Wednesday, 24 October 2012

မွေးရာပါတာဝန်




လမင်းကလဲ သူ့အဆင်းနဲ့အလင်းနဲ့၊
ကြယ်တာရာကလဲ မှေးမှိန်နေရှာတဲ့ရောင်ဝါနဲ့၊
ပန်းမာလာကလဲ ပွင့်လွှာဝင်းဖန့် ဆင်းရနံ့နဲ့၊
စမ်းချောင်းရေလဲ စီးဆင်းနေတဲ့ ရေစီးနဲ့၊
လောကကြီးကိုမသွေ ကျရာနေရာကနေ
တာဝန်ကျေကြပေ…။
အကျွန်ုပ်တို့လူသားတတွေလဲ
ကိုယ့်မွေးရာမြေ ကိုယ့်တိုင်းပြေ(ပြည်)မညှို
ကိုယ်လူမျိုး၊ဘာသာ၊သာသနာအကျိုးကို
သယ်ပိုးလို့နေ တာဝန်ကျေပါ၏လော
စောကြောအခါခါ ဝေဖန်ကြပါကုန်…။

တက္ကသိုလ်ဘုန်းကြွယ်(၁၀-၂၃ ၂၀၁၂)

No comments:

Post a Comment