Wednesday 2 January 2013

ABSDF ပြည်တွင်း ခရီးစဉ် အင်တာဗျူး




 
ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~ 

တောင်ကြီးသို့ ခေတ္တ ရောက်ရှိနေသည့် ABSDF ( မကဒတ) ကျောင်းသား တပ်မတော် အထွေထွေ အတွင်းရေးမှုး ရဲဘော် ဆန်နီ နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ............။

 မေး ။ ။ မင်္ဂလာပါ ကိုဆန်နီ...၊ ကျွန်တော်က သတင်းထောက် တစ်ဦးပါ၊ မေးခွန်းနည်းနည်းမေးခွင့်ပြုနိုင်မလား ..........။

 ဖြေ။ ။ ဟုတ်ရပါတယ် ၊ နည်းနည်းဆိုရင်တော့လေ.....( .ရယ်လျက်..........) 

 မေး။ ။ ဟုတ်ကောင်းပါပြီ ... အကို ... ဒီနေ့ ရှမ်းပြည်ဘက်ကို လာတဲ့ရည်ရွယ်ချက်ရယ်၊မြန်မာ ပြည်ထဲကို ပြန်ဝင်လာတဲ့ ရည်ရွယ်ချက်ကို ပြောပေးပါ ။

 ဖြေ။ ။ ကျွန်တော်တို့ ABSDF ကျောင်းသား တပ်မတော်ကို အစိုးရက ကမ်းလှမ်းခဲ့တယ်၊ သုံးကြိမ် တိုင်တွေ့ ဆုံဆွေးနွေးခွင့်ရခဲ့တယ် ၊ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းမှုတွေ၊ ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေတွေ ၊ ကိုတွေ့ရှိတယ် ၊လေ့လာခွင့်ရတယ်၊ ပြီး အရင်က ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ၊မိသားစုတွေကလည်း တွေ့ဆုံချင်တာကြောင့်၊ ကျွန်တော်တို့ ရောက်လာတဲ့ နှစ်ပတ်တာ ခရီးစဉ်မှာ ၂၄ နှစ်တာလုံး လက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ တနာရီလောက်မှ မတွေ့ဖြစ်ရင်တော့ မိတ်ပျက်  
တော့မှာပဲ တွေးပြီးတော့ ရှေ့ဆက်သွားရမယ့်လမ်းမှာလည်း အထစ်အငေါ့ တွေမဖြစ်စေလိုလို့ ရတဲ့ အချိန်လေးမှာ လာရောက်တွေ့ဆုံခြင်း ဖြစ်ပါတယ်။ 

 မေး ။ ။ အစ်ကိုတို့အဖွဲ့ ခရီးစဉ် အတွင်း လုပ်ဆောင်ချက်တွေလည်း ပြောပြပေးပါဦး။

 ဖြေ။ ။ အင်း ... ဥက္ကဋ္ဌ ကိုသံခဲ ကတော့ သည်နေ့ပဲ လွိုင်ကော်က မိတ်ဆွေတွေနဲ့ သွားတွေ့တယ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ဖွဲ့လုံးတောင်ကြီး လာရောက်ချင်ပေမယ့် မလာနိုင် ဘူးဖြစ် သွားတယ် ၊ အချိန်ရရင် ကျောက်ဆည်ကနေ တက်လာချင်ပါသေးတယ်၊ အချိန်မရ လို့မလာ နိုင်တာပါ ၊ပြီးတော့ ကျွှန်တော် မြန်မာပြည်လာခဲ့တဲ့ အဖွဲ့ဝင် (၉ ) ဦး သမ္မတ ကြီးဦးသိန်းစိန် နဲ့ တွေ့ဆုံခွင့်  
တောင်းပေမယ့် ကမ္ဘာ့လုပ်ငန်း တာဝန်များ များပြားနေတဲ့ အတွက် တွေ့ခွင့် မရခဲ့ပါဘူး။ ပြီး ... ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဖို့ ခွင့်တောင်းပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်များ၊ လုပ်ငန်း တာဝန်များနေတဲ့အတွက် လွတ်လပ်ရေးနေ့မှာ NLD မှာ ကျင်းပမယ့် လွတ်လပ်ရေးအောင် ပွဲနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ 

 နေပြည်တော်ရောက် တော့ လည်း သည်ကနေ့ အစိုးရတွင်းမှာရှိတဲ့ ABSDF ( မကဒတ) ကျောင်းသား တပ်မတော် ပြုပြင်ပြောင်းလဲမှုတွေ ၊ အစိုးရ၀န်ကြီး ဌာန အတွင်းက ပြုပြင်ပြောင်းလဲမှုတွေ တွေ့ခဲ့တယ်၊ ၀န်ကြီး ဌာန (၃ ) ၊ (၄ ) နေရာလောက် တွေ့ဆုံခဲ့တယ် ။ ပြီး... ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ SNLD အဖွဲ့၊ NLD အဖွဲ့ ၊နိုင်ငံရေး အင်အားစုတွေ နဲ့ တွေ့ပြီးတော့လည်း ကျွန်တော်တို့အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ် တွေကို ရှာဖွေပြီး ရှေ့ဆက်သွား ရမယ့် လုပ်ငန်း အကြံဥာဏ်တွေရ ယူခဲ့တယ်၊ ကျွန်တော်တို့ အဖွဲ့က မြန်မာနိုင်ငံက မိမိတို့ဇာတိမြို့တွေ ခွဲသွားနေတော့ (၉ )ဦး စလုံး ရန်ကုန်မှာ ပြန်ဆုံဖြစ်မယ် ၊ ပြီးရင်တော့ ဇန်န၀ါရီ ၃ ရက်နေ့မှာ ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်၊ ငြိမ်းချမ်းရေး စင်တာမှာ လူနေမှုဘ၀၊ လယ်သမားတို့ဘ၀၊ လူမှုရေးလုပ်ငန်းလုပ်ဆောင်နေကြတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ဦးကျော်သူ တို့အဖွဲ့တွေနဲ့ တွေ့မယ်၊ ပြီး တစ်တိုင်းပြည်လုံး အသွင်
ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး ၊အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ နိုင်ငံရေး အကျဉ်းသား အရေး အစရှိတာတွေကို ဆွေးနွေးဖြစ်မယ်။ 

 မေး။ ။ အင်း ... ဟုတ် ... နောက်တစ်ခုဗျာ အစ်ကိုတို့ ABSDF (ဗဟို) က မြန်မာနိုင်ငံတွင်းကို လာပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတယ.်၊ နောက် ... တချိန်ထည်းမှာလည်း ABSDF (မြောက်ပိုင်း) က ပစ်နေခတ်နေ စစ်ဆင်နွဲနေတော့ ABSDFက နှစ်ဖွဲ့ဖြစ်နေတာလား။ 

 ဖြေ။ ။ ကျောင်းသား တပ်မတော်ဟာ တစ်ဖွဲ့တည်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်ပေါင်းစု တစ်ခုဖြစ်ပါတယ်၊ မြောက်ပိုင်းကလည်း ကျွန်တော်တို့ရဲ့ ABSDF ( မကဒတ) ကျောင်းသား တပ်မတော်ပဲဖြစ်ပါတယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံများကြောင့် ကျွန်တော်တို့  ပြည်  တွင်းကိုရောက်ရှိနေခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ လက်ရှိပြည်တွင်းကိုရောက်ရှိ   နေစဉ်အတွင်း  မှာပဲ မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပေါ်နေတယ်၊ ကျွန်တော်တို့ နေတဲ့ အိမ်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် ကျွန်တော်တို့လည်း ပါဝင်နေခြင်းဖြစ်ပါတယ်။ 

ဒါကြောင့်လည်း တစ်တိုင်းပြည်လုံး အသွင်ဆောင်သည့် အပစ်အခတ်ရပ်စဲရေးကိုလည်း အမြန်ဆုံး  ဆောင် ရွက်ကြပါ၊ ဆောင်ရွက်ပေးကြပါလို့ ၊ လက်ရှိနိုင်ငံတော်ကို ဦးဆောင်နေတဲ့ အစိုးရ အဖွဲ့နဲ့ သမ္မတကြီး ဥိးသိန်းစိန် တို့ကို တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ 


No comments:

Post a Comment