Thursday, 29 November 2012

ဆေးပေါင်းပျက်တဲ့ မနက်


လက်ပံတောင်း
ဆေးပေါင်းခတဲ့ည
နောက် တမနက်မှာ
မင်းသားခေါင်းဆောင်းထားတဲ့
ပဉ္စလက်သမားတွေက
ဘီလူးအကြောင်းပြတဲ့ 
နက္ခတ် ထ ခဲ့လေသလား၊

လက်ပံတောင်း
မြမောင်းရောင် တောင်မြေ တ၀ိုက်ကို
ကျပ်တင်ကာ မီးကျည် မြှိုက် ရက်တယ်၊

လက်ပံတောင်း
နင့် အကြောင်းကို ပြန်ကာတွေးရင်
ရန် ငါ တွေ မပြီး မပြတ်သေးလေသမို့
သံဃာတွေ မီးလောင်တိုက် အသွင်းခံရပြီပေါ့

လက်ပံတောင်း
ဆေးပေါင်းပျက်တဲ့ မနက် ခင်းမှာ
အနိဌာ အဆင်းနဲ့  ယွင်းခဲ့ပြီသကော ။ ။

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ ကိုရီးယား

No comments:

Post a Comment