Thursday, 1 November 2012

West Virginia ပြည်နယ်က စန္ဒီမုန်တိုင်း နှင့် သမ္မတရဲ့ အကြင်နာတရား



 သမ္မတ အိုဘားမား ကိုယ်တိုင်လေ့လာဖို့ သွားရောက်နေတဲ့ နယူးဂျာစီပြည်နယ် ကမ်းခြေက အပျက်အစီးတချို့ကို ဝေဟင်က မြင်ရတဲ့ပုံ ဖြစ်ပါတယ်။ အောက်တိုဘာလ ၃၁ ၇က်နေ့က ရှာဖွေကယ်ဆယ်ရေး လုပ်နေစဉ် အမေရိကန် လေတပ်က ရိုက်ကူးထားတဲ့ ပုံပါ။
ဒီကနေ့မှာ နယူးဂျာစီကို သွားရောက်လေ့လာခဲ့တဲ့ သမ္မတ အိုဘားမားနဲ့ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ် ခရစ်တီတို့ကို မီဒီယာတွေက အတော့ကို အာရုံထားဖော်ပြခဲ့ကြပါတယ်။

အထူးသဖြင့် ရွေးကောက်ပွဲစဖို့ ၆ ရက်ပဲ ကျန်တဲ့အချိန်မှာ မတူတဲ့ ပါတီ ၂ ခုက ဘယ်လို ပူးတွဲလုပ်ဆောင်ကြသလဲ။ ရွမ်နီရဲ့ မဲဆွယ်ပွဲမှာ သမ္မတ အိုဘားမားကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သူ ခရစ်တီက သမ္မတအိုဘားမားရဲ့ ကိုယ်တိုင်ကိုယ်ကျ စိတ်အားထက်သန်စွ
ာ ဦးဆောင်ကူညီဆောင်ရွက်ခဲ့တာကို ကျေးဇူးတင်လို့ မဆုံးနိုင်ကြောင်း အပျက်အစီးတွေကိုလှည့်လည်ကြည့်ရင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

သမ္မတကလည်း ခရစ်တီရဲ့ နယူးဂျာစီပြည်နယ်အတွင်း မုန်တိုင်းကာလ ကယ်ဆယ်ရေးမှာ ဦးဆောင်မှုအပေါ် အထူးချီးကျူးပြောဆိုခဲ့ပါတယ်။

မကြာသေးခင်ကပဲ ပါတီမဲဆွယ်ပွဲမှာ အပြန်အလှန်တိုက်ခိုက်ခဲ့ကြသူတွေ တိုင်းပြည်ရဲ့ အရေးပေါ် အခြေအနေမှာ ပါတီ၂ ခုက ပုဂ္ဂိုလ်တွေ နိုင်ငံရေးအမြင်တွေကို ဘေးဖယ်ထားပြီး တက်ညီလက်ညီ လုပ်ကိုင်နေကြတာကတော့ အားလုံးက ထောပနာပြုရတဲ့ မြင်ကွင်းပါပဲ။

နယူးယောက်မှာ ဘတ်စ်ကားတွေပြန်ပြေးဆွဲပေမဲ့ မလုံလောက်သေးပါဘူး။ နယူးယောက် မန်ဟက်တန်နဲ့ ဘရွတ်ကလင်းကို ကူးသန်းဖို့ ကားမစောင့်နိုင်တော့တဲ့သူတွေ အများအပြားပဲ ဒီ ဘရွတ်ကလင်းတံတားကို ခြေလျင်ပဲ ဖြတ်လျှောက်ကြပါတယ်။ တံတား အရှည်က ပေ ၆ ထောင်နီးပါး ရှိပါတယ်။ နယူးယောက်ရဲ့ အမှတ်အသားတခုအဖြစ် သတ်မှတ်ခံရတဲ့ တံတားလည်း ဖြစ်ပါတယ်။

ဒါကတော့ West Virginia ပြည်နယ်က စန္ဒီမုန်တိုင်းရဲ့ ရိုက်ခတ်မှုပါ။ တောင်တန်းထူထပ်တဲ့ ပြည်နယ်မှာ နှင်းထု ၃ ပေအထိကျခဲ့ပြီး သစ်ပင်တွေပြိုလဲခဲ့တဲ့အတွက် ရီပတ်ပလီကင်ပါတီက ကိုယ်စားလှယ်လောင်း တဦး သေဆုံးခဲ့ပါတယ်။ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ဒီကနေ့အထိ စုစုပေါင်း လူ ၅ ဦး မုန်တိုင်းကြောင့် သေဆုံးခဲ့ရပါတယ်။
စန္ဒီမုန်တိုင်းကြောင့်မီးလောင်ပြီး အိမ်ပေါင်း ၁၀၀ လောက် ပျက်ဆီးသွားတဲ့ နယူးယောက် ကွင်းစ်က မီးလောင်ပြင်ကို ဒီကနေ့ တွေ့ရတဲ့ပုံပါ။
မှကူးယူဖော်ပြပါတယ်။
 
 

No comments:

Post a Comment