Tuesday 6 November 2012

တောင်ကြီးမြို့ မီးပုံးပျံ ကျက်သရေဆောင်မယ့်ပွဲ


~ 



ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

တောင်ကြီးမြို့၏ အထင်ကရ ပွဲတော်ကြီး ဖြစ်သည့် တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲအား ကျောင်းကြီးစုရပ်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ (၂၁) မှ နိုဝင်ဘာ(၂၉)  ထိ ၉ ရက် တိုင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မီးပုံးပျံ အရေအတွက်များလျှင် ရက်ထပ်တိုးမည် ဖြစ်ကြောင်း ပွဲစီစဉ်သူအဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

ပွဲတော်တွင် နေ့လွတ်အရုပ်၊ ညမီးကြီး၊ စိန်နားပန်မီး စသည်ဖြင့် အမျိုးအစားများ ပါဝင်မည် ဖြစ်သည်။

           တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲသည် ကျော်ကြား ထင်ရှားပြီး မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ ဧည့်သည်များ စိတ်ဝင်စားစွာ လာရောက်လည် ပတ်ကြသည်။

ပြီးခဲ့သည့်နှစ်ကလည်း ပွဲတော်လာပရိသတ် များပြားလွန်းသဖြင့် တည်းခိုစရာနေရာ အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရကြောင်း၊ ဘုန်းကြီးကျောင်း၊ တည်းခိုခန်း၊ ဟိုတယ်များ ပြည့်နေပြီး လာရောက် လည်ပတ်သူ တချို့မှာ ၎င်းတို့စီးလာသည့် ကားများပေါ်တွင်ပင် အိပ်စက်ခဲ့ရကြောင်း မြို့ခံတစ်ဦးက ပြောပြသည်။

         နိုင်ငံခြာသားခရီးသွား ဧည့်သည်များလည်း အထူး စိတ်ဝင်စားသော တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ရှေးအစဉ်အဆက် ကျင်းပခဲ့သော ရိုးရာပွဲတော် တစ်ခု ဖြစ်ကြောင်း သိရသည်။ 


ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း (တောင်ကြီး)

~ 














 


No comments:

Post a Comment