Tuesday 22 January 2013

ဖွဲ့စည်းပုံ ခုံရုံးပြင်ဆင်တဲ့ ဥပဒေကြမ်း သမ္မတ လက်မှတ်ထိုး



နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဥပဒေ အဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် သမ္မတ လက်မှတ် ရေးထိုးပြီး ယမန်နေ့က ထုတ်ပြန်ခဲ့တာ ကို သတင်းထုတ်ပြန်ရေး အဖွဲ့က   ယနေ့ ဇန်န၀ါရီလ ၂၂ ရက် တွင် ကြေညာထားပါတယ်။ 

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၁၃ )
၂၀၁၃ ခုနှစ်၊  ဇန်နဝါရီလ    ၂၂     ရက်
၁၃၇၄ ခု၊ ပြာသိုလဆန်း     ၁၁    ရက်
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှုအား သတင်းထုတ်ပြန်ခြင်း
၁။          “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် အတည်ပြုပြီး  နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် (၁၈-၁၁-၂၀၁၂) ရက်တွင် ပေးပို့သည်။ နိုင်ငံတော်သမ္မတက ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်သော ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရား စီရင်ရေး အာဏာတို့ တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ပြုရန်ဖြစ်သည့် ဒီမိုကရေစီ ကျင့်စဉ်ကို ဆန့်ကျင်သော ပြဋ္ဌာန်းချက်များ ပါရှိခြင်းကြောင့် ပြင်ဆင်ပေးပါရန် သဘောထား မှတ်ချက်ပြု၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်သို့ (၂၃-၁၁-၂၀၁၂) ရက်တွင် ပြန်လည်ပေးပို့ခဲ့သည်။ [အဆိုပါ သတင်းအပြည့် အစုံအား (၂၈-၁၁-၂၀၁၂) ရက်ထုတ် သတင်းစာတွင် ဖော်ပြပြီးဖြစ်သည်။]
၂။     အဆိုပါ ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ထပ်မံဆွေးနွေးပြီး  အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတ အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်အရ ပြန်လည်ပေးပို့လာသည်။  ယင်း ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များသည် ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ်ပေးပို့လာသော ပြင်ဆင် ပြဋ္ဌာန်းချက် များအတိုင်းပင် ပြန်လည် အတည်ပြုထားခြင်း ဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစု၏ သဘောဆန္ဒဖြင့် အတည်ပြုထားခြင်းဖြစ်ရာ အများဆန္ဒအား အလေးဂရုပြုသော အားဖြင့် နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ရေးထိုး၍ ဥပဒေနှင့်အညီ ပြန်လည် ပေးပို့ခဲ့သည်။ ထိုသို့ နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံအား အများပြည်သူ သိရှိနိုင် ရန် အောက်တွင် ဖော်ပြသည်-

“ရည်ညွှန်းချက်။  
(၁)
နိုင်ငံတော်သမ္မတ ထံသို့ ပြည်ထောင်စုလွှတ်တော် နာယက က ၁၈ - ၁၁ - ၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၁/ပထ(စည်းဝေး) ၉/ ၂၀၁၂-   ၇၉ ဖြင့် ပေးပို့သည့် သဝဏ်လွှာ


(၂)
နိုင်ငံတော်သမ္မတ မှ ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ၂၃-၁၁-၂၀၁၂ ရက်စွဲပါစာအမှတ်၊  ၁၀၇(၃)/၈/သမ္မတရုံး ဖြင့် ပေးပို့သည့် သဝဏ်လွှာ


(၃)
နိုင်ငံတော်သမ္မတ ထံသို့  ပြည်ထောင်စုလွှတ်တော် နာယက က        ၁၅-၁-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၁/ပထ(စည်းဝေး)၉/ ၂၀၁၃-၄ ဖြင့် ပေးပို့သည့် သဝဏ်လွှာ


     
၁။  ရည်ညွှန်း(၂)ပါစာဖြင့် မိမိက သဘောထား မှတ်ချက်ပြု၍ ပြန်လည် ပေးပို့သည့် “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အပေါ် ရည်ညွှန်း(၃)ပါစာဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြန်လည် ပေးပို့လာသော ဥပဒေကြမ်းအား လက်ခံရရှိပါသည်။

၂။    အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက် ဖြစ်သည့် “တည်ဆဲ ဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင် ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်” ဟု ပြဋ္ဌာန်း ထားချက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က) ပါ ပြဋ္ဌာန်းချက် ဖြစ်သည့် “နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်” ဆိုသည့် ဒီမိုကရေစီ ကျင့်စဉ်ဆိုင်ရာ ပြဋ္ဌာန်း ချက် တို့ကို ဆန့်ကျင်လျက် ရှိကြောင်း သဘောထား မှတ်ချက် ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

၃။           သို့ရာတွင် အဆိုပါ ဥပဒေကြမ်းအား ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အဝေးတွင် ဒုတိယရှေ့နေချုပ်၊ ပြည်သူု့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးနှင့် အမျိုးသား လွှတ်တော် မှ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးတို့က ဆွေးနွေးကြပြီး  မဲခွဲဆုံးဖြတ်ရာ လွှတ်တော် ကိုယ်စားလှယ် အများစု၏ သဘောတူညီချက်အရ ပြည်ထောင်စု လွှတ်တော် က ပေးပို့သည့် မူလပြဋ္ဌာန်းချက်များအတိုင်း အတည်ပြုရန် ဆုံးဖြတ်ကြောင်း သိရှိရပါသည်။

၎။         ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း၊ မညီညွတ်ခြင်းသည် ဖြစ်ပေါ်လာမည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ်အပေါ်၌သာ မူတည်ပါမည်။ မိမိအနေဖြင့် လွှတ်တော် ကိုယ်စားလှယ် အများစု၏ သဘောဆန္ဒအရ အတည်ပြုထားသော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အပေါ် အများဆန္ဒအား အလေးဂရုပြုသော အားဖြင့် အတည်ပြု လက်မှတ်ရေးထိုး၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက် အရ ပြန်လည် ပေးပို့အပ်ပါသည်။

၅။        ဖွဲ့စည်းပုံ အခြေခံဥပဒေ “ဥပဒေပြုရေးအခန်း”တွင် ဥပဒေများ၏ အကျိုးသက်
ရောက်မှုနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၉၈၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်သည် အထူးအလေး ဂရုပြု သင့်ကြောင်း အောက်တွင် ဖော်ပြပါသည်-

“၁၉၈။          လွှတ်တော် အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဦးစီးအဖွဲ့ များက ပြဋ္ဌာန်းသည့် ဥပဒေ များ၏ အကျိုး သက်ရောက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်-



(က)
ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ် လွှတ်တော်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ ဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက် သည့် ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊ တည်ဆဲ ဥပဒေ တစ်ရပ် ရပ်သည် လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ  ပြဋ္ဌာန်း ချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း လိုက်နာ ကျင့်သုံးရမည်၊ ”

၆။  သို့ပါ၍ နိုင်ငံတော်သမ္မတ အတည်ပြု လက်မှတ်ရေးထိုးပြီး သော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” အား ဆက်လက် ဆောင်ရွက်နိုင်ပါ ရန် သဝဏ်လွှာ ပေးပို့အပ်ပါသည်။”
၃။         နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် အထက်အပိုဒ်(၂) ရည်ညွှန်းချက်(၁)ပါသဝဏ်လွှာ ဖြင့် ပေးပို့လာသည့် အဆိုပါဥပဒေကြမ်း၏ မူလပြဋ္ဌာန်းချက်များ၊ ရည်ညွှန်းချက်(၂)ပါ သဝဏ်လွှာဖြင့် ပြန်လည်ပေးပို့သည့် ပြဋ္ဌာန်းချက်အလိုက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များ၊ ရည်ညွှန်း ချက်(၃)ပါသဝဏ်လွှာဖြင့် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ)ပါပြဋ္ဌာန်းချက်အရ ပြန်လည်ပေးပို့လာသည့် အပြီး သတ် အတည်ပြုချက်တို့ကို နှိုင်းယှဉ်လျက် အောက်တွင် ဖော်ပြသည်-
ပြည်ထောင်စုလွှတ်တော်၏
မူလပြဋ္ဌာန်းချက်
(အထက်အပိုဒ် ၂၊ ရည်ညွှန်းချက် ၁ သဝဏ်လွှာပါ။)
နိုင်ငံတော်သမ္မတ၏
သဘောထားမှတ်ချက်
(အထက်အပိုဒ် ၂၊ ရည်ညွှန်းချက် ၂ သဝဏ်လွှာပါ။)
အပြီး သတ်
အတည်ပြုချက်
(အထက် အပိုဒ် ၂၊ ရည်ညွှန်းချက် ၃ သဝဏ်လွှာပါ။)
၂။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေတွင်-
(က)ပုဒ်မ ၆ ကို အောက်ပါ အတိုင်း အစား ထိုးရမည်-
         “၆။ နိုင်ငံတော် သမ္မတသည် မိမိရွေးချယ် ထားသည့် အဖွဲ့ ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ ဝင် ၃ ဦးနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ် ထားသည့် အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ရွေးချယ်ထားသည့်  အဖွဲ့  ဝင် ၉ ဦး၏ အမည်စာရင်းကို လည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တို့နှင့်ညှိနှိုင်း၍ရွေးချယ်သည့် အဖွဲ့  ဝင်တစ်ဦး၏ အမည်ကို လည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး  သဘောတူညီချက် ရယူရမည်။”
ဥပဒေကြမ်း၏ ပုဒ်မ၂၊ ပုဒ်မခွဲ(က) နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂၁ ၌ "နိုင်ငံတော်သမ္မတသည် မိမိ ရွေးချယ် ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ် ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည် စာရင်းကို လည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ရန် အဖွဲ့ဝင် တစ်ဦး၏ အမည်ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။" ဟု ပြဋ္ဌာန်းထားပါသည်။ လွှတ်တော်၏ ပြင်ဆင်ပြဋ္ဌာန်းလိုချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်လျက် ရှိရ်ာဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ၂၂ ခုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မဆန့်ကျင်သော ပြဋ္ဌာန်းချက်သာလျှင် အတည်ဖြစ်သည်ဟု ပုဒ်မ ၄၄၆ တွင် ပြဋ္ဌာန်းပြီး ဖြစ်ရာ ဆန့်ကျင် ပြဋ္ဌာန်းလျှင် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ပါသည်။
ပြည်ထောင်စု လွှတ်တော်၏ မူလ ပြဋ္ဌာန်း ချက် အတိုင်း အတည်ပြုသည်။
၂။(ခ) ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဇ)၏ နောက်တွင် ပုဒ်မခွဲ (ဈ)ကို အောက်ပါအတိုင်းဖြည့်စွက် ရမည်-
“(ဈ)  မိမိတို့၏ လုပ်ငန်း တာဝန်များဆောင်ရွက် ချက်နှင့် စပ်လျဉ်း၍ မိမိတို့အား ရွေးချယ် သည့် သက်ဆိုင်ရာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံသို့ အသီးသီး အစီရင်ခံခြင်း။”
ဥပဒေကြမ်း၏ ပုဒ်မ၂၊ ပုဒ်မခွဲ (ခ) နှင့်စပ် လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၂ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၂ နှင့် ၃၂၃ တို့၏ ပြဋ္ဌာန်းချက်များတွင် ပါရှိသော ခုံရုံး၏ လုပ်ငန်းတာဝန်များအား စုစည်းဖော်ပြ ထားခြင်း ဖြစ်ပါသည်။ ဖြည့်စွက်သည့် ပုဒ်မခွဲ(ဈ)ပါ ဖော်ပြချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်း မရှိသည့် အပြင် ထိုသို့ဖြည့်စွက် ပြဋ္ဌာန်းပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမြင့်ဆုံး တရားရုံးဖြစ်သည့် ထိုခုံရုံး၏ လွတ်လပ်စွာ တရားစီရင် ဆုံးဖြတ်နိုင်ခွင့် ကို ထိခိုက်မည်ဖြစ်ပါသည်။ တနည်းအား ဖြင့် တရားစီရင်ရေးကဏ္ဍအား ဝင်ရောက် စွက်ဖက်မှုဖြစ်လာပါမည်။်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်း ချက်အရ လွတ်လပ်စွာ တရားစီရင်ရေးမူ ကိုလည်း ဆန့်ကျင်နေပါသည်။ ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)ပါပြဋ္ဌာန်းချက်အား ဆန့်ကျင်လျက် ရှိရာ ဒီမိုကရေစီအနှစ်သာရ ပီပြင်စေရေး အထူးစောင့်ထိန်းရမည့် အချက်ဖြစ်သဖြင့် ဖြည့်စွက် ပြဋ္ဌာန်းရန်မသင့်ကြောင်း တွေ့ရှိ ရပါသည်။
ပြည်ထောင်စုလွှတ်တော်၏ မူလ ပြဋ္ဌာန်းချက် အတိုင်း အတည်ပြုသည်။
၃။    နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင် ပုဒ်မ ၂၃ ကို ပုဒ်မ ၂၄ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၄ ကို ပုဒ်မ၂၃ အဖြစ်လည်းကောင်း ပြန်လည် အမှတ်စဉ် ရမည်။ ထိုသို့ ပြန်လည်အမှတ်စဉ် သည့်ပုဒ်မ ၂၄ ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“၂၄။  ပုဒ်မ ၂၃ အရ ချမှတ် သော ခုံရုံး၏ ဆုံးဖြတ်ချက် သည် အပြီး အပြတ် ဖြစ်စေ ရမည်။”
ဥပဒေကြမ်း၏ ပုဒ်မ ၃ နှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၄ ကိုပြင်ဆင် အစားထိုးပါက အပြီး အပြတ် အတည်ဖြစ် သောခုံရုံး၏ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဆ)ပါ တရားရုံးတစ်ရုံး ကတင်သွင်းသော အကြောင်းကိစ္စအပေါ် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တစ်ခုနှင့် သာ သက်ဆိုင်စေမည်ဖြစ်ပါသည်။ ကျန် အကြောင်းကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ၏ ဆုံးဖြတ်ချက်များသည် အပြီး အပြတ် ဖြစ်မည်မဟုတ်သဖြင့် အယူခံပြင်ဆင် တက်ရောက်နိုင်ခွင့်ရှိသော ဆုံးဖြတ်ချက် အဖြစ်သို့ သက်ရောက်စေပါသည်။ ယင်း ပြင်ဆင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ ပါ ပြဋ္ဌာန်းချက်ဖြစ်သော "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည် ဖြစ်သည်"ဆိုသည့် ပြဋ္ဌာန်း ချက်အား ဆန့်ကျင်သဖြင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ ပျက်ပြယ်မည်သာ ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်၏ မူလ ပြဋ္ဌာန်းချက် အတိုင်း အတည်ပြုသည်။
၎။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံးရုံးဥပဒေတွင် ပုဒ်မ ၂၅ ကို ပယ်ဖျက်ရမည်။
ဥပဒေကြမ်း၏ ပုဒ်မ ၄ နှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၅ မှာ ခုံရုံးဆုံးဖြတ်ချက် များသည် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့ အစည်းနှင့် ပုဂ္ဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့ လည်းကောင်း အာဏာသက်ရောက်စေ ရန် ပြဋ္ဌာန်းချက်ဖြစ်ပါသည်။ ပုဒ်မ ၂၅ ၏ အနှစ်သာရမှာ ခုံရုံး၏ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှုအပေါ် အငြင်းပွားမှု မရှိစေရန်ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ ပြဋ္ဌာန်းထားခြင်းမရှိပါက ခုံရုံး၏ အကျိုးသက်ရောက်မှုအပေါ် အငြင်းပွားခြင်း၊ အဓိပ္ပာယ် ဖွင့်ဆိုရခြင်းများ ရှိလာနိုင် သဖြင့် မူလဥပဒေ ပြဋ္ဌာန်းချက်ပုဒ်မ ၂၅ ကို ပယ်ဖျက်၍ မရကြောင်း တွေ့ရှိရပါသည်။
ပြည်ထောင်စုလွှတ်တော်၏ မူလ ပြဋ္ဌာန်းချက် အတိုင်း အတည်ပြုသည်။

၎။         “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှုအား အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန်အပ်ပါသည်။
အလားတူ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေလည်း ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။ မကြာသေးမီက သမ္မတရဲ့ လွှတ်တော်ကို တင်ပြခဲ့တဲ့ အဆိုတွေ၊ အငြင်းပွားမှုတွေဖြစ်ပြီး အခု သမ္မတက လွှတ်တော်က ဆုံးဖြတ်တာကို လက်မှတ်ရေးထိုးပေးလိုက်တာဖြစ်ပါတယ်။ 


No comments:

Post a Comment