Thursday 29 November 2012

လက်ပန်းတောင်းတောင်ကိစ္စ အဖွဲ့ချုပ်သေချာကိုင်တွယ်ဆောင်ရွက်မည်။


" ဒီ ကနေ့ မနက်လက်ပန်းတောင်းတောင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ကြားရတာတွေကတော့ လက်ခံနိုင်စရာမရှိဘူး။ မနက်ကလည်းဦးဝင်းတင်နဲ့ ဆွေးနွေးပြီးပြီ၊ အခု ဒေါ်အောင်ဆန်းစုကြည်အဲ့ဒီကိုရောက်သွားပြီ။ သ
ူသေသေချာချာ သွားကြည့်ပြီးတော့မှ၊ သူနဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်မှာပါ။
အခုလောလောဆယ်ဒါကိုရေးနေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မုံရွာရောက်နေပြီ၊ ကြိုဆိုသူပြည်သူ လူထုကသိပ်များနေလို့  သုံးနာရီခွဲလောက်မှ တည်း
ခိုမယ့်ရိပ်သာကိုရောက်ပါမယ်။ မူလ အစီအစဉ်အတိုင်း ဖြစ်ပျက်တဲ့မြို့ နယ်အတွင်းသို့ သွားပြီး၊ အခြေအနေအားလုံးလေ့လာပြီး၊ နောက်ပိုင်းမှာအဖွဲ့ ချုပ်သဘောထားကို ထုတ်ပြန်ပါမည်။ "
ဘဘဦးတင်ဦး(နာယက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)


" လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း နှင့်စပ်လျဉ်း၍မပြေမလည်ဖြစ်နေမှုကို သက်ဆိုင်သူအားလုံး ပါဝင်သည့် ညှိုနှိုင်းဆောင်ရွက်ခြင်းသာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ မည့်သည့်အကြမ်းဖက်ဆောင် ရွက်မှုကမှ ၄င်းကိစ္စကိုပြေလည်အောင်ဆောင်ရွက်နိုင်လိမ့်မည်ဟု မယုံကြည်ပါ။ "
ဦးဥာဏ်ဝင်း( အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့)


" မူရင်းပြဿနာက၊ မဟုတ်တာလုပ်ခဲ့တာကို၊ ဘယ်သူမှ တာဝန်မယူ၊ ၀န်လဲမခံ၊ ဘယ်သူ့ ကိုမှလဲ ဂရုမစိုက်တာပါ။ ဖြေရှင်းရမှာက ဗမာပြည်တွင်းက ပြဿနာပါ။"
ဦးဟံသာမြင့်(အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့)
Nld Central

No comments:

Post a Comment