မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်
မေး။ ။ ကျနော်တို့ မြန်မာနိုင်ငံကြီးမှာ လူမျိုးရေးခွဲခြားမှုတွေ သိပ်ကို များပါတယ်။ မိဘ၊ ဆရာသမားများက အစ အဲဒီလိုလုပ်တာ မကောင်းဘူးလို့ တားမြစ်တာမျိုး အင်မတန်နည်းတ
ဲ့အတွက်
တစ်ဦးတစ်ယောက်ကို တရုတ်၊ ကုလား၊ ကရင်စသဖြင့် လူမျိုးရေးနှိမ့်ချ
စော်ကားဖို့ ဘယ်သူမှ ၀န်မလေးကြတာ ယနေ့အထိ တွေ့နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားဖို့ စိတ်ကူးပါသလဲ။
ဖြေ ။ ။ အဲဒီဟာ တော်တော့ကို ဟုတ်တယ်။ ဒါမိဘတွေက မသင်တာပဲ။ ဒါက ပညာရေးမှာ ကျောင်းကကို သင်သွားမှာ။ ဥပမာဆိုရင် ကုလားပေါ့နော်။ ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူး ဆိုတာ ကျမ သိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။ ကျမက အိန္ဒိယမျိုးနွယ်လို့ခေါ်ရင် ခေါ်တယ်။ မုစ်လင်မ်လို့ ခေါ်ရင်ခေါ်တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ခေါ်ရင် ခေါ်တယ်။ ဒီဘာဖြစ်လို့ သူတပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ။ ကိုယ်မကြိုက်တဲ့အသုံးအနှုန်းကို သုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ၊ ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။ အဲဒီလို ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။ နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်။ ဒါသိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။ အဲဒီလို မသင်တာဟာ မိဘတွေကလဲ မသင်တာပါတယ်။ ဆရာ၊ ဆရာမတွေကလဲ မသင်တာပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဒါကျောင်းသင်ရိုးညွှန်းတမ်းတွေမှာကို ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ်မတူတဲ့သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းပဲ မြင်ပါတယ်။ နောက်ပြီးတော့လဲ ဥပဒေအရလဲ ခွဲခြားဆက်ဆံမှုတွေကို တားမြစ်တာလဲ ရှိရမယ်။ ဒါပေမဲ့ ဥပဒေကြီးနဲ့ပဲ မပြီးဘူး။ စိတ်ကို ပြောင်းယူရမှာ။ ကျမ ခဏ၊ ခဏပြောတယ်၊ ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေး။ နောက်ဆုံးကျတော့ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေး မဟုတ်ပါဘူး။ အစိုးရစနစ်တစ်ခုပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကို မပြောင်းလို့ရှိယင် ဘယ်မှ ကျမတို့ ရောက်မှာ မဟုတ်ဘူး။ စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ။
၂၀၁၂ ခုနှစ်၊ အောင်တိုဘာလ (၂) ရက်
အယ်လ်အေမြန်မာများနှင့် တွေ့ဆုံနှုတ်ဆက်ပွဲ
Ko Rohingya chit coco မှ ပေးပို့ ပါတယ်

No comments:
Post a Comment