Tuesday 6 November 2012

"ခိုးဝင်ဘင်္ဂလီများကို ဖမ်းဆီးရမိခြင်း" (ဦးဝရသူသတင်း)

     "ခိုးဝင်ဘင်္ဂလီများကို ဖမ်းဆီးရမိခြင်း"
    မကြာမီတွင် ရိုဟင်ဂျာအမည်ခံကာ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုမည့် ခိုးဝင်ဘင်္ဂလီများ အစုလိုက် အပြုံလိုက် ဖမ်းဆီးရမိ။
    စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ခိုးဝင်ဘင်္ဂလီ(၁၉) ဦးကို ရဟန်းရှင်လူ ပြည်သူများက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
    ထိုသို့ ဖမ်းဆီးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သောကြာနေ့ (၂-၁၁-၂၀၁၂) ရက်နေ့ကတည်းက တာဝန်သိ ပြည်သူတစ်ဦးထံမှ သတင်းရရှိခဲ့ကြောင်း၊ သတင်းရသည်နဲ့ တပြိုင်နက် အမျိုးဘာသာ သာသနာ ကာကွယ်စောင့် ရှောက်ရေး အသင်းကြီးမှ တိကျခိုင်မာအောင် သေချာစွာစောင့်ကြည့်လေ့လာခဲ့ရကြောင်း၊ သေချာပြီဆိုသည်နှင့် ယနေ့ (၅-၁၁-၂၀၁၂) ရက်နေ့ မနက် ၄း၀၀ နာရီးတွင် လူငယ် (၁၁)ယောက်ဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်းတွင်  ရဟန်းသံဃာတော်များနှင့် လူကြီးလူငယ် အယောက် (၃၀)ခန့်က ပူးပေါင်းဖမ်းဆီးပေးခဲ့ ကြကြောင်း သိရသည်။

    ထိုသို့ ဖမ်းဆီးရာတွင် မနက် ၉း၀၀ ခန့်တွင် ဘင်္ဂလီ (၁၂) ယောက်ကို ဖမ်းဆီးရမိပြီး၊ မနက် ၁၀း၀၀ နာရီတွင် နောက်ထပ် (၉) ယောက် အားလုံး (၁၉) ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ တစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်၊ ဖမ်းဆီး သူများထဲတွင် ပြည်သူ့ရဲနှင့် ပြည်သူ့စစ် မည်သည့်လုံခြုံရေး၊ ကာကွယ်ရေးဝန်ထမ်းနှင့် အာဏာပိုင်များ တစ်ယောက်တလေမျှပင် မပါဝင်ကြောင်း၊ မင်္ဂလာဥယျာဉ် ဆရာတော် ဦးပဏ္ဍဝံသ၊ နေသာပညာရေးကျောင်းတိုက်မှ ဆရာတော်ဦးဓမ္မိကနှင့် သံဃာတော် (၅)ပါး၊ ဝိသုဒ္ဓါရုံ ကျောင်းတိုက်မှ ဆရာတော် ဦးနိသာကရာဘိဝံသ၊ အောင်ရတနာဆရာတော် ဦးသုဇာတ၊ မြို့ဦး ဆရာတော် ဦးဓမ္မာနန္ဒတို့ ပါဝင်ကြောင်း၊ လူပုဂ္ဂိုလ်အများစုမှာ ဗုဒ္ဓဘာသာလူငယ်များဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသားအချို့လည်း ပါဝင်ကြောင်းသိရသည်။
    ဖမ်းဆီးရမိသော ဘင်္ဂလီများသည် အသက် (၁၄)နှစ်နှင့် (၁၅)နှစ်အရွယ်မှ အသက် (၃၀)နှင့် (၄၀)နှစ်ထိ ပါဝင်ကြောင်း၊ အများစုမှာ အသက် (၂၀)နှစ် ဝန်းကျင် အရွယ်များဖြစ်ကြောင်း၊ ပြန်လည်ခုခံခြင်းမရှိဘဲ အေးအေး ဆေးဆေးအဖမ်းခံကြကြောင်း သိရသည်။
    ဖမ်းဆီးမိရာအရပ်မှာ ကလေးမြို့အနောက်တည့်တည့် ကလေးတက္ကသိုလ်၏ အနောက်မြောက်ဘက် ပျားစွဲတောင်ခြေရှိ ကျူတောကြီးအတွင်းဖြစ်ကြောင်း၊ ကျူပင်များထူထပ်လွန်း၍ ထွက်ပြေးတိမ်းရှောင်သွားသော ဘင်္ဂလီတစ်ယောက်ကို လိုက်လံဖမ်းဆီးဖို့ရာ ခက်ခဲခဲ့ကြောင်း၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းမှ နာယက ဆရာတော် ဦးပဏ္ဍဝံသ ထံမှ သိရသည်။
    ခိုးဝင် ဘင်္ဂလီ (၁၉)ယောက်တွင် မြန်မာစကားကို ကျွမ်းကျင်နိုင်နင်းစွာ ပြောတတ်သူ မောင်တောမြို့နယ်မှ ဘင်္ဂလီ (၄)ယောက် ပါဝင်သည်ဟု ဆိုပါသည်။
    ယနေ့ မနက် ၁၁း၀၀ နာရီးခန့်တွင် မင်္ဂလာ ဥယျာဉ်ကျောင်းတိုက်သို့ ကာယကံမေတ္တာ နာရေးကားဖြင့် ဘင်္ဂလီများကို ခေါ်ဆောင်လာပြီး ကျောင်းတိုက် ဓမ္မာရုံပေါ်တွင် တန်းစီမတ်တပ်ရပ်ခိုင်းထားပြီး ကလေးမြို့ ပြည်သူလူထုကို ပြကာ မိနစ် (၂၀)ခန့် ရှင်းလင်းပြောကြားခဲ့ကြကြောင်း၊ တက်ရောက်သူ ပရိသတ် (၁၅၀၀) ခန့်ရှိကြောင်း၊ လိုက်ထရပ်ကားသုံးစီးဖြင့် ခွဲတင်ကာ မြို့တွင်းသို့ နာရီဝက်ခန့် လှည့်လည်ပြသခဲ့ပြီး ကလေးမြို့နယ် ရဲစခန်း၊ စခန်းမှူးထံ အပ်နှံခဲ့ကြောင်း သိရပါသည်။
    ထိုသို့ အာဏာပိုင်များ၊ ဝန်ထမ်းများ၏ အကူအညီမယူဘဲ ပြည်သူ့အင်အားဖြင့်သာ ဝိုင်းဝန်းဖမ်းဆီးရခြင်း၏ အကြောင်းကို မင်္ဂလာဥယျာဉ်မှ ဆရာတော်ဦးပဏ္ဍဝံသက ယခုလိုပြောပါသည်။
    "ရဲတွေက အလုပ်မလုပ်ဘူး၊ သူတို့ကိုယ်တိုင် ဖမ်းဆီးဖို့ နေနေသာသာ ပြည်သူက ဝိုင်းကူဖမ်းပေး တာကိုတောင် အင်တင်တင်လုပ်နေတယ်။ သူတို့လက်ထဲရောက်သွားရင် ဓာတ်ပုံလည်း ရိုက်ခွင့်မပေးဘူး၊ ဓာတ်ပုံ လည်းတောင်းလို့မရဘူး၊ မီဒီယာမှာပါသွားမှာကိုပဲကြောက်လန့်နေကြလို့ ပြည်သူသိအောင် ပြသပြီးမှပဲ ပို့လိုက်တာပါ။"
    ထို့နောက် ဆရာတော်ဦးပဏ္ဍဝံသ ကပင် "ရိုက်တာနှက်တာ နှိပ်စက်တာမျိုး မဖြစ်စေရဘူး စိတ်ချ လုံဝအာမခံတယ် လို့ ပြောပြီးမှ ဖမ်းပေးတာပါ။" ဟု ရဲဌာနကို သတင်းပို့ပြီးမှ ဖမ်းဆီးခဲ့ခြင်းကို ရည်ရွယ် မိန့်ကြား သွားခဲ့ပါသည်။
    ဆရာတော်ဦးပဏ္ဍဝံသနှင့် နေသာဆရာတော် ဦးဓမ္မိက အပါအဝင် ကလေးမြို့မှ ဆရာတော် သံဃာ တော်များသည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်မှာ အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဆရာတော် သံဃာတော်များ၊ မြို့မိ မြို့ဖများ၊ လူငယ်လူရွယ်များ၊ ဘာသာ ပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်သူများဖြင့် ဖွဲစည်းထားသည့် တက်ကြွလှုပ်ရှားသည့် အသင်းကြီး ဖြစ်ကာ ယခုဆိုလျှင် ဘင်္ဂလီများကို ဖမ်းဆီးခဲ့သည်မှာ (၅)ကြိမ်ရှိပြီး ပထမအကြိမ် ဘင်္ဂလီ (၁၀) ယောက်၊ ဒုတိယ အကြေိမ် ဘင်္ဂလီ (၄)ယောက်၊ တတိယအကြိမ် ဘင်္ဂလီ (၁၆)ယောက်၊ စတုတ္ထအကြိမ် ဘင်္ဂလီ (၁)ယောက် (အမျိုးသမီး) ပဉ္စမအကြိမ် (၁၉)ယောက် (ယခု) စုစုပေါင်း အယောက် (၅၀) ရှိပြီဖြစ်ပါသည်။
    ခိုးဝင်ဘင်္ဂလီများသည် မြန်မာစကားပြောတတ်ကြပြီး မတတ်ချင်ယောင်ဆောင်နေသည်ဟု ယူဆနေကြပြီး၊ ဘူးသီးတောင် ဘက်မှလာကြောင်း၊ ပြည်မထဲဝင်ပြီး မန္တလေးမှ ရန်ကုန်ထိ သွားကာ မလေးရှားဘက်သို့ ဆက်ကူး မည်ဖြစ်ကြောင်း မြို့တိုင်း မြို့တိုင်းမှာ အထောက်တပ်ဖွဲ့များရှိကြောင်း ပြောသည်ဟု ဆိုပါသည်။
    ဝန်ကြီး ဦးခင်ရီက ခိုးဝင်ဘင်္ဂလီ မရှိဟု ကမ္ဘာကြီးကို ငြင်းဆန် လိမ်ညာထားသော်လည်း ကလေးမြို့မှ တာဝန်သိ ရဟန်းရှင်လူပြည်သူများကတော့ ဦးခင်ရီ၏ မုသားထုပ်ကို ဆက်လက်ဖြည်ပြနေမှာဖြစ်ကြောင်းနှင့် နောင်အခါတွင် ရိုဟင်ဂျာ အမည်ခံကာ တိုင်းရင်းသားအခွင့်အရေးကို အတင်း အဓမ္မတောင်းဆိုတော့မည့်၊ ဒေသခံတိုင်းရင်းသား ရခိုင်အပါအဝင် အများပြည်သူတို့ကို မီးရှို့ဖျက်ဆီး အကြမ်းဖက် သတ်ဖြတ်ကာ မြန်မာ့မြေကို လုယူသိမ်းပိုက်တော့မည့် နာမည်သူခိုး ဖိုးတွမ်တီး ကုလားဆိုးတို့၏ သမိုင်းလိမ်ကို ကမ္ဘာကြီးသိအောင် သက်သေ ပြသွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည် ခင်ဗျာ။
    (နောက်ဆက်တွဲ သတင်းအရ ယနေ့ ညနေ ၄း၀၀ နာရီတွင် နောက်ထပ်တစ်ယောက်ဖမ်းဆီးမိကြောင်း ထိုဘင်္ဂလီမှာ မနက်က လွတ်မြောက်သွားသူဖြစ်ကြောင်း သိရပါသည်။ )
  
ဟစ်တိုင် စစ်ဂျာနယ်
    ပြည်သူ့သတင်းထောက်
    ၉၆၉
    စုံစမ်းရန်- ၀၉-၄၀၀၅၀၃၃၅၅
          ၀၉- ၄၀၀၄၇၆၇၅၁
ဦးဇင်း ဦးဝရသူ   သတင်းပေးပို့ ပါတယ်





No comments:

Post a Comment