Wednesday, 24 October 2012

စုမေမေ သို့ တမ်းတခြင်းများ

စုမေမေ သို့ တမ်းတခြင်းများ
******************

ဖိုးလမင်းကလဲ သူ့အဆင်းနဲ့အလင်းနဲ့ ဘဲ
ကြယ်တာရာကလဲ မှေးမှိန်နေရှာတဲ့ရောင်ဝါနဲ့၊
လောကကြီးမှာ အဖြေညှိပြရရင်
အာဒံနဲ့ ဧ၀ ဘယ်ဒင်းကစခဲ့တာလဲ
ဒိုင်ယာလော့ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ဆိုတာရှိတယ်…။

ဇဝေဇ၀ါ  ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ဆိုလောကမှာရှိနေသေးတယ်။

ပြည်သူတွေအတွက် ချစ်သဒ္ဓါ ဝေကဲ
ရှေ့ ဆောင်လမ်းပြနေတာလည်း အမေဘဲ။
အတိုးတွေယူပြီး ၀မ်းတစ်ထွာအတွက်
ခေါင်းပေါ်မှာ မုန့် လင်မယားရောင်းတဲ့
ဈေးသည်လည်း  အမေပါဘဲ။

ဇာတ်ကြောင်းမလှလို့ 
အကြောင်းတရား အခြေမွဲ
တောင်းစားသူဆို ..အို 
သူတောင်းစား အမေလည်း အမေ။

ကလေးကလားတွေ ကြီးထွားစေရော့လို့
ဥစ္စာ ကျောက်မြက်ပုလဲ အထွေထွေ
စိန် ရွှေ ပတ္တမြား ဇိမ်ခံကားနဲ့ 
အိမ် မြေ ငွေသား မကျန်
အမွေပေးနိုင်မှ ဒါဟာ အမေ မဟုတ်။

ရိတိတိ လွှတ်တော်မှာ
ပညာတွေ အကြိမ်ကြိမ်ပြ
စေတနာတွေ ဗလပွနဲ့ 
လုပ်စားခံနေရတာ
ဘယ်သူ့ အတွက် လဲ။

မိုးမပြို ပြိုခဲ့သည်ရှိသော်
အတွေးမချော်
မြောင်းထဲမရောက်အောင်
ဆုပ်လည်းစူး စားလဲရူးမယ့်
အားလုံးဘဝ
ရှေ့ ဆောင်လမ်းပြ
ပါးပါးလေးနဲ့ ဝင်ပူးသတ်နေတာလဲ
ဘယ်အမေရှိသေးလို့ တုန်း။

ချိနဲ့နဲ့ တဲအတွင်းမှာ
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့တာ
ထမင်းရည်ပူတူတူသောက်
ဆန်မရှိဘဲအစားမကြီး
ဝမရှိဘဲ ၀ိမလုပ်
အလုပ်ကို အကြွေးမထား
စနစ်ဆိုးကိုအံတု မာန်ပြုပြီး
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ ဗလာနတ်ထိ
အခြေအနေကို တွန်းလှန်ခဲ့
အထွေထွေမဲ့သော်လည်း

နောက်ဆုံးတော့
အမေ ဟာ အမေ ပဲလေ… ။ ။
ကိုထွန်းဝေ
24.10.2012။

No comments:

Post a Comment