Tuesday 27 November 2012

အင်တာနက် အသုံးပြုတာကို သုံးသလောက် Data volume အလိုက် ပေးဆောင်ဖို့ မြန်မာ့ဆက်သွယ်ရေးက စီစဉ်နေတာ လုံးဝ ကန့်ကွက်ပါတယ်


ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber အသုံးပြုမယ့်သူများသိရှိထားဖို့ပါ။
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber ပြောမယ်ဆိုရင် တစ်မိနစ်ကို 240 Kb နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Viber ပြောလိုက်ရင် တစ်မိနစ်ကို 5 ကျပ်ကျမှာဖြစ်ပါတယ်။

ဖုန်းအင်တာနက်ကိုအသုံးပြုပြီးSkype အသုံးပြုမယ့်သူများ သိရှိထားဖို့ပါ။
ဖုန်းအင်တာနက်နဲ့ Skype နဲ့ video call ပြောမယ်ဆိုရ
င် တစ်မိနစ်ကို 6 MB နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို
ဖုန်းအင်တာနက်နဲ့ Skype ပြောလိုက်ရင် တစ်မိနစ်ကို 120 ကျပ်ကျပါလိမ့်မယ်။

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -
(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)
100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ်

(Myanmar Mobile App Store )

အင်တာနက် အသုံးပြုတာကို သုံးသလောက် Data volume အလိုက် ပေးဆောင်ဖို့ မြန်မာ့ဆက်သွယ်ရေးက စီစဉ်နေတာကို လုံးဝ ကန့်ကွက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက် သုံးစွဲမှုကို မလျော်မကန် ငွေကြေးအားဖြင့် ကန့်သတ်ချုပ်ချယ်ထားလို့ ဖြစ်ပါတယ်။

အင်တာနက် ပေါ်ခါစက ဂျပန်မှာ သုံးသလောက် ကျခံရတဲ့စနစ်ကို သုံးပါတယ်။ အစိုးရ ထိန်းချုပ်မှုက ကင်းလွတ်ပြီး သီးသန့် ရပ်တည်နိုင်ကြတဲ့အင်တာနက် ကုမ္ပဏီတွေဟာ နောက်ပိုင်းတော့ အဲဒီစနစ်ကို ပယ်ဖျက်လိုက်ရပြီး ကြိုက်သလောက်သုံး
တလ-ပုတ်ပြတ်စနစ်ကို ပြောင်းလဲ ကျင့်သုံးရပါတော့တယ်။

စနစ်ပြောင်းလိုက်တဲ့အခါ ကုမ္ပဏီတွေရော သုံးစွဲသူတွေပါ နှစ်ဖက်စလုံး အကျိုးရှိလို့ ကနေ့ထိ အောင်မြင်တဲ့စနစ် ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်နဲ့ နှစ် ၂ဝ ကြားမှာ ကျင့်သုံးခဲ့ဖူးတဲ့ မအောင်မြင်တဲ့ စနစ်ကို မြန်မာနိုင်ငံမှာ အခု ကျင့်သုံးဖို့ ကြိုးစားလာတာ အံ့အားသင့်မိပါတယ်။

ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ အစိုးရပိုင် မဖြစ်သင့်ပါဘူး။ ပုဂ္ဂလိကကို လွတ်လပ်စွာ ခွင့်ပြုသင့်ပါတယ်။ ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှ လက်တွေ့ကျတဲ့ ဈေးကွက် စီးပွားရေးစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

ဥာဏ်သွားတဲ့ အစိုးရကတော့ အခွန်ထိုင်ကောက်နေရုံသာ ရှိပြီး နာမည်ကောင်းလည်း ရနေပါတယ်။ အရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား မစိုက်ရဘဲ ရနေတဲ့ အခွန်ပမာဏာ သိပ်ကြီးမားလို့ နိုင်ငံဖွံ့ဖြိုးရေးကို ကောင်းကောင်းကြီး အထောက်အကူ ပေးနိုင်ပါတယ်။

ဝန်ထမ်းတွေကလည်း ပုဂ္ဂလိက ကုမ္ပဏီမှာ လုပ်ရတာဖြစ်လို့ ခံစားခွင့် အတော်ကောင်းပါတယ်။ စားသုံးသူ ပြည်သူတွေကလည်း အရည်အသွေးတူရင် ဈေးသက်သာရာကို ရွေးချယ်နိုင်ကြလို့ စိတ်ချမ်းသာကြပါတယ်။ မကျေနပ်စရာ စောဒကတက်ခံရရင်လည်း Customer is always right ဆိုတဲ့ မူကို တိတိကျကျ ကျင့်သုံးတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက စားသုံးသူအကြိုက် လိုက်လျောပေးရလို့ ကျေနပ်ကြတဲ့ စားသုံးသူတွေဟာ ကုမ္ပဏီကို ပိုမိုအားပေးကြတာကြောင့် စီပွားရေး တိုးတက်လာပါတယ်။

ငန်းကြီးက တနေ့ကို ရွှေဥတလုံး ဥပေးနေတာကို လောဘဇောကပ်ပြီး ဗိုက်ထဲမှာ အများကြီး ရှိနေဦးမှာပဲ အထင်နဲ့ ဗိုက်ခွဲ သတ်ပစ်လိုက်တဲ့ ပုံပြင်လို ဖြစ်နေပါဦးမယ်။

လွင်အောင်စိုး

No comments:

Post a Comment