Thursday 29 November 2012

ကြယ်စုများ ပျောက်ဆုံးခြင်းနှင့် မွေးဖွားခြင်း


လက်ပံတောင်းတောင်ဆိုတာ
ကြေးနီပဲထွက်တာမဟုတ်ဘူး
အာဇာနည်တွေလဲထွက်တယ်။

ကြည့်လိုက်ကြ
တန်ဆောင်မုန်းလကပြည့်ပြီး
ကမ္ဘာကြီးကို အလင်းပေးထားပေမယ့်
ငရို့ ဆီကအမှောင်ကို ထွန်းညှိပေးခဲ့တာ
လက်ပန်တောင်းတောင်မှာလောင်သွားတဲ့
သံဃာ့အာဇာနည်တွေရဲ့အရေပြားတွေပဲ

သူတို့မှာ
သဝဏ်လွှာမလို
လက်ခုပ်သံမလို
ပန်းစည်းမလို
စင်မြင့်မလို
ဆုတံဆိပ်တွေမလိုဘူး။

အို -- ဖုံးထားတာတွေဖွင့်ကြည့်လိုက်
အသွင်ကူးပြောင်းရေးမှာ တကယ်ကူးပြောင်းသွားတဲ့အသွင်တွေက
တချိန်တုန်းက လင်းလက်ဖူးတဲ့ကြယ်တွေသာ။

(လင်းနွေးအိမ်) နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂။
Photo..EMG

No comments:

Post a Comment