Wednesday 21 November 2012

သမ္မတ- အိုဗားမားရဲ့ မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ ကျနော့်အမြင်သုံးသပ်ချက်



အမေရိကန်သမ္မတ အိုဗားမား၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍ ကျနော့်အမြင်ကိုအနည်းငယ် သုံးသပ်တင်ပြလိုပါတယ်။

အမေရိကန်သမ္မတအိုဗားမား၏ ခရီးစဉ်သည်စောသေးတယ်ဟု လူ့အခွင့်ရေးအဖွဲ့အစည်းအချို့နှင့်  နိုင်ငံရေးလေ့လာသူအချို့ရဲ့ သုံးသပ်မှု
တွေဟာ ဘယ်လိုပေတံ- ဘယ်လိုစံနှုန်း စံထားကိုကြည့်ပြီးတိုင်းတာနေလဲဆိုတော့၊ သူတို့ဖြစ်ချင်တဲ့ စံနှုန်း- စံထားပေတံတွေနဲ့  တိုင်းတာ နေတာတွေ့ရှိရပါတယ်။ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုဖြစဉ်တွေ တော်တော်ပြုပြင်ပြောင်းလဲတိုးတက်မှ သွားသင့်သည်ဟု စောသေးသူများက သုံးသပ်လျှင်... သက်တမ်း ၄ နှစ်သာကျန်တော့သည့် အိုဗားမား မြန်မာပြည်သို့ရောက်နိုင်- မရောက်နိုင် ဘယ်သူမှ အတတ်ပြောလို့မရပါ။
လက်ရှိ- မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေ တိုးတက်မှုရှိမရှိ စံနှုန်း- စံထားတွေကိုတိုင်းတာတဲ့အခါ ( မဆလ ) ခေတ် ( နဝတ )

ခေတ် ( နအဖ ) ခေတ်က ဖြစ်ပျက်ခဲ့တာတွေနဲ့ တွေနဲ့ ရှင်ပြီး တိုးတက်မှုရှိမရှိဆိုတဲ့ ပေတံနဲ့တိုင်းထွာရပါ့မယ်။ ဘာကြောင့်လည်းဆိုတော့
လက်ရှိအစိုးရဟာ အရပ်သားစစ်စစ် အစိုးရတရပ်မဟုတ်သေးလို့ပါပဲ။  မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးဖြစ်စဉ်တွေကို နှစ်ပေါင်း
များစွာ ဒီမိုကရေစီကျင့်သုံးလာတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့စံနှုန်း- စံထားတွေနဲ့ကြည့်ပြီး ဝေဖန်သုံးသပ်လို့မရသေးပါဘူး။ လက်ရှိ- အစိုး
ရရဲ့ နိုင်ငံရေးဖြစ်စဉ်တွေဟာ အကယ်၍ တိုးတက်မှုမရှိရင် ၂၀၁၂ ခုနှစ်ကာလမှာ မြန်မာ့ဒီမိုကရေစီကို အစဉ်ထောက်ခံအားပေးလာတဲ့ နိုင်ငံတကာက ကမ္ဘာခေါင်းဆောင်တော်တော်များများဟာ မြန်မာပြည်ကိုလာစရာအကြောင်းကိစ္စမရှိသေးသလို၊ စီးပွါးရေးပိတ် ဆို့မှုတွေ
လည်း ဖြေလျော့ပေးမှာမဟုတ်သေးပါဘူး။ ဦးသိန်းစိန်အစိုးရမတိုင်မှီ ( နအဖ ) စစ်အစိုးရလက်ထက်မှာ မြန်မာ့ဒီမိုကရေစီအရေးကို  အစဉ်ထောက်ခံလာတဲ့ နိုင်ငံတကာအသိုင်းဝိုင်းဟာ ( နအဖ ) စစ်အစိုးရကိုနည်းလမ်းပေါင်းစုံအသုံးပြုချည်းကပ်ကာ ဖိအားပေးမှုတွေလုပ်ခဲ့သော်ညားလည်း တိုးတက်မှုမရှိပဲ မြန်မာပြည်မှာ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ဆိုးသထက်ဆိုးလာတာနဲ့ပဲ ပြည်သူတွေရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနိုင်ငံတွေဟာ နှစ်ပေါင်းများစွာချည်းကပ်မှု တွေပြုလုပ်လာပေမယ့် တရုတ်အားကိုး- ရုရှားအားကိုးနဲ့ မိုက်နေတဲ့ ( နအဖ ) စစ်အစိုးရကို မြန်မာ့ဒီမိုကရေစီအရေးကိုထောက်ခံလာတဲ့ နိုင်ငံတကာအသိုင်းဝိုင်းဟာလည်း စိတ်ပျက် အားလျှော့ကာစပြုလာပါတယ်။ ဒါကြောင့် မမျှော်လင့်ပဲ  ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရရှိတဲ့အခွင့်အရေးကိုလက်အလွှတ်မခံပဲ  ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေ အားကောင်းလာစေရန်၊ မြန်မာ့ဒီမိုကရေစီအရေးကိုထောက်ခံလာတဲ့နိုင်ငံတွေဟာ လက်ရှိအစိုးရနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ကာ ဖြေလျော့မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါဟာလည်း လက်တွေ့ဖြစ်စဉ်နဲ့ ကိုက်ညီမှုရှိတဲ့ ချည်းကပ်မှုပါပဲ။ ((( ကျနော်တို့တတွေသတိပြုရမှာက ကျနော်တို့မြန်မာနိုင်ငံရဲ့ ဒီမိုက ရေစီအရေးကို အစဉ်ထောက်ခံအားပေးကူညီလာတဲ့ နိုင်ငံတွေနဲ့ နွေးထွေးတဲ့ထိတွေ့ဆက်ဆံမှုရှိနေသမျှကာလပတ်လုံး တရုတ်အစိုး
ရရဲ့ သြဇာလွှမ်းမိုးမှုအောင်ကနေ အလိုလိုရုန်းထွက်ပြီးသား ဖြစ်သွားတယ်ဆိုတာကိုလည်း သတိချပ်ကြရမှာပါ ))) အိုဗားမားခရီးစဉ်မှာပြော သလို...ကာလကြာမြှင့်စွာ တစိမ်းတွေဖြစ်ခဲ့ကြတဲ့ကျနော်တို့ နိုင်ငံတွေဟာ အခုဆို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတွေဖြစ်စေမယ့် စကားတွေဆို နေကြပြီ နွေးထွေးတဲ့ဆက်ဆံမှုတွေ အစရှိလာပြီး၊ အပေးအယူတွေလုပ်ကာ စီးပွါးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ဖြေလျော့မှုတွေပြုလုပ်နေရင်း သံတမန်ဆက်ဆံမှုတွေတိုးမြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။ နောက်တခု ဒီနေရာမှာ လက်ရှိအစိုးရကိုကြည့်တဲ့အခါ ပြည်သူကရွေးချယ်တင်
မြှောက်ထားတဲ့ အရပ်သားအစိုးရတရပ်အနေနဲ့ သွားပြီးကြည့်လို့မရသေးပါဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဆင်ပြေချော မွေ့စေရန် အကောင်ထည်ဖော်ဆောင်ရွက်ပေးနေတဲ့ ကြားဖြတ်အစိုးရအသွင်မမည်တဲ့ ကြားခံကာလအစိုးရတစ်ရပ်အနေနပဲ့ ကြည့်ကြရပါ့
မယ်။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ဆောင်ပြီး အသွင်ကူးပြောင်းကာစပဲရှိသေးတဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရဆိုတာကိုလည်း မေ့မထားကြဖို့အရေးကြီးပါတယ်။  လက်ရှိ- အစိုးရကို အပေးအယူ- အလျော့အတင်းတွေလုပ်ပြီး နိုင်ငံရေးကို ဆော့ကစားသွားရပါ့မယ်။ ဒါကြောင့် လက်ရှိအိုဗားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အစကနဦးခရီးစဉ်ဖြစ်ပေမယ့် ခရီးစဉ်အစဟာ  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် များစွာအထောက်ကူဖြစ်စေမယ်လို့ ယုံကြည်လက်ခံထားပါတယ်။

၂- လက်ရှိ- ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအားကောင်းလာအောင်နဲ့ အခက်ခဲပဋိပက္ခတွေဘယ်လိုဘယ်လို ကျော်လွှားပြီး ချုပ်ငြိမ်းသွားအောင် ဘယ်လို
ဖိအားပေးမှုတွေလုပ်ပြီး၊ ဘယ်လိုပံ့ပိုးကူညီမှုတွေပြုလုပ်သွားရင်အကောင်းဆုံးဖြစ်မလဲဆိုတာ၊ ပြုပြင်ပြောင်းလဲရေးခရီးစဉ်မှာလိုက်ပါနေတဲ့ သူတွေက အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားကြရပါ့မယ်။  မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျမ္မာရေးအစရှိတဲ့ ပြောင်းလဲမှုတွေ အရှိန်အဟုန်ပိုပြီးကောင်းလာအောင် လုပ်နိုင်သူတွေက ဝိုင်းဝန်းလုပ်ဆောင် ကြိုးပမ်းသွားဖို့ပဲအရေးကြီးပါတယ်။ ဒီအချိန်မှာ ဖြစ်ချင်တာကို လျှောက်ပြောနေလို့မရသေးပါဘူး။ ဖြစ်ချင်တာတွေကိုလည်း အများကြီးမျှော်လင့်ထားလို့မရသေးပါဘူး။ လက်ရှိ- အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေပိုမိုအားကောင်းလာအောင်  စိတ်ရင်းစေတနာကောင်းနဲ့ လုပ်နေသူတွေကိုလည်း အစိုးရကိုထောက်ခံနေတယ်လို့ မမြင်စေ
လိုပါ။ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းကျင်းဟာ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ရမယ့် နိုင်ငံရေးအခင်းကျင်းဆိုတာကို ပြည်တွင်း/ပ ဒီမို
ကရေစီအသိုင်းဝိုင်းအများနှင့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံလာတဲ့ ကမ္ဘာ့ခေါင်းဆောင်အများဟာ လက်ခံထားပါတယ်။
နိုင်ငံတစ်နိုင်ငံက နိုင်ငံတစ်နိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်တွေ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်
တွေ အစရှိတဲ့ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ချည်းကပ်တဲ့နေရာမှာ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ချည်းကပ်မှုတွေပြုလုပ်တာကို တွေ့မြင်ရပါ
လိမ့်မယ်။ ဥပမာ ။  ။ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖောက်ဖျက်နေတဲ့အစိုးရတွေကို နိုင်ငံတကာအသိုင်းဝိုင်းက ပြင်း
ထန်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေလုပ်ပြီး လိုအပ်ရင် စစ်ရေးအရဝင်ရောက်စွတ်ဖက်မှုတွေလုပ်ကြပါတယ်။ အထူးသဖြင့်သံတမန်နည်းလမ်းအရ ဖိ
အားပေးမှုတွေနဲ့သာ ဖြေရှင်းလုပ်ဆောင်နေတာတွေများပြီး၊ လူသားပေါင်းမြောက်များစွာသေကြေပျက်ဆီးမှ ( ဒါမှမဟုတ် ) သူတို့ရဲ့ အမျိုး
သားလုံခြုံရေး၊ သူတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါးရေးကို ခြိမ်းခြောက်အန္တရာယ်ပြုတော့မှသာလျှင် စစ်ရေးအရခြိမ်းခြောက်မှုတွေနဲ့ စစ်ရေး
အရဝင်ရောက်စွတ်ဖက်မှုတွေပြုလုပ်တတ် ကြပါတယ်။ အရပ်သားပဲ့ကိုင်တဲ့ ဘယ်နိုင်ငံမဆို မိမိနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုး
စီးပွါးရေးကိုပဲ ကြည့်ကြပါတယ်။ ဒါကြောင့် အိုဗားမားရဲ့ မြန်မာပြည်ခရီးစဉ်အပေါ်မှာ  အများကြီးမျှော်လင့်ထားလို့မရပါဘူး။ ဘာကြောင့်လည်း
ဆိုရင် အိုဗားမားဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးကို ထဲထဲဝင်ရောက် လုပ်ဆောင်နေသူတစ်ဦးမဟုတ်ပါ။ မြန်မာ့ဒီမိုကရေ
စီအသွင်ကူးပြောင်းလဲရေးကာလမှာ ပြောင်းလဲမှုတွေမြန်ဆန်ဖို့အတွက် အထောက်အကူကောင်းကောင်းပြုနိုင်တဲ့ မဟာမိတ်ကောင်း မိတ်ဆွေ နိုင်ငံလို့ပဲ အိုဗားမားအစိုးရကို သတ်မှတ်ရပါလိမ့်မယ်။ သမ္မတ- အိုဗားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ နှစ်နိုင်ငံရေရှည် အကျိုးစီးပွါးရေးကိုရှေးရှုပြီးလာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အမေရိကန်အစိုးတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ထောက်
ခံပံ့ပိုးကူညီအားပေးခဲ့တာဟာ နှစ်နိုင်ငံရေရှည်ချစ်ကြည်ရေးနဲ့ ရေရည်အကျိုးးစီးပွါးရေးကို မျှော်ကိုးရှေးရှုတယ်လို့ ဆိုရမယ့်အပြင်...ပထဝီ
အနေအထားအရလည်း အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ စစ်ရေးနဲ့ စီးပွါးရေးအရပါ အချက်အခြာကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေလို့ပါပဲ။
အသွင်ကူးပြောင်းစဲကာလမှာ ကျိုးတူစီပွါးရေးကို အမေရိကန်နိုင်ငံအပြင်- အခြားနိုင်ငံတွေနဲ့ လုပ်ဆောင်တဲ့အခါ ဘယ်လိုကျိုးတူစီးပွါးရေး
တွေဟာ နိုင်ငံနဲ့ လူမျိုးတွေအတွက် အကျိုးဖြစ်ထွန်းပြီး သဟဇာတဖြစ်မလဲဆိုတာကို မြန်မာ့အရေးကိုဦးဆောင်နေတဲ့ ခေါင်းဆောင်များက အလေးပေးစဉ်းစားကြရပါမယ်။

၃- အခုဆိုရင် အိုဗားမားအစိုးရဟာ  မြန်မာနိုင်ငံရေးကို ပြုပြင်ပြောင်းလဲမှုအစပဲရှိသေးတဲ့ နိုင်ငံလို့ပဲသတ်မှတ်ထားပါသေးတယ်။ အဲဒီပြုပြင်
ပြောင်းလဲမှုအစပဲရှိသေးတဲ့ မြန်မာနိုင်ငံကို လက်ရှိ- အိုဗားမားအစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာအောင် အပေးယူ- အလျှော့
အတင်းတွေလုပ်တဲ့ ပုံသဏ္ဍန်နဲ့ ချည်းကပ်နေပါတယ်။ ပြောင်းလဲမှုဖြစ်စဉ်တွေ တိုးတက်လာတာနဲ့အညီ တုန့်ပြန်သွားမယ့် အိုဗားမားရဲ့ အစိုးရ
ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းသိပြီးဖြစ်တဲ့အတွက်၊ လက်ရှိ- အစိုးရအနေနဲ့ ပြည်သူနဲ့လက်တွဲပြီး ရှေ့သို့ချီတက်ရန်ပဲ ရှိပါတော့တယ်။  ပြောင်းလဲမှုတွေတိုးတက်ဖြစ်ပေါ်စေဖို့ ဆီပေး- ဆန်ပေးဆိုတဲ့ အပေးယူသဏ္ဍန်ဟာ အာဏာရှင်လက်အောက်က လုံးလုံးမကျွတ်လွတ်သေး
တဲ့ နိုင်ငံတွေမှာပဲကျင့်သုံးလို့ရပါတယ်။ တချို့က ပြောင်းလဲမှုဖြစ်စဉ်တွေကိုကြည့်ပြီး အားမလိုအားမရမှုတွေ ရှိနေပေမယ့်....အကယ်၍ ဒီ
ပြောင်းလဲမှုဟာ စေတနာအမှန်နဲ့ တကယ်ပြောင်းလဲမှုမှန်ရင် သွေးထွက်သံယိုမှုနည်းစေတာကတော့ အမှန်ပါပဲ..။ နိဂုန်းချုပ်အနေနဲ့ ပြောရ
ရင်....သမ္မတ- အိုဗားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ပိုမိုအားကောင်းလာစေရေးအတွက် များစွာအထောက်ကူပြုစေမယ့် ခရီးစဉ်ဖြစ်တဲ့အတွက်ကြောင့် သမ္မတ- ဒုတိယအကြိမ်သက်တမ်းမှာ ပထမဆုံးခရီးစဉ်အဖြစ် အိုဗားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ သမိုင်းဝင်ခရီးစဉ်ဖြစ်တယ်ဆိုတဲ့အကြောင်း ကျနော့်အမြင်အားသုံးသပ်လိုက်ပါသည်။

( ကိုဗလိုင် )

by Ko Baloi on Wednesday, November 21, 2012 at 11:10am ·

No comments:

Post a Comment