ယမုံဖူးသစ်
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)
အရေးပေါ်လူနာတစ်ဦးကို၊ဆေးရုံသို့ပို့ရန်၊ကြက်ခြေနီအဖွဲ့ဝင်များ
က၊ပြင်ဆင်နေစဉ်။
ဓာတ်ပုံ-ကြက်ခြေနီအသင်း
"အရေးပေါ်ဆေးရုံကိုပို့ဆောင်ပေးရတဲ့ လူနာတွေမှာ ပြီးခဲ့တဲ့ အခြေ အနေတွေမှာတော့ ထိမိခိုက်မိတဲ့သူတွေရှိတယ်။ အခုနောက်ပိုင်းမှာ ၀မ်းလျှောဝမ်းပျက် ဖြစ်သူတွေ၊ မွေးလူနာတွေနဲ့ ခွဲစိတ်ကုသ မှုလုပ်ဖို့ လိုတဲ့သူတွေကို ပို့ဆောင်ပေးရပါ တယ်"ဟု ၎င်းက ပြောသည်။
အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်သည့် လူနာများကို စစ်တွေ မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးပြီး လက်ရှိအချိန်အထိ အရေးပေါ်လူနာ ၆၉ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု သိရသည်။ စစ်တွေမြို့ပေါ်၌ ပြည်နယ်အစိုးရ အဖွဲ့မှ တည်ထောင်ပေးထားသော စခန်းသုံးခု၊ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်းနှင့် စစ်တွေမြို့အနီးတစ်ဝိုက်ရှိ စခန်းကိုးခုတွင် လူနာသယ်ယူပို့ဆောင် ရေးနှင့် အခြေခံကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ စခန်း များ၌ ပျမ်းမျှလူဦးရေ ၁၀ယ၀၀၀ ၀န်းကျင် ခန့်နှင့် စစ်တွေမြို့အနီးရှိ စခန်းများမှာ ဘင်္ဂါလီ လူမျိုးစခန်းများဖြစ်ပြီး ပျမ်းမျှ လူဦးရေ ၅၀ယ၀၀၀ ခန့်ရှိသည်ဟု သိရ သည်။ ရခိုင်ပြည်နယ် ဘေးသင့်ပြည်သူစခန်း များ၌ အဓိက ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာမှာ တစ်ကိုယ်ရေ နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိခြင်း ကြောင့် ဖြစ်ပွားသော ၀မ်းပျက် ၀မ်းလျှော ကဲ့သို့သော ရောဂါများ ဖြစ်သည်ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။
"အဓိကကတော့ တစ်ကိုယ်ရေ သန့် ရှင်းမှုနဲ့ပတ်သက်လို့ သိရှိမှုနည်းပါးနေပါ တယ်။ ဒါကြောင့် ပညာပေးမှုတွေကိုလည်း ဆောင်ရွက် နေပါတယ်" ဟု ၎င်းက ပြောသည်။ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပြင် စခန်းများ၌ သောက် သုံးရေနှင့် အိမ်သာ များတွင် ပိုးသတ်ဆေး ဖျန်းပေးခြင်း၊ ဆပ်ပြာခဲနှင့် ဓာတ်ဆား များ ဖြန့်ဝေပေးခြင်း၊ ရေသန့် ဖြန့်ဝေပေး ခြင်းလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင် ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ စတင် ဖြစ်ပေါ်ချိန်မှစ၍ မြန်မာနိုင်ငံ ကြက်ခြေ နီအသင်းမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်း စဉ်များတွင် ယနေ့အချိန်အထိ အသင်းမှ ရှေးဦးပြုစုပေးသူ ၅ယ၀၀၀ ကျော်၊ စိတ်ပိုင်း ဆိုင်ရာ အားပေးမြှင့်တင်ခြင်းတွင် ဒုက္ခ သည် ၄ယ၀၀၀ ကျော်နှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
http://www.myanmar.mmtimes.com/2012/news/583/news16.html
No comments:
Post a Comment