြည် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်အပြီး တပ်မတော်က ပြန်ပြီး ထပ်ဆင့်အာဏာသိမ်းချိန်ကစလို့ တရုတ်အစိုးရ ဟာ န၀တ၊ နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာလိုက် တာ ဒီကနေ့ စစ်အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်ကြံ့ဖွံ့အစိုးရ အထိပါပဲ။

သူတို့မဟာဗျူဟာရည်ရွယ်ချက်

ပြည်ပသုတေသီတွေအဆိုအရ မြန်မာပြည်အပေါ်ထားတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၆)ချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ ..
- တရုတ်ပြည်အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
- နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
- တရုတ်ပြည်ရဲ့လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
- တရုတ်-မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး။
- အိန္ဒိယနိုင်ငံ အင်အားကြီး ခေါင်းထောင်ထလာလာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်ရေး။
- မြန်မာနိုင်ငံနဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရေး။ စတာတွေ ဖြစ်ပါတယ်။

မရှောင်လွှဲနိုင်တဲ့ ပင်မအကြောင်းရင်းခံတချို့

Tuesday, 22 January 2013

ခေါင်းဆောင်တွေကို အကဲခတ်နိုင်ခွင်.ရခဲ.သော ၂၀၁၂


ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ် နှစ်သစ်ကူးနေ့အထိမ်းအမှတ် နေပြည်တော်၌ပြုလုပ်သော ညစာစားပွဲမှာတွေ့ရတဲ့ ဒေါ်စုနှင်. ဦးရွှေမန်း (12-1-2013) ဓါတ်ပုံကို Maverick Aung ဝေါလ် က ယူသုံးပါတယ်။




ကုန်သွားတဲ. ၂၀၁၂ ဟာ ခေါင်းဆောင် တွေ ရဲ. စိတ် နှလုံးသားကို စောင်.ကြည်.ခွင်.ရတဲ. နှစ်တစ်နှစ်သာဖြစ်ပါတယ်။ အပေါ်က ပုံမြင်ရလို. ၀မ်းမသာ၊ ဒေါသလည်း မထွက်။ သို.သော်--စိတ်မကောင်းသလိုလိုတော. ဖြစ်မိပါတယ်။

၂၀၁၂ ဟာ မြန်မာနိုင်ငံသားတွေအတွက် ထူးခြားတဲ. နှစ်တစ်နှစ်ပါ။ ဒါပေမဲ.-- ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း တနှစ်တာ သမိုင်းကို ပြောတဲ့အခါ အရှိကိုအရှိအတိုင်းပဲ
ကို မြင်သိလက်ခံနိုင်ကြ ဖို. လိုပါလိမ်.မယ်။

၂၀၀၈ နာဂစ်ဥပဒေကို ကို ဖန်ပေါင်းချောင် ထဲမှာထား ဆက်ပူဇော်နေကြပါတယ်။ တချိန်ထဲမှာပဲ တိုင်းပြည် ရဲ.အနောက် ဖက်ခြမ်းရခိုင်မှာသွေးစွန်းခဲ.တယ်။ .ပြီးတော. တိုင်းပြည် အထက်ပိုင်း အလယ်ပိုင်းမုံရွာမှာ မှာလည်းသွေးစွန်း တယ်။ ခု အရှေ.မြောက် ကချင်တောင်တန်းတွေမှာလည်း တဖက်သတ်ထိုးစစ်တိုက်ပွဲတွေ နဲ. သွေးစွန်းသော နေ.တွေ အကြိမ်ကြိမ် ထပ်တိုးပေါ်ပေါက်နေဆဲပဲဖြစ်ပါတယ်။

(၁၉၈၈ နဲ. ၂၀၀၇ ကလိုပဲ) မြန်မာ စစ်အစိုးရရဲ. ကြမ်းတမ်းမှု ရက်စက်မှု အစွန်းရောက်မှုတွေကိုသာ ၂၀၁၂ အတွင်းမှာ လူတွေ မျက်ဝါးထင်ထင် ထပ်ကြုံခဲ.ရပြီးတဲ.နောက်--- မတုံးမညံ.တဲ. ပြည်သူလူထုကြီ်းက လက်သည်အစစ်တွေကို နေ.မကူး၊ လမကူးပဲ ချက်ခြင်းသိ၊ နောကြေနေအောင် တသိထဲသိ လာကြပါတယ်။ ကောက်ကျစ်ဆိုးရွားလွန်းတဲ. စစ်အစိုးရအပေါ် မှာပဲ ပြည်သူလူထု ရဲ. ခံစားချက်က ပိုမိုခါးသည်းလာခဲ.ပါတယ်။ ဒါကြောင်.--စစ်အစိုးရ၏ ၀ါဒဖြန်.ချီရေးတွေ ၀က်ဝက်ကွဲ ရှုံး နိမ်.ခဲ.ပါတယ်။ မတရားမှုကို ပြုသူ နဲ. ခံရသူ ဒီလို အကျိုးစီးပွား မတူညီတဲ. ဘက်နှစ်ဘက်မှာ၊ လူအများစုက ခံရသူတွေကိုပဲ မဲပေးကြတာ ဓမ္မတာ မို.-- စစ်အစိုးရရဲ. ၀ါဒဖြန်.ချီရေးတွေ သိပ်မအာင်မြင်တာဖြစ်တယ်။

ပြုံးပျော်နေတဲ. အတိုက်အခံ အချို.ကလွဲရင် စစ်အစိုးရကို ဘယ်သူမှ အယုံအကြည်မရှိပါ။ သူတို.စစ်အုပ်စု- လူသတ်လို.မ၀သေး၊ တိုင်းပြည်ကို ဖျက်ဆီးလို.မ၀သေး၊ ပြည်သူပိုင် ဘဏ္ဍာ တွေကို လိမ်လည် လုယူခိုးဝှက်လို. မ၀သေး ဆိုတဲ. အမြင်ပဲ လူထုမှာကျန်ပါတော.တယ်။

ဖျက်ဆီးခြင်းသက်သက် နှင်. တဖက်သတ်အောင်ပွဲခံတတ်သူတွေ အပေါ် လူတွေ မမျှော်လင်. တတ်တော.တာ သဘာဝကျပါတယ်။

Sunday, 6 January 2013

မိဘမေတ္တာ


မိဘမေတ္တာ ကြီးမားလှပါတယ်..။
မည်သူမဆို မိမိတို့ ရဲ့ မိဘ၀မ်းထဲမှာ ဒီပုံလေးအတိုင်းနေခဲ့ကြရပါတယ်။ မေမေတို့ ခမျာ မိမိရဲ့ ရင်သွေးကို ၉လလွယ် ဆယ်လဖွားနဲ့  ကြီးပြင်းခဲ့ကြတာ မိဘရဲ့ ကျေးဇူး နို့ တလုံးကိုပြန်ဆပ်ဖို့  မှတ်မိအုံးမယ်ဆိုတာ လူတိုင်းသိကောင်းပါရဲ့ ။

Monday, 5 November 2012

ပုပ္ပားတောင်ကြီး မြင်ပြီလားဟေ့



ရေးသားသူ- မယ်ငွေဥ

ကျွန်မသည် ဇာတိရပ်ရွာအညာမြေမှ အကြေအောက်ရွာ ရန်ကုန်မြို့ကြီးဆီသို့ ပြောင်းရွှေ့နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းလေးဆယ်ရှိချေပြီ။ အနှစ်လေးဆယ်ဆိုသည်မှာ လူ့ဘ၀တစ်ဝက်ဟုပင် တင်စားပြောနိုင်မည် ဖြစ်သော်လည်

း ကျွန်မအတွက်မူ အညာမြေကို မမေ့နိုင်သေးဘဲ တမ်းတမ်းတတ လွမ်းနေရဆဲဖြစ်သည်။ အထူးသဖြင့်တော့ ပုပ္ပားတောင်မကြီးအရှေ့ဘက်မှ လက်ပန်ပြားဆိုသော ရွာကြီးကို လွမ်းစိတ်တွေတဝေေ၀ြ
ဖစ်ရသည်။