Sunday 6 January 2013

မိဘမေတ္တာ


မိဘမေတ္တာ ကြီးမားလှပါတယ်..။
မည်သူမဆို မိမိတို့ ရဲ့ မိဘ၀မ်းထဲမှာ ဒီပုံလေးအတိုင်းနေခဲ့ကြရပါတယ်။ မေမေတို့ ခမျာ မိမိရဲ့ ရင်သွေးကို ၉လလွယ် ဆယ်လဖွားနဲ့  ကြီးပြင်းခဲ့ကြတာ မိဘရဲ့ ကျေးဇူး နို့ တလုံးကိုပြန်ဆပ်ဖို့  မှတ်မိအုံးမယ်ဆိုတာ လူတိုင်းသိကောင်းပါရဲ့ ။

မိဘဆိုတာ သားသမီးတွေဆီက ဘယ်အရာမဆို ဘာမှမမျှော်လင့်ထားကြပါဘူး။ သိတတ်မှုတစ်ခုလေးဘဲရရ ဘာဘဲရရ မိဘတိုင်းက စိတ်ကြည်နူးနေကြရပါတယ်။မေမေခလုတ်ထိမှအမိတဆိုသလို သားအခက်ခဲတွေရင်ဆိုင်နေရတဲ့အချိန်ဖေဖေမေမေတို့ကိုသားအရမ်းလွမ်းတာပဲ စိတ်အားငယ်တယ်ဆိုလည်းမမှာပါဘူးဖေဖေနေဲ့မေမေ အဝေးတစ်နေရာမှဘယ်လောက်အဆင်ပြေပြေလိုအပ်တာလေးတွေတော့ရှိတယ်။ဖေဖေနဲ့မေမေ နေရာတိုင်းဟာငယ်ငယ်ကလိုကလေးစိတ်နဲ့ဖြစ်ချင်တိုင်းကိုဖြစ်လို့ရတယ်ဆိုတဲ့စကားဟာ အခုချိန်မှာမဟုတ်တော့ဘူးဆိုတာနားလည်ခဲ့ပါပြီမေမေ။

အရွယ်ရောက်လာတဲ့ မြန်မာလူငယ်တိုင်း မိမိလုပ်အားဖြင့်ရရှိသောဝင်ငွေကို မိဘထံပေးချင်သည်မှာ သဘာဝကျပေသည်။ မိဘထံမှ အယူသာရှိခဲ့ပြီးအပေးမရှိသောလူငယ်များတွင်လည်းတိုင်းပြည်၏အလုပ်ကိုင်အခွင့်လမ်းကြောင့်သာမပေးဆပ်နိုင်ရှိပါမည် ပေးဆပ်လိုသော ဆန္ဒမလွဲမသွေရှိမည်ဟုထင်ပါသည်။ အထူးသဖြင့်အတတ်ပညာတစ်ခုဖြင့်ပြည်ပတွင်အလုပ်လုပ်နေသော မြန်မာလူငယ်အများစုသည် ပို၍ပံ့ပိုး ဖြစ်ကြပါလိမ့်မည်။ ဤသို့ ဆိုခြင်းကြောင့် မိဘဖြင့်အနီးကပ်နေ၍ ပြူစုစောင့်ရှောက်သောသူများမပံ့ပိုးဟုမဆိုလိုပါ မိဘနှင့်အနီးကပ်နေပြီးပြူစုစောင့်ရှောက်ခွင့်သည် ပင်လျှင်ရခဲသောကုသိုလ်၊အခွင့်ရေးတစ်ခုမဟုတ်ပါလော။
တကယ်ဆို သားသမီးအားလုံးကိုအဆင်ပြေလိုသည့်မိဘစေတနာ ကိုကျွန်တော်တို့ တတွေနားလည်သင့်ပါသည်။

ကျွန်တော်ကျောင်းနေစဉ်ကာလအိမ်မှစားစရာအကြော်အလှော်နှင့် ပိုက်ဆံတစ်လတစ်ကြိမ်ပုံမှန်ပို့ ပေးခဲ့ပါသည်။ ပိုက်ဆံရောက်ပြီးစဆိုလျှင် အတိုင်း အဆမရှိသုံးချင်ရာသုံးပစ်..လဝက်ကျော် လောက်ဆို သုံးစရာမကျန်တော့လို့ အမေ့ကိုပြောလျှင် "ဘာတွေသုံးပစ်လဲ ဘာတွေဝယ်ပစ်လဲ.." အမေ မမေးတတ်၊ မဆူတတ်ပါ။ စားစရာအကြော်လှော်များကိုလည်းအခန်းနေသူငယ်ချင်း အားလုံးတစ်ထိုင်တည်းဖြင့် ဝိုင်းစားချင်စားတတ်ပါသည် ။ ဘယ်သူတွေကျွေးပစ်လဲ... အမေ မမေးတတ်ပါ။ ကျောင်းပိတ်ရက် အိမ်ပြန်ရောက်ချိန် ထမင်းဝိုင်းတွင်ဟင်းမကောင်းလို့ ကျွန်တော်နှခေါင်းရှုံ့ ၍ အမဖြစ်သူက... " ငါတို့ ဒီလိုပဲအမြဲစားနေတာ နင့်ကိုသာ ကြက်သားဝက်သား မပြတ်ကြော်ပို့ နေတာ ..." ဟူသောစကားကို ရှေ့ ဆက်မပြောရန် အမေဝင်ဟန့်ပါသည်။ ထိုအခိုက်တန့် ငါအသုံးအစား ဆင်ခြင်တော့မယ်ဟုအသိစိတ်ဝင်လာသော်လည်း အဆောင်ပြန်ရောက်လျှင် သုံးမြဲ စားမြဲ ပြန်ဖြစ်ပါသည်။

အခုချိန်ထိကျွန်တော်၏အပြုမူကိုပြန်စဉ်းစားမိချိန်တွင် အမေနှင့်ပြောသောကျွန်တော့်လေသံများမှာ...ဒေါသသံ၊ ဆရာလုပ်သံ၊ ဟိုလူမပေးနဲ့ ဒီလူ မကျွေးနဲ့ ....စသည့်ဝေါဟာရများထပ်နေကြောင်းသုံးသပ်မိပါသည်။ အမေကျွေးဖြစ်သောလူများမှာလည်း ကျွန်တော့်၏မွေးချင်းများပင်မဟုတ်ပါလား သူငယ်ချင်းမိတ်ဆွေများမဟုတ်ပါ။ ဒါတောင် အမေ့ကိုပံ့ပိုးဖြစ်သောကာလမှာ (၄) နှစ်သာရှိပါသေးသည်၊ ပံ့ပိုးသောငွေမှာလည်း ကျွန်တော်ကျောင်းနေစဉ်ကာလကပို့ သည့် ငွေပမဏနှင့် အတူတူပင်...။ ဘာအရာနဲ့ ကျွန်တော်ဒီလိုပြောနေမိမှန်းစဉ်းစား၍မရပါ...။ ဒီတောအတွင်းဂူဂယ်မှာရုတ်တရက်တွေ့ ရတဲ့ ရှင်သုမနရဲ့ ဆုံးမစာလေးကိုဖတ်မိ၍ပိုရင်နာရပါသည်။

ဒီလောက်နှင့် ဘဲနားပါဦးမည်..
ဓါတ်ပုံအွန်လိုင်းမှရယူပါတယ

ကိုထွန်းဝေ
3.1.2013

No comments:

Post a Comment