by Phota Yoke on Sunday, August 26, 2012 at 10:29pm ·
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ယခုဆောင်းပါးကို စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
အပိုင်း (၁) ကို
https://www.facebook.com/notes/phota-yoke/%E1%80%98%E1%80%82%E1%81%A4%E1%80%9C%E1%80%AE%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%9C%E1%80%AC%E1%80%B8-%E1%80%9C%E1%80%B0%E1%82%94%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81/4478351718254
မှာ သွားရောက် လေ့လာ ဖတ်ရှုနိုင်ပါတယ်။ ပြန်လည် လေ့လာဖတ်ရှုဖို့လည်း တိုက်တွန်းလိုပါတယ်။
မီဒီယာတွေအကြောင်း ဆက်လက်တင်ပြပါမယ်။ ပြည်ပအခြေစိုက်မီဒီယာတွေ အထူးသဖြင့် ဘီဘီစီ အာအက်ဖ်အေ ဒီဗွီဘီ ဗွီအိုအေသတင်းဌာနတွေမှာ မြန်မာပိုင်းဌာနတွေရှိသလို ဌာနမှူးတွေ အစီအစဉ်ကြေညာနေသူတွေကလည်း မြန်မာတွေပါ။ ဒီမိုကရေစီအရေး အော်နေကြတုန်း အချိန်ကတော့ ဦးတည်ရာတူနေတော့ သူတို့က ကယ်တင်ရှင်တပါးလို ထင်နေအားကိုးနေမိကြတာပါ။ တကယ့်တကယ် ဒီမိုကရေစီလမ်းကြောင်းကိုဦးတည်လာပြီဆိုမှ သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ မူလဇာတိကို မြန်မာပြည်သူလူထုက သိမြင်လိုက်ရတာပါ။ ယခုလို ဘာသာရေး လူ့အခွင့်အရေးမဟုတ်တဲ့ ဘင်္ဂလီအရေးကိစ္စကို ပုံကြီးချဲ့လုပ်ကြံနေကြမှ ကျောချမှဓါးမြမှန်းသိကုန်ကြရပါတယ်။ ဘီဘီစီ ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံမြေပုံဖေါ်ပြပြီး တိုင်းရင်းသားရခိုင်များရဲ့ နေထိုင်ရာဒေသမှာ ဘင်္ဂလီတွေပုံ (ပုံတောင်မှဗလီတက်နေတဲ့ပုံပါ) ကို ရွေးချယ်ထည့်သွင်းပြီး အသံလွှင့်ဖို့ဟာ အစီအစဉ် မစတင်ခင်ကတည်းက သိမြင်ကြမှာပါ။ ဒီဒေသမှာ ရခိုင်လူမျိုးဒေသခံတွေ နေထိုင်ကြတယ်ဆိုတာလည်း မြန်မာတယောက်အနေနဲ့မသိဘူးဆိုတာကို မဟုတ်တာစားပြီး ပြောတာတောင်မှ ယုံနိုင်စရာအကြောင်းမရှိပါဘူး။ အသံလွှင့်ပေါ်လစီကို လွှဲချလို့မရပါဘူး။ ဒါက ကြိုတင်ညှိနှိုင်းကန့်ကွက်သင့်တဲ့ကိစ္စပါ။ ထမင်းတလုတ်အတွက် နိုင်ငံတော်ကို သစ္စာမဖေါက်သင့်ဘူး။ သမာအာဇီဝနဲ့ ရိုးသားစွာ လုပ်ကိုင်စားသောက်လို့ရပါတယ်။ ပြင်ပကမာ့္ဘမီဒီယာတွေမှာ ဓါတ်ပုံအမှားတွေနဲ့ ပုံမှားရိုက်ပြီး မူဆလင်ဘာသာရေး လူ့အခွင့်အရေးခေါင်းစဉ်တွေပြောင်းပြီး အော်ဟစ်နေကြတာကိုလည်း မြန်မာမီဒီယာသမားတွေအားလုံး သိနားလည်ကြပါတယ်။
သို့ပါလျက် အဆိုပါ မြန်မာဝန်ထမ်းတွေဟာ ဘာကြောင့် ကမ္ဘာကြီးလုံးတယ်ဆိုတာကို ပြားပါတယ်ဆိုတဲ့ဘက်က တွင်တွင်အော်ဟစ်နေကြရတာလည်း။ တာဝန်အရပေါ်လစီအရ မတတ်သာလို့ ဆိုရအောင်ကလည်း ဘီဘီစီဆိုရင် ပုတ်ခတ်စော်ကားပြောဆိုမူတွေဟာ ကိုယ်ကျင့်တရားကို တန်ပြန်ထိခိုက်မူရှိမရှိ ဆိုတဲ့ ခေါင်းစဉ်ထုတ်ပြီး တန်ပြန်လိုက်တာတွေ့ရပါတယ်။ ထိုင်းသတင်းစာကြီးကတောင် သမ္မတ ဦးသိန်းစိန်ကို အဲ့ဒီ အရေးအခင်းနဲ့ စပ်လျဉ်းပြီး ဝေဖန်တိုက်ခိုက် ပြောဆိုလာပါတယ်။ ဒီလိုဆိုရင် ထိုင်းနိုင်ငံ ဖြစ်စဉ် တစ်ခုမှာ လှေစီးပြီး ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ရောက်လာတဲ့ဘင်္ဂလီတွေကို ရေစပ်မှာမှောက်ခိုင်းထားပြီး စိစစ်နေပုံတွေ လှေရဲ့အင်ဂျင်စက်ကိုဖြုတ်ပြီး ပင်လယ်ထဲကို ပြန်ကန်ထုတ်လိုက်တဲ့သတင်းတွေနဲ့ မိမိနိုင်ငံတောင်ပိုင်းက မူဆလင်အရေးအခင်းတွေကို ဘယ်လိုနှိပ်ကွပ်ခဲ့တယ်ဆိုတာကို အရင် ပြန်ကြည့်ဖို့ တိုက်တွန်းရပါလိမ့်မယ်။
ဒါတောင်မှ အဲဒီတောင်ပိုင်းမူဆလင်တွေပြဿနာနဲ့ ရခိုင်နယ်စပ်က ခိုးဝင်လာပြီး မီးရှို့မုဒိန်းကျင့်လူသတ်နေတဲ့ ဘင်္ဂလီတွေရဲ့ပြဿနာ လုံးဝမတူပါဘူး။ အာအက်ဖ်အေဆိုရင် ရိုဟင်ဂျာလို့ တွင်တွင်အော်နေခဲ့ရာက ရိုဟင်ဂျာနဲ့ဘင်္ဂလီဆိုတဲ့ စကားလုံးကို မသုံးတော့ပဲ မူဆလင် မူဆလင်တွေဆိုတဲ့အလုံးကြီးကို ပါးစပ်ကမချတမ်းပြောင်းအော်ပေးခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခန်းတခုမှာ ရန်ကုန်ပြည်မက မူဆလင်ခေါင်းဆောင်တချို့နဲ့ ရခိုင်ခေါင်းဆောင်တချို့ကို မေးမြန်းအင်တာဗျူးခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ ခေါင်းစဉ်လွှဲပြီး ဘင်္ဂလီအရေးလို့မမြင်ပဲ မူဆလင်နဲ့ရခိုင်အရေးလို သဘောထားတယ်ဆိုတာ ဖေါ်ပြသွားတာပါ။ ပြည်မက မူဆလင်ဘာသာဝင်တွေဟာ ဘင်္ဂလီလူမျိုးရေးနဲ့ ကိုးကွယ်ရာဘာသာတူတာကလွဲပြီး ဘာမှမပါတ်သက်ပါဘူး။ ဘာပဲပြောပြော သူတို့ကတော့ ဆက်လက်ပြီးလည်း အော်နေကြဦးမှာပါပဲ။ မြန်မာတိုင်းရင်းသားတွေ ပြည်သူပြည်သားတွေထက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို အလိုချင်ဆုံးသူတွေဟာ ဘင်္ဂလီတွေနဲ့ လိင်တူချစ်သူတွေ ( မွေးရာပါလိင်စိတ်အပြောင်းအလဲရှိသူ မိန်းမဆန်သူ ယောက်ကျားဆန်သူများကို ဆိုလိုတာမဟုတ်ပါ။ မတူပါ။) ဆိုတာကို သိမြင်လိုက်ပါတယ်။ ဒီလိုပါပဲ မြန်မာပြည်ဒီမိုကရေစီတော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုတာကို အလိုချင်ဆုံးသူတွေက နိုင်ငံရေးကို ဘန်းပြလုပ်စားချင်သူတွေနဲ့ ပြည်ပ မြန်မာမီဒီယာတချို့ပါပဲ။ ဘာကြောင့်လည်းဆိုတော့ လူ့အခွင့်အရေးအတွက်မဟုတ်ပဲ အခွင့်အရေးသမားတွေ ဖြစ်နေလို့ပါပဲ။ ဒီယုံမြင်လို့ ဒီခြုံထွင်ချင်နေသူတွေပါ။ ဒါကြောင့် မြန်မာတိုင်းရင်းသားအားလုံး ဘင်္ဂလီနဲ့ပါတ်သက်တဲ့ အရေးကိစ္စမှန်သမျှ အထူး ဂရုပြုစောင့်ကြည့်ပြီး စည်းစည်းလုံးလုံးနဲ့ တုန့်ပြန်ဆောင်ရွက်နိုင်ဖို့ သတိပေးချင်ပါတယ်။
အခု ဘင်္ဂလီအရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို စာရေးသူ ရေးသားရာမှာ ရည်ရွယ်ချက်က မောင်တော ဘူးသီးတောင်ဒေသမှ ဘင်္ဂလီများရဲ့ အကြံအစည် လုပ်ဆောင်ချက်တွေဟာ တိုင်းရင်းသား ရခိုင်လူမျိုးနဲ့ မြန်မာနိုင်ငံတစ်ခုလုံးအပေါ်မှာ အန္တရာယ်ရှိနိုင်တာကြောင့် (သံသယမဟုတ်ပါ) ပြည်သူအများသိရှိနိုင်စေဖို့ မြန်မာနိုင်ငံသားတဦးရဲ့ အမျိုးသားရေးတာဝန်အတိုင်း မှန်မှန်ကန်ကန်နဲ့ တင်ပြခဲ့တာဖြစ်ပါတယ်။ ရှုထောင့်တစ်ခုတည်းကနေ ဆွဲရေးတာမျိုးလည်း မဟုတ်သလို အခု အရေးအခင်းဖြစ်ပေါ်လာမှ ထရေးတဲ့ဆောင်းပါးမျိုးလည်း မဟုတ်ပါဘူး။ ယခင်နှစ်များစွာကပင် မြန်မာပြည်အနှံ့ တာဝန်ထမ်းဆောင်ခဲ့စဉ်ကတည်းက နယ်မြေဒေသ observation လုပ်ပြီး သိရှိထားချက်များအပေါ် အခြေခံကာ ရေးသားတင်ပြထားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ပြည်သူလူထုအားလုံး ဘင်္ဂလီတွေရဲ့စိတ်ဓါတ် အမူအကျင့် အပြုအမူများကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြရပြီးဖြစ်ပါတယ်။ ပြည်တွင်းဘင်္ဂလီခေါင်းဆောင်ပိုင်း၊ နိုင်ငံတကာ ဘင်္ဂလီခေါင်းဆောင်ပိုင်း၊ တဘက်နိုင်ငံနှင့် ဘူးသီးတောင် မောင်တောဒေသခံ ဘာသာရေးခေါင်းဆောင်များ၊ ရွာစဉ်လှည့်နေသော မော်လဝီများ၏ လှုံ့ဆော်သွေးထိုးမူများကြောင့် လက်ရှိအခြေအနေအရတော့ သူတို့အားလုံးသည် ဦးနှောက်အဆေးခံထားရသည့်သူများ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ လူသားအဖြစ် လူသားဆန်ဆန် စာရေးသူအနေနှင့် မြင်ပါသော်လည်း ထိုလူသားများကား မြန်မာနိုင်ငံနှင့် ပြည်သူလူထုအပေါ် တချိန်မှာ ဒုက္ခပေးနိုင်မည့် အန္တရာယ်လူသားများ ဖြစ်လာနိုင်ချေရှိနေသဖြင့် စာရေးသူ ဤမျှသတိပေးရေးသားနေခြင်း ဖြစ်ပါတယ်။
ဘင်္ဂလီတွေရဲ့ အကြောင်းတွေကို မှန်မှန်ကန်ကန် ထုတ်ဖေါ်ကြတဲ့အခါမှာ၎င်း၊ ဘင်္ဂလီတွေရဲ့ လုပ်ဇာတ်ထွင်လိမ်လည်မူတွေနဲ့ ရက်စက်ယုတ်မာမူတွေကို ပြောဆိုကြတဲ့အခါမှာ၎င်း၊ သူတို့ဘက်ကလည်း ယခုအခါ ကမ္ဘာမှာမျက်လှည့်ပြနေတဲ့ သူတို့ရဲ့ဗီဇအတိုင်း သူတို့အကြောင်းအား ရေးသူပြောသူ ဖေါ်ထုတ်သူတွေကို ယဉ်ကျေးမှုမရှိသလိုလို လူ့အခွင့်အရေး နားမလည်သလိုလို တဘက်သတ် ရေးနေသလိုလို ဘာသာရေးတိုက်ပွဲလိုလို ပြန်လည်တုံ့ပြန်ကြပါတယ်။ ဒီိနေရာမှာလည်း ကြားဖြတ်တင်ပြချင်တာတစ်ခုက ဒီနေ့ကမ္ဘာမှာ ပြောပြောနေတဲ့ လူ့အခွင့်အရေးနဲ့ သူတို့ပြောနေလိုချင်နေတဲ့ လူ့အခွင့်အရေး မတူဘူးဆိုတာကိုလည်း သဘောပေါက်စေချင်ပါတယ်။ ဥပမာ မလေးဝန်ကြီးချူပ် Najib Razak ရဲ့စကားလေးကို တင်ပြပါမယ်။ “လူ့အခွင့်အရေးများကို အစ္စလာမ်တရားတော် ဘောင်အတွင်းမှ သတ်မှတ်ပြဌာန်းခြင်းကို ထောက်ခံ” ကြောင်းလည်း ပြောကြားပါတယ်။ “Pluralism၊ Liberalism အစရှိတဲ့ အနောက်တိုင်းဝါဒများဟာ အစ္စလာမ်တရားတော်နဲ့ ဆန့်ကျင်နေပြီး အဲဒီဝါဒတွေကို တိုက်ခိုက်ဖို့ရာ မလုပ်မနေရတာဝန်” ဖြစ်တယ်လို့လည်း ထပ်လောင်းပြောသွားပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလီတွေရဲ့အကြောင်းကို တင်ပြရတဲ့အခါမှာ လူမျိုးရေး ဘာသာရေးလိုလို ဖြစ်သွားတတ်တဲ့အတွက် သတိထားပြီးတော့ အတတ်နိုင်ဆုံး ချောမွေ့အောင် ရေးသားတင်ပြခဲ့ပါတယ်။
စာရေးသူအနေနဲ့တော့ ဘာသာရေး လူမျိုးရေးကို အဓိကမထားပဲ သူတို့ဘာတွေလဲ၊ ဘာတွေလုပ်ခဲ့ကြလဲ၊ ယခုဘာတွေလုပ်နေကြသလဲ၊ နောင်မှာ ဘာတွေကြံစည်လုပ်ကြဦးမှာလဲ၊ မြန်မာနိုင်ငံတော်နဲ့ အမျိုးဘာသာအတွက် ဘယ်လို အန္တရာယ်တွေပေးနိုင်သလဲ ဆိုတာတွေကို ကြိုတင်မျှော်တွေးပြီး အဓိကထား ရေးသားတင်ပြပါတယ်။ လှံဖျား ပုဇဉ်းနား ကျီးကန်းချေးပါတာ မဟုတ်ပါဘူး။ သနပ်ခါးကျောက်ပြင်တစ်ခုကို ကြည့်ပါ။ သနပ်ခါးတုံးနှင့် ပွတ်တိုက်သွေးပြီး ကျောက်ပြင်ရဲ့ မျက်နှာပြင်ဟာ အစားခံနေရတာကိုတော့ ချက်ခြင်းမမြင်နိုင်ပါ။ ကျောက်မျက်နှာပြင် အစားခံနေရတာကိုလည်း ဒီလိုမမြင်နိုင်တော့ ပြောလည်း ယုံချင်မှယုံကြမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာမှ ကျောက်ပြင်ရဲ့ နဂိုက မို့မောက်နေတဲ့ မျက်နှာပြင်ဟာ တတိတိနဲ့ အတိုက်စားခံရပါများသောကြောင့် အလယ်က ချိုင့်သွားတာကိုမြင်ရမှ ကျောက်ပြင်ကို အစားခံရတာသိနိုင်ပါတယ်။ ကျောက်ပြင်မကောင်းတော့ရင် အသစ်ဝယ်လိုက်ရုံပေါ့။ ဒါပေမယ့် လူမြိုလူစားခံရတာကျတော့ အသစ်ဝယ်ပေးလို့မရပါဘူး။ အခုကိုပဲ အင်္ဂလိပ်ခေတ်က ရိုဟင်ဂျာလို့ စာရင်းမရှိတဲ့ လယ်ကူလီနဲ့ ဝင်လာတဲ့ ဘင်္ဂလီတွေက မောင်တော ဘူးသီးတောင်မှာ ၉၀% ကျော် ရှိနေပြီဖြစ်ပါတယ်။ အချို့ဆို အရေးအခင်းဖြစ်လို့ ရခိုင်တိုင်းရင်းသားတွေ အနိုင်ကျင့်ခံရတော့မှ ကျောက်ပြင်စားသွားတာ မြင်မိကြတော့တယ်။ သတိပေးချင်တဲ့ အချက်လေးတစ်ခုပါ။
စာရေးသူအနေနဲ့ ဘာသာရေး လူမျိုးရေး အစွဲတွေကြောင့် ရေးသားတာမျိုး မဟုတ်တာကိုတော့ စာရေးသူ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က ကိုယ်တွေ့ အဖြစ်အပျက်ကလေးတစ်ခုကို ဥပမာပေး တင်ပြချင်ပါသေးတယ်။ ရှေ့တန်း တနေရာမှာ စာရေးသူတို့စစ်ကြောင်း ခေတ္တအခြေပြုမဲ့ နေရာအရောက်မှာ ရှေ့ပွိုင့်ကနေ လူတစ်ယောက် လဲနေတာတွေ့ရကြောင်း သတင်းပို့လာပါတယ်။ ဒါနဲ့ စာရေးသူလည်း စစ်ကြောင်းကို ရပ်လိုက်ပါတယ်။ စစ်တပ်ထုံးစံအတိုင်း လုံခြုံရေးကို အရင်လုပ်ပြီးတာနဲ့ ပွိုင့်ကို တက်သွားပြီးကြည့်တော့ လူတစ်ယောက် ပိန်ချုံးချိနဲ့စွာနဲ့ အားပြတ်ကာ လဲကျနေတာကို တွေ့ရလို့ ပါလာတဲ့ ဆေးအဖွဲ့နဲ့ပဲ ပြုစုပေးလိုက်ပါတယ်။ သူ့ကို လိုအပ်သလို ပြုစုထားခိုင်းပြီး စာရေးသူဟာ စစ်ကြောင်းရုံးကို ပြန်လာခဲ့ပါတယ်။ စီမံဆောင်ရွက်စရာရှိတာတွေကို လုပ်ပြီးတဲ့အခါမှာ စောစောက ပြုစုပေးနေတဲ့ လူဆီကို တခေါက်ပြန်သွားကြည့်တော့ အဲဒီလူက ကတုံးကြီးနဲ့ဖြစ်နေလို့ စာရေးသူ အတော်လေးပဲ အံ့အားသင့်သွားပါတယ်။ ဟေ့…. မင်းတို့ ဘာလို့ သူ့ကို ကတုံး တုံးလိုက်တာလည်းကွလို့ စာရေးသူ မေးလိုက်တော့ တပ်ကြပ်ကြီးတစ်ယောက်က သူ့ခေါင်းမှာ သန်းတွေချည်းပဲခင်ဗျ။ အဲဒါကြောင့် ကတုံး တုံးပေးလိုက်တာပါလို့ ဖြေနေစဉ်မှာပဲ ရဲဘော်တစ်ယောက်က ဒီမှာ ခင်ဗျ ဒီမှာ အများကြီးပဲလို့ လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ မြက်ခင်းအစပ်နားက ဆံပင်အစ တစ်စုထဲမှာကို သန်းများ ကျိကျိတက်နေတာ မြင်လိုက်ရပါတယ်။ စာရေးသူလည်း ရဲဘော်တွေရဲ့ လူသားဆန်မူကို သဘောကျသွားမိပါတယ်။ စာရေးသူတို့ စစ်ကြောင်းပြန်ထွက်တော့ ထိုလူလည်း အတော်လန်းလန်းဆန်းဆန်း ဖြစ်နေပြီမို့ စစ်ကြောင်းနဲ့အတူ ဖေးမခေါ်ဆောင်လာပြီး ကားလမ်းဘေးက ရွာတစ်ရွာကို အရောက်မှာ သူနေခဲ့ပါတယ်။ ပြန်ဖို့ လွယ်ကူသွားလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ရှေ့တန်းမှာ ကျည်ဆံ ဗုန်းသံတွေကြားမှာ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ထိတွေ့တိုက်ခိုက်နေရပေမယ့် အခုလို အပြစ်ကင်းတဲ့ လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တာကိုတော့ အချိန်အတော်ကြာအောင် မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ ဝမ်းသာပီတိလည်း ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း ညအိပ်ခါနီး စိတ်ထဲရည်မှန်းလို့ ဗုဒ္ဓဘုရားကို ရှိခိုးပြီးတိုင်း အမျှဝေတဲ့အခါမှာ အဲဒီ ဇီဝိတဒါန ကုသိုလ်ကို အာရုံပြုပြီး အမျှဝေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလို ဇီဝိတဒါနကို အရမ်းပီတိဖြစ်ရလို့ပါ။ တကယ်လည်း စိတ်စေတနာအပြည့်နဲ့ ကယ်တင်ခဲ့ရလို့ပါ။ အကယ်၍ စာရေးသူတို့စစ်ကြောင်းနဲ့ ထိုသူ မဆုံခဲ့ရင် အဲဒီနေရာမှာ သူထာဝရ ခေါင်းချသွားရတော့မှာပါ။ ဒီလိုအကြောင်းအရာကို ပြန်ပြော ပြန်ရေးဖို့ ယခင်က တခါမှ မစဉ်းစားခဲ့မိပေမယ့် ယခုအကြောင်းဆုံလာလို့ တင်ပြရတာပါ။ သူ့ရဲ့နာမည်ကိုတော့ မေ့နေပါပြီ။ သူဟာ မန္တလေးက မွတ်ဆလင်ဘာသာဝင် လူမျိုးတစ်ဦး ဖြစ်တယ် ဆိုတာကိုတော့ ကောင်းကောင်းမှတ်မိနေခဲ့ပါတယ်။
စာရေးသူတို့ဟာ လူမျိုးဘာသာကို မခွဲခြားပါဘူး။ လူသားချင်းဆိုတဲ့စိတ်ထား အမြဲရှိပါတယ်။ ကိုယ်ချင်းစာတရားလည်း ထားပါတယ်။ လူ့ဝတ္တရားကိုလည်း မပျက်ကွက်ပါဘူး။ ဒါပေမယ့် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက တိုက်ပွဲတွေဖြစ်တိုင်း နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ မမြင်ဖူး မတွေ့ဖူး ရန်မဖြစ်ဖူးကြပေမယ့် စာရေးသူတို့က မသေစေချင်ပေမယ့်လည်း သေစေတတ်တဲ့ သေနတ်တွေ ဗုံးတွေနဲ့ သူသေကိုယ်သေ ရင်ဆိုင် တိုက်ခိုက်နေကြရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူချင်းတူကြပေမယ့် သူတို့ရဲ့ရည်ရွယ်ချက် လုပ်ရပ်တွေ သဘောသဘာဝတွေက မတူညီကြဘူး မဟုတ်လား။ စာရေးသူ ဆိုလိုချင်တဲ့အဓိက ဆိုလိုရင်းက အဲဒါပါ။ စာရေးသူရေးနေတာတွေက လူမျိုးရေး ဘာသာရေး မဆိုင်ပါဘူး။ တဘက်သတ် မတရားရေးသားတာလည်း မဟုတ်ပါဘူး။ လူသားချင်းလည်း စာနာစိတ် အပြည့်ပါပဲ။ ဒါပေမယ့် ယခု တိုင်းရင်းသားရခိုင်လူမျိုးများနဲ့ ဘင်္ဂလီများရဲ့အရေးအခင်းမှာ တိုင်းရင်းသား ရခိုင်လူမျိုးတွေဘက်က မမှားခဲ့ပါဘူး။ ဘင်္ဂလီတွေကသာ တိုင်းရင်းသားရခိုင်များနဲ့ မြန်မာနိုင်ငံအပေါ် သမိုင်းကြောင်းတလျှောက် အမျိုးမျိုး အနှောင့်အယှက်ပေးပြီး ရာဇဝတ်မူ များစွာကိုလည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံများအထိ ယခင်ကာလများစွာကပင် ထိုးဖေါက်ဝင်ရောက်ပြီး ယခုအခါ ပြဿနာကို ပြောင်းပြန်လုပ်ကာ ဘာသာရေး လူမျိုးရေးပုံစံကို ဖန်တီးခဲ့ပါတယ်။ ကုလသမဂ္ဂအပြင် အစ္စလာမ်မစ်နိုင်ငံတွေရဲ့ ဝိုင်းဝန်းဖိအားပေးဖို့အထိ လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့ရဲ့သမိုင်းကြောင်း အလိမ်ကြီးကိုလည်း မရှက်မကြောက် နိုင်ငံတကာ မီဒီယာများကနေ အော်ခဲ့ကြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက် လုပ်ဆောင်ချက်တွေဟာ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် လွန်စွာထိခိုက် နစ်နာစေလွန်းလှပါတယ်။ ဒီလို ဘင်္ဂလီတွေရဲ့လုပ်ရပ်များ အကြံအစည်ဆိုးများကို ဖေါ်ထုတ်သတိပေးဖို့နဲ့ ကာကွယ်ဖို့ မြန်မာနိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ဘင်္ဂလီတွေရဲ့ ဆိုးရွားယုတ်မာတဲ့ ရည်ရွယ်ချက် အကြံအစည်များကို မြန်မာပြည်သူအများ သိရှိ ကာကွယ်နိုင်ဖို့အတွက် ယခုလို ဆောင်းပါးရေးသား တင်ပြနေရခြင်း ဖြစ်ပါတယ်။
အပိုင်း (၈) မစခင် သုံးသပ်မိတာလေးတွေကို ဦးစွာတင်ပြချင်ပါတယ်။ UN အနေနဲ့ ဒေသခံရခိုင်တွေနဲ့ ဥပဒေအရ နေခွင့်ရနေသူ ဘင်္ဂလီတွေရဲ့ သဟဇာတဖြစ်ရေးကို လုပ်မလား၊ ဒါမှမဟုတ် ဒုက္ခသည်အဖြစ် သတ်မှတ်ပြီး တတိယနိုင်ငံ (သို့မဟုတ်) တအားချစ်နေကြတဲ့ မူဆလင်နိုင်ငံတွေကို ပို့ပေးမလား၊ ဒါမှမဟုတ် ဘင်္ဂလီတွေ ခိုးဝင်ချင်သလောက်ဝင် မွေးချင်သလောက်မွေး UNHCR ကလည်း ဘူးသီးတောင်၊ မောင်တောမှာ တစ်သက်လုံး အခြေချပြီး ထောက်ပံ့ကျွေးမွေး၊ ဒီလို အကြံအစည်များ ရှိပါသလား ဆိုတာကို ဝေဖန် သုံးသပ်နေမိပါတယ်။ ဗြိတိန်ကလည်း ရခိုင်နယ်စပ်အရေးကို စိုးရိမ်ပူပန်ကြောင်း အကူအညီပေးလိုကြောင်း ပြောလာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် ဗြိတိန်နိုင်ငံက တချို့အသံလွှင့်ဌာနရဲ့ မီဒီယာစည်းကမ်းမစောင့် လူ့စည်းကမ်းနဲ့ ကိုယ်ကျင့်တရားကို မစောင့်စည်းပဲ မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော် သွေးထိုးပေးနေတာမျိုး နိုင်ငံနဲ့ လူမျိုးစုတစ်ခုလုံးအပေါ်ကို စော်ကားခဲ့တာမျိုးတွေကို အရင် အရေးယူဆောင်ရွက်ပေးရင် ပိုပြီး ဝမ်းသာစရာကောင်းမယ်လို့ သုံးသပ်မိပါတယ်။
အသံလွှင့်ဌာနတွေ အနေနဲ့ ယခင်ကတည်းက အသံလွှင့်ပေါ်လစီလည်း မထိခိုက်အောင် အမှန်တရားကိုလည်း ဖေါ်ထုတ်ရာရောက်အောင် သတင်းအဖြစ်လည်း တင်နိုင်အောင် အမိမြန်မာပြည်အတွက်လည်း တနည်းတဖုံ အကျိုးဖြစ်အောင် နိုင်ငံတကာမှာ သတင်းအမှားတွေကို ဓါတ်ပုံအမှားတွေထည့်ပြီး သွေးထိုးလှုံ့ဆော်နေကြတာတွေကို သတင်းတစ်ခုအဖြစ် တင်ဆက်ခဲ့ရင် မြန်မာပရိသတ်က ဝမ်းပန်းတသာ ကြိုဆိုကြမှာပါ။ သမ္မတဦးသိန်းစိန်အနေနဲ့ VOA နဲ့ တစ်ဦးချင်း အင်တာဗျူးပေးတာဟာ ကြိုးတန်းပေါ် လမ်းလျှောက်နေသလိုပါပဲ။ ဖြစ်သင့်ခဲ့တာက ပြဿနာတွေ စဖြစ်ကတည်းက သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပေးသင့်တာပါ။ ကြိုတင်ပြီး Preemptive မလုပ်နိုင် မပြင်ဆင်နိုင်ခဲ့တဲ့အတွက် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာကင်တာနား၊ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ အိုစီအိုင်ကိုတောင် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ရတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ လေ့လာတယ်ဆိုတဲ့ စကားထက် လာရောက် စစ်ဆေးကြည့်ရှုတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးတောင် အသုံးခံခဲ့ကြရတယ်။ အခုအချိန်မှာတော့ Diplomacy အရ မဖြစ်မနေ ဒီနည်းကိုပဲ ရွေးရတော့မှာပါ။ အကူအညီတွေပေးတာကို လက်သင့်ခံတာနဲ့ ကူညီမူနည်းလမ်းပိုင်းတွေမှာ အစိုးရရဲ့ကြီးကြပ်မူအောက် ကိုင်တွယ်မှုအောက်မှာပဲ ရှိသင့်ပါတယ်။ ဒုက္ခသည် အားလုံးအတွက် ရည်ရွယ်တဲ့ ကူညီထောက်ပံ့မှုမျိုးမှလည်း လက်ခံသင့်ပါတယ်။ နောက်ထပ်ပြီး ဒီရခိုင်နယ်စပ်ဒေသမှာ အဲဒီအစိုးရအဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ထပ်ဝင်လာရင် နယ်စပ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အခက်အခဲတွေ ပိုကြုံတွေ့လာနိုင်ပါတယ်။
Diplomacy အရ လုပ်ကြမှာဖြစ်ပေမယ့် အကျိုးနဲ့အပြစ် ဝေဖန်ကြည့်ရင် အပြစ်ကလည်း များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘင်္ဂလီတွေဟာ တို့နောက်မှာ ကုလရှိတယ်။ မူဆလင်နိုင်ငံတွေရှိတယ်။ တို့ကို မြန်မာအစိုးရ မထိရဲဘူးဆိုတဲ့ စိတ်သဘောထားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပိုမို အတင့်ရဲလာနိုင်ပါတယ်။ ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်ဆိုတဲ့ သမ္မတရဲ့သဘောထားကိုတော့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားသင့်ပါတယ်။ မြန်မာနဲ့နိုင်ငံတကာ လှုပ်ရှားမှု ယှဉ်ပြိုင်နေရတဲ့ အနေအထားမှာ လာရောက်ထိတွေ့မှ တုန့်ပြန်နေတာထက် မြန်မာနိုင်ငံဘက်က ဦးဆောင်ပြီး ပြေုးနိုင်ဖို့ လိုကြောင်းလည်း သုံးသပ်မိပါတယ်။
ဘင်္ဂလီတွေဘက်ကလည်း အရှုံးမရှိတဲ့အလုပ်ကို လုပ်နေကြတာပါ။ မြန်မာပြည်တွင်းမှာ စိတ်တိုင်းကျနေနိုင်မလား တတိယနိုင်ငံပို့မလား ဘယ်လိုမှ အရှုံးမရှိတဲ့ အခြေအနေကို ဖန်တီးနေခဲ့ကြတာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်မယ်ဆိုတာနဲ့ အချိန်ကိုက် လက်ဦးမှုယူပြီး အခွင့်အရေးကို ဖန်တီးလိုက်တဲ့ အကြမ်းဖက် အဖွဲ့တွေနဲ့ဆက်နွယ်နေတဲ့ ဘင်္ဂလီအခွင့်အရေးသမားတွေရဲ့ လှုပ်ရှားမှုက ရောယှက် ပါဝင်လာတာပါ။ ယခု ပြဿနာဖြစ်မလာလည်း ဒီအခွင့်အလမ်းမျိုးကို ဖန်တီးဖို့ ကြံစည်ထားပြီးသား ဆိုတာကိုလည်း အားလုံးသဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလီတွေဘက်က ဆောင်ရွက်သမျှဟာ ဘင်္ဂလီအခွင့်အရေးအတွက်ပဲ ဖြစ်နေမှာပဲ ဆိုတာကို သုံးသပ်မိကြောင်းပါ။
အပိုင်း (၃) ကို
https://www.facebook.com/notes/phota-yoke/%E1%80%98%E1%80%82%E1%81%A4%E1%80%9C%E1%80%AE%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%9C%E1%80%AC%E1%80%B8-%E1%80%9C%E1%80%B0%E1%82%94%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%81%83/4478863251042
ဆက်လက် လေ့လာဖတ်ရှုနိုင်ပါတယ်။ သွားရောက် ဖတ်ရှုဖို့လည်း ကျွန်တော် ကိုဖိုးတရုတ်မှ တိုက်တွန်းလိုပါတယ်။

No comments:
Post a Comment