Thursday, 1 November 2012

ကားပြိုင်မောင်းသူများ ၀ိုင်းရိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး


ဒီလို အရင်‌ခေတ်က လမ်းဘေးလူမိုက် အဆင့်သာသာရှိတဲ့ မိုက်ရိုင်းရမ်းကားသူတွေရဲ့ နောက်မှာ ဘယ်သူတွေရှိသလဲဆိုတာ ပြတ်ပြတ်သားသား ဖော်ထုတ်သင့်ပါတယ်..။

အဲဒီကားတွေ ဘယ်အိမ်က ထွက်လာတာလဲ....။

ဘယ်သူတွေ ပိုင်ဆိုင်တာလဲ...။

ဘယ်သူတွေ မောင်းတွေတာလဲ....။

မေးခွန်းတွေက အများကြီပါ...။

အဲဒီလောက် (၁၅) မိနစ်လောက် ၀ိုင်းထိုးကြိတ်ကန်ကျောက်နေကြတာကို ကူညီပါရစေဆိုတဲ့ ဘယ်သူ ကမှ ၀င်ရောက်တားမြစ်ခြင်းမရှိတာ အံ့သြစရာပါ..။

......... အိမ်တွေကိုတော့ ထောင်ဖမ်းတာ.. ကျွမ်းကျင်ပါ့ဗျား..။ ဒါမျိုးကျတော့ အချိန်မီ ရောက်မလာပါ..။ နှင်းဆီကုန်းဆိုတာ ရွှေဂုံတိုင်နဲ့ နီးနီးလေးပါ..။ မြို့လည်လမ်းမကြီးမှာ အဲဒီလိုကားအုပ်စုတွေ ဒီလောက် တရကြမ်းမောင်နေတာ ဘယ်ရဲမှ မတွေ့ဘူး မမြင်ဘူး ဆိုတာတော့ မဖြစ်နိုင်ပါ။

ဖမ်းဆီးရမိတော့လည်း ဘယ်သူဘယ်ဝါ၊ ဘယ်မှာနေတယ်ဆိုတာ.. ပွင့်လင်းမြင်သာစွာ တရားဝင် ကြေညာထုတ်ပြန်ခြင်းမရှိတာကလည်း သံသယ၀င်စရာပါ...။

(ခုလောက်ဆိုရင်တော့ လူစားထိုးပြီးသွားလောက်ပါပြီ)

အဲဒီလိုကိစ္စတွေကို လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေးကော်မတီ က က ကိုယ်တွယ်ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်..။

ဥပဒေအထက်မှာ ရှိနေတဲ့လူတွေကို အရေးယူဖို့ ရဲနဲ့ တရားရုံးက သုံးစားလို့ ရမယ်မထင်ပါ.။
ငရဲသား

No comments:

Post a Comment