Wednesday, 12 September 2012

လစ်ဗျားတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံး

လစ်ဗျားတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံး

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော သူပုန်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေ

ဆုံးခဲ့ခြင်း ဖြစ်သည်။
သူပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း BBC ကဆိုသည်။ အမေရိကန်အစိုးရကမူ သံအမတ်သေဆုံးသည့် သတင်းနှင့်ပတ်သက်၍ ယခုအချိန် အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိသေးချေ။
























No comments:

Post a Comment