Saturday, 25 August 2012

လွှတ်တော်ဥက္ကဌ ၏ သဘောထားကို သိချင်


by Daw Sandar Min (Shwee) on Friday, August 24, 2012 at 5:05pm ·
ယနေ့တွင် အရေးကြီး အဆိုတစ်ခုကို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်
မတီ ၏ ကော်မတီအဖွဲ့ဝင်တစ်ဦးမှ မေးမြန်းချက်မှာ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ်တွင် အချိန်
ဆွဲပြီး သည်းခံစောင့်ဆိုင်းခဲ့သော်လဲ ပြည်သူ့လွှတ်ဥက္ကဌ မှ ငှင်းကိစအား လျှစ်လျှူရှုထားခဲ့ပါသလား...???

ပြည်သူ့လွှတ်တော်ဥက္ကဌကြီး အပေါ်မှာ လွှမ်းမိုးထားသော အဖွဲ့အစည်း၊ လူပုဂိုလ်၊ တစ်ဦးတစ်ယောက် ရှိပါသ
လား...???  ဟုမေးခဲ့ပါတယ်...

ငှင်းမေးခွန်း၏ အဖြေနှင့် ပတ်သတ်ပြီး ဥက္ကဌ အနေဖြင့် အလွန်စိတ်မကောင်းကြောင်း ဖြေကြားခဲ့ပါသည်...

ငှင်းအပြင် ငှင်းအပေါ်မှာ လွှမ်းမိုးသော လူပုဂိုလ်၊ အဖွဲ့အစည်း မရှိကြောင်း ဖြေဆိုပါသည်... ယနေ့တွင် အမျိုး
သားလွှတ်တော်မှ ငှင်းကိစအတွက် စုစုပေါင်း ၁၆၂ ဦးမှ လက်မှတ်ရေးထိုးပြီး အရေးကြီးအဆို အဖြစ် တင်သွင်း
လိုက်ပါသည်...

သို့သော် အမျိုးသားလွှတ်တော်ဘက်မှ တပ်မတော်သားကိုယ်စားလှယ်များမှလွဲပြီး ကျန် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်အားလုံးမှ ထောက်ခံခဲ့ပါသည်...

ပြည်သူ့လွှတ်တော်ဥက္ကဌ မှလဲ ငှင်းအဆို နှင့် ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်၏ အလှည့်ရောက်မှ ဆောင်ရွက်
စရာရှိသည်များ ဆက်လက်ဆောင်ရွက်ကြပါဟု ပြောကြားသွားပါသည်...

ငှင်းအဆိုနှင့် ပတ်သတ်ပြီး တင်္နလာနေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တစ်နေကုန် ကျင်းပရန် ရှိပါသည်...
ဓါတ်ပုံ ကိုမောပြေ

No comments:

Post a Comment