Thursday 29 November 2012

ကြေးနီကို သွေးနီနဲ့လဲတဲ့ပွဲ



သမိုင်းတစ်ခေတ် အရိုင်းစနစ်က ထူးမခြားနားပါပဲ
လမ်းသစ်ဖောက်လည်း လမ်းဟောင်းပြန်ရောက်တာပါပဲ
နေသားကြနေတဲ့အကျင့်တွေ ပြင်မရတော့ဘူး

ပြောသင့်တာကို လူတိုင်းမပြောရဲကြဘူး လုပ်သင့်တာ လုပ်ထိုက်တာ လူတိုင်းမလုပ်ရဲဘူး
လက်တစ်ဆုတ်စာ တစ်ဘ၀စာနေရာပျောက်မှာ
အခင်အမင်ပျက်မှာကို စိုးရိမ်ကြတယ် သံသာရာငရဲကြမှာကိုမစိုးရိမ်ကြဘူး
မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းဆွေမျိုးမိဘ လမ်းမှားလျှောက်နေလဲ ပြင်ပေးရကောင်းမှန်းမသိကြဘူး မသိလိုက်မသိဖာသာ မသိချင်ဟန်ဆောင်နေတတ်ကြတယ်
တကယ့်အရေးကြရင် ခေါင်းဆောင်တွေ ခေါင်းရှောင်သွားကြတယ်
အထိနာတော့ ပြည်သူတွေ ရဟန်းတွေကျောင်းသားတွေ တောင်သူလယ်သမားတွေ
အတွေးအခေါ်နည်းပါးတော့ လုပ်ချင်တာကိုလုပ်သင့်တယ်ထင်ပြီးလုပ်ကြတယ်
နောင်ဖြစ်လာတဲ့အကျိုးဆက်ကို အတွေးအခေါ်အမျှော်အမြင်နည်းပါးကြတော့
နောင်အရေးကို မျှော်ကြည့် တွေးခေါ်ဖို့မေ့နေတယ် လက်ရှိကိုပဲမြဲမယ်ထင်ပြီး
ဆုတ်ကိုင်ထားနိုင်ဖို့ အရယူဖို့လောက်သာတွေးခေါ်မှုဖြစ်ပေါ်ကြတယ်
အကျိုးဆက်က ဘယ်လိုကောင်းကျိုးဖြစ်ပေါ်မှာလည်း
ဆိုးကျိုးကဘာတွေဖြစ်ပေါ်လာနိုင်လည်းဆိုတာ တွက်ချက်ဖို့မေ့နေကြတယ်
အရင်းမရှိတော့ ခဏချေးယူ အရင်းပေါ်အတိုးဆင့် အတိုးပေါ်အတိုးထပ် အမျိုးမမြတ်တော့ဘူး
နိုင်ငံတော်ရှိပြည်သူတွေ လူသားတွေ ချမ်းသာဝပြောအောင်လုပ်မယ့်အလုပ်ဟာ
အကျိုးဆက်နောက်ဆက်တွဲရလဒ်က
တိုင်းသူပြည်သား လူသားတွေကို ပြန်ပြီး ထိခိုက်နာကျင်သတ်ဖြတ် ချေမှုန်းမှ လူသားတွေ
ချမ်းသာဝပြောစွာနေထိုင်နိုင် မှာတဲ့လား
ရွှေဝါရောင် သပိတ်တုန်းက
ရဟန်းတော်တွေကို ချနေတော့ကုလားအဘိုးကြီးက ပြောတယ်
နင်တို့ကိုးကွယ်တာ နင်တို့သတ်ရဲ ဖြတ် ရဲနေမှတော့
နင်တို့လူမျိုးတွေ တုံးကုန်ပြီတဲ့
ငါတို့ဘာသာမှာ ငါတို့ဘာသာကိုထိပါး ပုတ်ခတ်ရင်
သူတို့ကျမ်းစာထဲမှာ အလာရှင်က
ကလေးမိန်းမ မကျန်အားလုံးဟာ
ဓါးကိုင် ရရာဆွဲထွက်သတ်ရမယ်တဲ့
မသတ်ရင် သူတို့ဘာသာတုံးသွားနိုင်တယ်တဲ့ဘာသာထိရင် အသေခံတယောက်မကျန်ထွက်သတ်ကြတာတဲ့
ဒို့လူမျိုးတွေဟာ သာသနာထိလည်း တုံးမှန်းမသိ
ဘာသာထိလည်း တုံးမှန်းမသိ

မျိုးလည်းတုံး
အတွေးအခေါ်လည်းတုံး
စိတ်ဓါတ်တွေလည်း တုံးကုန်တာ
ဖိနိပ် တာကြောင့် တုံးတဲ့အပြင်
စိတ်ထဲအဆိပ် ခတ်ခံရတာ
မသေမရှင် တမြေ့မြေ့နဲ့
အဆိပ်မိတဲ့အပင်လို ရှင်သန်ဖို့လမ်းမမြင်တော့ဘူး
သွေးနီတွေ ကြေးနီနဲ့လဲတဲ့ပွဲ
ကြေးနီစီမံကိန်းတလွဲ
ွဲ ရဟန်းရှင်လူ ပြည်သူကို
အရှင်လတ်လတ် မီးဖုတ် အရေ ခွံစုတ်တဲ့ပွဲ

တန်ဆောင်တိုင် မဟာကထိန်သင်္ဃန်းမီးရှိုပွဲ
သွေးနီတွေ ကြေးနီနဲ့လဲတဲ့ပွဲ

တန်ဆောင်တိုင် မဟာကထိန် သာသနာ့အရေ ခွာတဲ့ပွဲ
သံဃာကို ပံသကူလုပ် အရေအသားစားတဲ့ပွဲ
သံဃာတော်အရေကို မီးပူဇော်တဲ့ပွဲ
အယ့်ဒါ ကြေးနီစီမံကိန်း ရလဒ်ပဲ
(ဒေါင်းမြကြည်)

No comments:

Post a Comment