ကြေးနီစီမံကိန်းအတွက် လယ်ဧက၇၈၀၀သိမ်းဆည်းခံရသဖြင့် ဆန္ဒပြမှုဖြစ်ပွား
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်ပတ်သက်ပြီး သိမ်းဆည်းခံခဲ့ရသော
လယ်ဧက ၇၈၀၀အတွက် ဒေသခံ (၂၂)ရွာမှ ရွာသူရွာသားများသည် ၄င်းတို့
ပိုင်ဆိုင်သော လယ်မြေများ ပြန်လည် ရရှိရန် ဆန္ဒဖေါ်ထုတ်မှုများ သြဂုတ်လ
တတိယပတ်တွင် နေစဉ်ဆိုသလို ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရသည်။
သြဂုတ်လ (၂၄)ရက်နေ့က ရွာသားများသည် ၄င်းတို့ပိုင်ဆိုင်သော
မြေယာများအပေါ်တွင် "ကျေးရွာပိုင်မြေများ မည်သူမျှ လုံးဝမကျူးကျော်ရ"
ဆိုင်းဘုတ်စိုက်ထူရန် သွားရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၄၀၀)ခန့်က ဒိုင်းများ
ရာဘာတုတ်များဖြင့် ခြောက်လှန့် လူစုခွဲခဲ့ကြောင်း သိရသည်။
eleven media group
No comments:
Post a Comment