Monday 12 November 2012

ပြည်သူ့ရဲတပ်ဖွဲ့အမှန်ဖြစ်စေဖို့



ပြည်သူကမွေး ပြည်သူကကျွေးပြီး
ပြည်သူကိုအလုပ်ကြွေးပြုနေတဲ
ပြည်သူ့တပ်မတော်

ပြည်သူ့ရဲတပ်ဖွဲ့များဟာ
အာဏာပိုင်တစ်ဦးတစ်ယောက်ရဲ့လုံခြုံရေးသာ
အကာကွယ်ပေးမှာ မဟုတ်တော့ဘဲ
အများအရေး ပြည်သူ့အရေးတွေကို
ဦးစားပေးဆောင်ရွက်ရမယ့်အချိန်ခါ
ရောက်လာပါပြီ….။

ရပ်ရွာအေးချမ်းပိပြားရေးနဲ့
တရားဥပဒေစိုးမိုးရေးကို
အရေးတယူဆောင်ရွက်တဲ့နေရာမှာ
ဥပဒေဘောင်အပြင်ဘက် မထွက်စေနဲ့
တရားမျက်နှာတစ်ခုထဲသာ ကြည့်ရပါမယ်။

တရားဥပဒေအထက်မှာ မည်သူမျှ
မရှိစေရ..ပြည်သူကစ သမ္မတအဆုံး
အာလုံးမသွေ ချမှတ်ထားတဲ့ဥပဒေကို
ရိုရိုသေသေ လေးလေးစားစား
လိုက်နာသွားရပါမယ်….။

တရားဥပဒေမှာ ငဲ့ညှာစရာ
မျက်နှာမရှိ အသိမရှိ အမျိုးမရှိ
ဘယ်သူငြိစွန်းရင် ဘယ်သူထိ
ဥပဒေရဲ့အရှိတရားကိုသတိပွားမ
အသိတရားတွေတိုးပွားလာမယ်
လူများများအသိပွားလေ
တိုင်းပြည်အေးချမ်းလေပါပဲ
ခေတ်အခြေနေ ပြောင်းတဲ့
ခေတ်ကောင်းအခါကိုလေ
ရောက်လာတော့မှာမသွေ…။

တက္ကသိုလ်ဘုန်းကြွယ်(နိုဝင်ဘာ ၁၁ ၁၂)
ဗီဒီယိုကြည့်ရန်

No comments:

Post a Comment