Tuesday 27 November 2012

စင်ကာပူမှာလည်း ကမ္ဘာကျော် Psy လာဖျော်ဖြေမယ်


Tuesday, November 27, 2012  အိမ့်သံစဉ် 


Gangnam Style ဆိုတဲ့ သီချင်းနဲ့ ကမ္ဘာတလွှား အကျော်ကြားဆုံးတဦးဖြစ်တဲ့ ကိုရီယား အဆိုတော် Psy ဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စင်ကာပူနိုင်ငံမှာ လာရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။

 အဆိုတော် Psy၊ ဓာတ်ပုံ- CNA

စင်ကာပူနိုင်ငံ Marina Bay Sands Event Plaza မှာ ၁ နာရီကြာ အခမဲ့ ဖျော်ဖြေပွဲ တခုကို Psy က Marina Bay Sands ရှိ အနုပညာ စင်တာက လူငယ်တွေအတွက် ဖျော်ဖြေပွဲကို ပါဝင်မှာဖြစ်ပါတယ်။

Marina Bay Sands က ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ပွဲကြည့်လက်မှတ်တွေလည်း ရနိုင်ကြောင်း Channel News Asia သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Psy ကတော့ ဒီကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ကိုရီယား အဆိုတော်တဦးလည်းဖြစ်ပါတယ်။

အင်တာနက် Youtube သမိုင်းမှာ သူ့ရဲ့ Gangnam Style ဆိုတဲ့ မြင်းစီးတဲ့ အကနဲ့ သီဆိုမှုက ကမ္ဘာတ၀န်း က ကြည့်မှုက သန်း ပေါင်း ၈၀၅ သန်းကျော် ရှိလို့ ဂင်းနစ် စံချိန်လည်း ၀င်ခဲ့သူ၊ အမေရိကန်၊ ဥရောပ တခွင်မှာလည်း ထိပ်တန်းနံပတ် စာရင်းဝင် သူအဖြစ် အချိန်တိုအတွင်း ထင်ရှားကျော်ကြားလာသူပါ။
http://blog.irrawaddy.org/2012/11/psy_27.html

No comments:

Post a Comment