Tuesday 27 November 2012

မေမေစုအတွက် " နှင်း "

မေမေစုအတွက် " နှင်း "



ကျနော်နဲ့  မေမေစု

အမေ့ အကြောင်းရေးတော့

ဂျပန်ပြည်ရဲ့ နှင်းတောထဲမှာ

ပျော်ရွှင်ကြည်နူး

မေမေအတွက်ရည်စူးလို့ 

နှင်းနဲ့ အတူ

အပြိုင်ခံစားရေးမိပါတယ်။

နှင်းဝေနေတော့

လွမ်းမောစိတ်နဲ့

အမေ့ချစ်သား

စိတ်ဝယ်ခိုလှုံ့

နွေးထွေးရင်းနဲ့

ရင်ဝယ်မျှော်သည်

အမေစုဂျပန်ကို

လာမယ့်ရက်တွေ

လက်ချိုးနေမိတယ်။

အခု နှင်းတွေ ကျတော့မယ်တဲ့
................

အော် ..

မေတ္တာဓါတ်နဲ့ 

ကမ္ဘာပတ်နေတဲ့အမေ

ချစ်သဒ္ဒါတွေ

မလပ်ရအောင်

ပြည်သူတွေကို

အနှစ်သာရတွေ

သင်ပေးပါအုံး။

ခေတ်အဆက်ဆက်

သမိုင်းကိုလေ့လာကြည့်ရင်

ကျနော်တို့ လူမျိုးများက

အသိတရား အကြင်နာတွေ

ပညာတွေ အကြိမ်ကြိမ်ပြနေတဲ့

ကမ္ဘာကြီးနဲ့ မြန်မာများကို

တိုးတက်နေတဲ့ လမ်းကြောင်းကို

နှင်းတွေဝေတော့မယ်

ညွှန်ပြပေးနေတဲ့

မေမေစုကိုကိုးကွယ်ရာမှ

တပါး အခြားမရှိပြီ။ ။



ကိုထွန်းဝေ

27.11.2012

မေတ္တာထားလို့ ရေးလိုက်မိပါတယ်။ ။
မိတ်ဆွေများ ဘ၀င်နှလုံးရွှင်ပြုံးကြပါစေ။

No comments:

Post a Comment