Tuesday 22 January 2013

ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ဗကသ မှ အလှူခံထွက်



f4465 IMG 20130119 161835 1024x768 ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ဗကသ မှ အလှူခံထွက်
တနှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းက ပြည်တွင်းစစ်ဒဏ်ကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား/သူတွေက ရန်ကုန်မြို့ရှိ မြို့နယ်တချို့တွင် အလှူငွေ လိုက်လံကောက်ခံခဲ့ကြပါတယ်။
၁၇.၁.၂၀၁၃ ကြာသပတေးနေ့တွင် အလှူငွေကောက်ခံတာကို စတင်ခဲ့ပြီး၊ လှည်းတန်းလမ်းဆုံနှင့် ကမာရွတ်မြို့နယ်တွင် စတဲ့နေရာတွေမှာ အလှူခံခဲ့ကြရာ အ၀တ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ အထုပ် (၂၀) ရရှိပြီး ငွေသားအလှူငွေ (၃၁၁၈၀၀) သုံးသိန်းတသောင်းတထောင့်ရှစ်ရာကျပ် ရရှိခဲ့ပြီး။ ၁၈.၁.၂၀၁၃ သောကြာနေ့တွင် ဒုတိယနေ့အဖြစ် စမ်းချောင်းမြို့နယ်အတွင်း လိုက်လံအလှူခံခဲ့ရာ အ၀တ်အစား၊ စောင်နှင့် အသုံးအစောင်ပစ္စည်းများအထုပ်ပေါင်း (၂၅) ထုပ်၊ ငွေသား သီးသန့်အလှူငွေအဖြစ် (၄၅၂၀၀၀) လေးသိန်းငါးသောင်းနှစ်ထောင်ကျပ် ကောက်ခံရရှိခဲ့ကြောင်း သိရှိရပါတယ်။
ဗကသများအဖွဲ့ချုပ်အနေဖြင့် ကချင်စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေဆယ်သိန်းရရှိသည်အထိ ဆက်လက်အလှူခံသွားမည်ဖြစ်ပြီး လာမည့်လကုန်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတွေမှာ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားကိုယ်စားလှယ်ငါးဦးက မိမိတို့စားစရိတ်နှင့် မိမိတို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။
အပြည့်အစုံဖတ်ရန် Article source: http://www.naytthit.net/?p=32172
 

No comments:

Post a Comment